အကြီးလား? အသေးလား? လုံးလုံးဝိုင်းဝိုင်းလား?
 

အမျိုးသမီးတွေရဲ့ ရင်သားအလှဟာ ဆန့်ကျင်ဘက်လိင်ဖြစ်တဲ့ အမျိုးသားတွေကို ဆွဲဆောင်နိုင်တဲ့အရာပါ။ ဘယ်လိုရင်သားပုံစံမျိုးကိုမှ အမျိုးသားတွေက ပိုပြီးသဘောကျနှစ်သက်သလဲ ဆိုတာကိုတော့ သုတေသနတစ်ခုက ဖော်ထုတ်ခဲ့ပါတယ်။ ယခင်တုန်းကတော့ အမျိုးသားတွေဟာ ရင်သားကြီးတဲ့ အမျိုးသမီးတွေကို ပိုပြီးသဘောကျတယ်လို့ မှတ်ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီလေ့လာဆန်းစစ်မှုအရတော့ အမျိုးသားတွေအကြိုက် ရင်သားပုံစံဆိုတာ ယခင်က မှတ်ထင်သလိုမဟုတ်ခဲ့ပါဘူး။

 

Prague's Charles တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူမှုအရ အမျိုးသားတွေဟာ အမျိုးသမီးတွေမှာရှိတဲ့ ခပ်ထွားထွား ကြီးမားတဲ့ ရင်သားတွေထက် တင်းရင်းတဲ့ရင်သားတွေကိုသာ ပိုပြီးနှစ်သက်သဘောကျတယ်လို့ ဆိုပါတယ်။ ပုံမှန်အရွယ်အစားရှိပြီး တင်းရင်းတဲ့ ရင်သားတွေကသာ သူတို့ကိုပိုပြီး ဆွဲဆောင်နိုင်တယ်လို့ နိုင်ငံလေးနိုင်ငံက အမျိုးသားတွေက ပြောပါတယ်။ Prague's Charles တက္ကသိုလ်ရဲ့ သုတေသီတွေဟာ ဘရာဇီး၊ ကင်မရွန်း၊ ချက်ဇ်နဲ့ နမ်မီဘီးယားနိုင်ငံက အမျိုးသား ၂၆၇ ဦးကို အမျိုးသမီးတွေရဲ့ ရင်သားတွေကိုရိုက်ထားတဲ့ ဓာတ်ပုံတွေပြပြီး စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။

 

ရင်သားကြီးတဲ့ အမျိုးသမီးတွေမှာလည်း အားသာချက်တစ်ခု ရှိပါတယ်။ သန္ဓေအောင်နိုင်စွမ်း မြင့်မားတာပါ။ ဒီသုတေသနရဲ့ ရလဒ်အကြောင်းကိုတော့ Evolution and Human Behaviour ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

Source : Mail Online

Share

Loading Next Article...
က္က