ပူဖောင်းအလုံးရေ ၅၉၀ ပါဝင်ပါတယ်။
 

ခရစ္စမတ်ကာလမှာ ခရစ္စမတ်အငွေ့အသက်လွှမ်းခြုံနေတဲ့ ဖက်ရှင်အမျိုးမျိုးကို ဆင်ယင်နေကြချိန်မှာ အမေရိကန်သူ မော်လီမန်ရန်ကတော့ ကိုယ်ပိုင်ဖက်ရှင်နဲ့ လန်းနေပါတယ်။ သူမက ပူဖောင်းတွေကို အသုံးပြုကာ ဝတ်စုံတွေ ဖန်တီးနိုင်သူပါ။ သူမရဲ့လက်ရာ ခရစ္စမတ်သစ်ပင်ပုံစံ ပူဖောင်းဂါဝန်က လူတွေကြိုက်နှစ်သက်စရာပါပဲ။

မော်လီရဲ့ဂါဝန်မှာ ပူဖောင်းအလုံးရေ ၅၉၀ ပါဝင်ပါတယ်။ အမြင့်က ၈ ပေခွဲ ရှိပြီး သူမရဲ့အရပ်ထက်ပိုမြင့်တာကြောင့် ဘေးလူရဲ့အကူအညီနဲ့ ဝတ်ဆင်ရပါတယ်။

 

အသက် ၁၅ နှစ်ကတည်းက ပူဖောင်းဖက်ရှင်တွေကို စတင်ပြုလုပ်လာခဲ့သူလို့လည်း သိရပါတယ်။ ဝတ်စုံတစ်စုံကို ပြုလုပ်မယ်ဆိုရင် အရွယ်အစားနဲ့ အစိတ်အပိုင်းရှုပ်ထွေးမှုပေါ်မူတည်ပြီး ၈ နာရီရီကနေ ၁၇ နာရီလောက် ကြာတယ်လို့ မော်လီက ပြောပါတယ်။

Source : ABC

Share

Loading Next Article...
က္က