စမတ်ကျတဲ့ အဝတ်အစားတွေရှိပြီဆိုမှ ခေတ်စားတဲ့နောက်ကို လိုက်သင့်ပါတယ်။
 

၁ - ခေတ်စားမှု

လက်ရှိခေတ်စားနေတဲ့ ဝတ်ပုံစားပုံနောက်ကို လိုက်တာဖြစ်ပါတယ်။ ကိုယ့်မျက်နှာ ပုံပန်းသဏ္ဌာန်နဲ့ လိုက်ဖက်ပါ့မလားဆိုတာ မချင့်ချိန်ဘဲ ခေတ်စားနေတဲ့ ဆံပင်ပုံစံမျိုးကို လိုက်ညှပ်တာ ဖြစ်ပါတယ်။ တစ်ချိန်လုံး ခေတ်နောက်ကို လိုက်နေစရာ မလိုပါဘူး။ လက်ရှိခေတ်စားတာဟာ နောက်ကျရင် ခေတ်မစားတော့ပါဘူး။

ခေတ်စားတဲ့နောက်ကို လိုက်မယ့်အစား အရင်ဆုံး အရည်အသွေးမြင့် အဝတ်အစားတွေကို ဝယ်ယူတာက သင့်အတွက် ပိုမိုအသုံးဝင်ပါတယ်။ သင်နဲ့ တကယ်လိုက်ဖက်ပြီး စမတ်ကျတဲ့ အဝတ်အစားတွေရှိပြီဆိုမှ ခေတ်စားတဲ့နောက်ကို လိုက်သင့်ပါတယ်။

၂ - အမှတ်တံဆိပ်

10-fashion-mistakes-men-make.jpg 

လက်ရှိခေတ်စားနေတဲ့ ကွာလတီအမှတ်တံဆိပ်တွေနောက် လိုက်တာဖြစ်ပါတယ်။ ဒီလို အမှတ်တံဆိပ်ဝတ်လိုက်မှ သင်က စတိုင်ကျမယ်လို့ထင်ရင်တော့ မှားပါတယ်။ တစ်ချို့တံဆိပ်တွေက ကွာလတီဆိုပေမဲ့ အရည်အသွေးက အဲလောက်မဟုတ်ပါဘူး။ ဒီဇိုင်းတွေက ထူးထူးခြားခြား မရှိပါဘူး။

အရေးကြီးဆုံးက သင်နဲ့ ပုံကျတာကို ရွေးပါ။ လူကြိုက်များအမှတ်တံဆိပ်နဲ့ သင့်လျော်တဲ့ အမှတ်တံဆိပ်ကို ခွဲခြားသိဖို့ အရေးကြီးပါတယ်။

Photos & Source: Lifehack

Share

Loading Next Article...
က္က