နောက်နှစ်မှာ အများဆုံးတွေ့မြင်ရမယ့် စတိုင်တွေဖြစ်ပါတယ်။
 

သင်လည်း ခေတ်မီသူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ဒီလိုဆံပင်စတိုင်တွေ ထားသင့်ပါတယ်။

၁။ အဖြောင့် အလယ်ခွဲ

 

၂၀၁၇ ခုနှစ်မှာ ခေတ်အစားဆုံး ဖြစ်မယ့်စတိုင်ပါ။ ဒါပေမဲ့ သင့်ရဲ့ဆံပင်တွေက ခြောက်သွေ့မနေဘဲ တောက်ပြောင်နေမှသာ လှပမှာ ဖြစ်ပါတယ်။

၂။ ဆံပင်မြင့်မြင့်စည်းနှောင်ခြင်း

 

ဒါကတော့ လွယ်ကူပါတယ်။ ဘယ်လိုဆံပင်စတိုင်မျိုးပဲ ပိုင်ဆိုင်ထားပါစေ ပခုံးလောက်အထိ ဆံပင်ရှည်မယ်ဆိုရင် ဖန်တီးလို့ရပါတယ်။

၃။ အဖြောင့်ကောက်

 

ဆံပင်အဖြောင့်ကောက်ဟာ နောက်ဆုံးပေါ် ဒီဇိုင်းတစ်မျိုး ဖြစ်ပါတယ်။ အခုပြထားတဲ့ ကန်ဒဲလ်ဂျန်နာရဲ့ဆံပင်စတိုင်မျိုးပါ။

၄။ ပိတုန်းရောင်ကေသာ

 

ဆံပင်အနက်ဆိုးခြင်းက ၂၀၁၇ မှာ အရမ်းကို ခေတ်စားပါလိမ့်မယ်။ ရီဟားနားနဲ့ ကင်မ်ကာဒါရှီယန်တို့မှာ မြင်တွေ့နိုင်ပါတယ်။

၅။ တစ်ခြမ်းသိမ်း

 

အလွယ်ဆုံး ဆံပင်စတိုင်များ ဖြစ်နေမလား။ ဆံပင်တွေ အားလုံးယူပြီး တစ်ဖက်ကို ပို့ထားလိုက်ရုံပါပဲ။

၆။ ဆီရွှဲပြီး တောက်ပနေတဲ့ဆံပင်

 

ဒီလိုဆံပင်စတိုင်မျိုးကို ဂျီဂျီဟက်ဒီးနဲ့ ကင်မ်ကာဒါရှီယန်တို့ လုပ်ဖူးပါတယ်။ 2017 Fashion Week တုန်းကလည်း ဒီဆံပင်စတိုင်မျိုးတွေချည်းပဲ ပြုလုပ်ခဲ့ကြတာပါ။

၇။ ရွှေရောင်ဆံပင်

 

ရွှေရောင်နဲ့ ရွှေအိုရောင် ဆံပင်တို့ကတော့ ဘယ်တော့မှ မရိုးနိုင်တဲ့ ဆံပင်ကာလာမျိုးဖြစ်ပါတယ်။ ၂၀၁၇ မှာတော့ ပြန်ပြီးတော့တောင် ခေတ်စားလာပါဦးမယ်။

Source & Photos : Bazaar

Share

Loading Next Article...
က္က