ဂျင်းတွေကိုလျှော်မယ်ဆို ပြောင်းပြန်လှန်ပြီးမှ လျှော်သင့်ပါတယ်။
 

ကိုယ့်အကြိုက်ဆုံး အဝတ်အထည်တွေနဲ့ တန်ဖိုးကြီးအဝတ်အထည်တွေကို ရေရှည်ဝတ်ဆင်နိုင်ဖို့အတွက် စနစ်တကျ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ သတိမမူမိဘဲ ပြုလုပ်နေမိတာတွေကြောင့်လည်း အဝတ်အစားကောင်းတွေက စောစောစီးစီး ယိုယွင်းပျက်စီးသွားနိုင်တာကြောင့် ဒါလေးတွေကို သတိထားသင့်ပါတယ်။

 

၁။ သိုးမွေးထည်

ဆွယ်တာလိုမျိုး သိုးမွေးထည်တွေကို ချိတ်တွေနဲ့ ချိတ်ဆွဲထားတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ လျှော်ပြီးလှန်းချိန်မှာဆိုရင် ဆွယ်တာနဲ့ရေရဲ့အလေးချိန်ကြောင့် အကျႌက အောက်ကိုရှည်သွားနိုင်ပါတယ်။ ဗီရိုထဲမှာသိမ်းမယ်ဆိုလည်း ခေါက်ပြီးတော့သာ သိမ်းရပါမယ်။

 

၂။ ဘရာကိုစက်နဲ့လျှော်တာ

ဘရာစီယာတွေဆိုတာ သာမာန်အကျႌအဝတ်အစားတွေထက် ပိုပြီးဂရုတစိုက်လျှော်ရမယ့်အရာတွေပါ။ အခြားအဝတ်တွေနဲ့ ဘရာတွေကို ရောပြီး စက်ထဲလျှော်လိုက်မိတဲ့အခါ ဘရာတွေရဲ့ ကျုံ့နိုင်/ဆန့်နိုင်အား ကျသွားလို့ ဝတ်လို့မကောင်းတော့ပါဘူး။ ဘရာတွေကို လက်နဲ့ပဲလျှော်ရပါမယ်။ လှန်းရင်လည်း ပုခုံးကြိုးတွေနဲ့ချိတ်ပြီးမလှန်းပါနဲ့။ အလယ်ကခေါက်ပြီး လှန်းမှ ပုံစံမပျက်မှာပါ။

 

၃။ ဂျင်းတွေကိုလျှော်မယ်ဆိုရင်

ဂျင်းတွေက မကြာခဏလျှော်သင့်တဲ့ အဝတ်အထည်တွေမဟုတ်ပါဘူး။ ဒါပေမဲ့လည်း ညစ်ပတ်နေတဲ့ဂျင်းဘောင်းဘီကိုတော့ ဘယ်သူကများ ဝတ်ချင်မှာတဲ့လဲ။ ဒီတော့ ဂျင်းထည်တွေကိုလျှော်မယ်ဆိုရင် ပြောင်းပြန်လှန်ပြီးမှလျှော်သင့်ပါတယ်။

Source : Women Talks

Share

Loading Next Article...
က္က