ဒီအချက်တွေကို လုံးဝမလုပ်မိပါစေနဲ့။
 

၁။ အသားအရေခြောက်သွေ့နေခြင်း

Moisturizer သုံးဖို့မမေ့ပါနဲ့။ ဘယ်လိုအသားအရေမျိုးမဆို ခရင်မ်လိမ်းဖို့ လိုပါတယ်။ Moisturizer သုံးခြင်းအားဖြင့် အသားအရေချောမွေ့ကာ မျက်နှာမှာ အစက်အပြောက်တွေ ထွက်တာလည်း လျော့ပါးသက်စေပေါတယ်။ ဝက်ခြံမထွက်စေတဲ့ ခရင်မ်တွေ သုံးတယ်ဆိုရင် အဲဒီခရင်မ်တွေက အသားအရေ ခြောက်သွေ့စေတဲ့အတွက် အသားအရေကို ရေဓာတ်ပြန်ဖြည့်ပေးဖို့လည်း လိုအပ်ပါတယ်။

၂။ ဝက်ခြံကို မညှစ်ပါနဲ့

ဝက်ခြံကို လုံးဝမညှစ်ပါနဲ့။ ထိတောင် မထိပါနဲ့။ ဝက်ခြံကို ထိကိုင်တာနဲ့ ညှစ်တာဟာ ဝက်ခြံမှာ ဘက်တီးရီးယားဖြစ်ပေါ်လာစေပါတယ်။ ဒါ့အပြင် ဝက်ခြံကို ကိုင်ပြီး မျက်နှာရဲ့တခြားနေရာတွေကို ကိုင်ရင်လည်း ဝက်ခြံတွေ ထပ်ပွားလာနိုင်ပါတယ်။

၃။ ဝက်ခြံပျောက်ခရင်မ်တွေ အလွန်အကျွံသုံးခြင်း

လိုတာထက် ပိုသုံးလည်း ဝက်ခြံက မြန်မြန်မပျောက်ပါဘူး။ မျက်နှာမှာ အမာရွတ်အကြီးကြီးဖြစ်လာတာပဲ အဖတ်တင်ပါလိမ့်မယ်။

 

၄။ ဝက်ခြံကို မိတ်ကပ်တွေ၊ concealer တွေနဲ့ ဖုံးအုပ်ခြင်း

ဝက်ခြံပေါ်မှာ concealer တင်ရင် ဝက်ခြံကို ပိုပြီးထင်ရှားစေပါတယ်။ ဒါ့အပြင် ဝက်ခြံကိုလည်း ပိုမိုကြီးစေနိုင်ပါတယ်။

၅။ Scrub အသုံးများခြင်း

မျက်နှာကို Scrub နဲ့ များများတိုက်ရင် အညစ်အကြေးတွေကုန်သွားမယ်လို့ လူတွေက ထင်နေပါတယ်။ ဒါပေမဲ့ ခဏခဏလုပ်လွန်းရင် အသားအရေ ပျက်စီး ရောင်ရမ်းစေပါတယ်။

၆။ မျက်နှာကို တစ်ချိန်လုံး လက်နဲ့ကိုင်တွယ်နေခြင်း

လက်တွေက နေရာစုံကို ရောက်တတ်တဲ့အတွက် ပိုးမွှားအများဆုံးနေရာပါ။ လက်နဲ့ မျက်နှာကို ခဏခဏထိခြင်းဟာ မျက်နှာပေါ်ကို ပိုးမွှားတွေရောက်ကာ အဖုအပိန့်တွေ၊ ဝက်ခြံတွေ ဖြစ်ပေါ်စေပါတယ်။

 

၇။ မျက်နှာခဏခဏဆေးခြင်း

မျက်နှာကို လိုအပ်တာထက်ပိုဆေးလို့ သန့်ရှင်းသွားမှာမဟုတ်ပါဘူး။ မျက်နှာခဏခဏဆေးလွန်းရင် အသားအရေ ခြောက်သွေ့နိုင်ပါတယ်။ Scrub အသုံးများခြင်းနဲ့ ရလဒ်အတူတူပါပဲ။

Source & Photos : Life

Share

Loading Next Article...
က္က