ဘယ်တိုင်းပြည်မှာမှ မရှိတဲ့ မြန်မာ့ကြက်ဖခွပ်နည်းဟာ အမျိုးသမီးများရဲ့ကိုယ်လုံးအလှကို အလွန်လှပသွားစေနိုင်သော နည်းကောင်းတစ်ခုဖြစ်တယ်ဆိုတာ သင်သိပါသလား။

Photo - Myanmar Life



ရှေးမြန်မာလူမျိုးများဟာ အလွန်ဉာဏ်ကောင်းကြတယ်လို့ဆိုနိုင်ပါတယ်။ အထူးသဖြင့် ငယ်ရွယ်နုနယ်သော ကလေးအရွယ်တွင် ကြက်ဖခွပ်ကြတဲ့ မြန်မာမိန်းကလေးများဟာ တဖြည်းဖြည်းအပျိုဖော်ဝင်လာလေ၊ ခါးသေးရင်ချီပြီး ကိုယ်လုံးကိုယ်ပေါက်လှလာလေ ဖြစ်ကြပါတယ်။ ကြက်ဖခွပ်ခြင်းကြောင့် သွားရလာရလည်း သွက်လက်ပေါ့ပါးစေပြီး ဗိုက်မှအဆီများကို ချေပေးသလိုဖြစ်စေတာမို့ အဆီကျစေတဲ့ မြန်မာ့ရိုးရာအားကစားဖြစ်ပါတယ်။



ကြက်ဖခွပ်တဲ့အခါ ဆောင့်ကြောင့်ထိုင်ပြီး ဘယ်ညာဒူးနှစ်ဖက်ကို နှိမ့်လိုက်၊ မြှင့်လိုက်ဖြင့် အတွင်းမှ အပြင်၊ အပြင်မှ အတွင်းသို့ ခြေတစ်ဖက်စီကို အသုံးပြုကာ ထိုင်လျက်ခုံရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ အဲဒီ အနေအထားအတိုင်း အကြာဆုံးခုံနိုင်တဲ့သူက အနိုင်ရတဲ့ ထုံုးစံရှိတာမို့ မိမိနဲ့အတူ ဆော့ဖော်ဆော့ဖက်များနှင့် သူနိုင်ကိုယ်နိုင် အားနဲ့ ပေါင်၊ခြေသလုံးမှ ကြွက်သားတွေ တောင့်တင်းသွားသည်အထိ ခွပ်ရတာဖြစ်ပါတယ်။ ဒီလို ခန္ဓာအနေအထားကြောင့် ခါးမှအဆီများလည်း ကျေပြီး တင်ပါးဆုံများကိုလည်း ဘေးကိုစွင့်ကားစေပါတယ်။

Photo - Ei Chaw Po Facebook

 

သင်တကယ်လှချင်ရင်တော့ သင့်ရဲ့နေ့စဉ်လေ့ကျင့်ခန်းတွေထဲမှာ ကြက်ဖခွပ်နည်းကိုပါ ထည့်သွင်းဖို့ အကြံပြုပါရစေ။ ကြက်ဖခွပ်ပြီး လှလာတဲ့သူတွေ မျက်မြင်ကြုံတွေ့ဖူးတာမို့ ဇွဲရှိရှိနဲ့ကြိုးစားဖို့တော့ လိုပါမယ်။ မြန်မာ့ရိုးရာ ကြက်ဖခွပ်နည်းကို မြန်မာပီပီ ဂုဏ်ယူပြီး ကစားကြခြင်းဖြင့် ကိုယ်လုံးအချိုးအစား ကြွရွလှပတဲ့ မြန်မာမိန်းမလှလေးများဖြစ်လာစေဖို့ ရည်ရွယ်လိုက်ပါတယ်။

Share

Loading Next Article...
က္က