မိတ်ကပ်လိမ်းတဲ့ပစ္စည်းတွေ မသန့်စင်တဲ့အခါ မျက်နှာမှာ ဝက်ခြံထွက်လာတာတွေ၊ အဆီပြန်ကြမ်းတမ်းတာတွေ ဖြစ်လာပြီး မိတ်ကပ်လိမ်းလို့လည်း မကောင်းတော့ပါဘူး။
 

မျက်နှာလှလှလေးရဖို့ မိတ်ကပ်တွေလိမ်းခြယ်ကြပေမဲ့ မိတ်ကပ်လိမ်းတဲ့ ပစ္စည်းတွေကို သန့်စင်ဖို့ကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ မိတ်ကပ်လိမ်းတဲ့ပစ္စည်းတွေကို သန့်စင်ဆေးကြောဖို့ မပျင်းပါနဲ့။ မဟုတ်ရင် ဘက်တီးရီးယားတွေ ကပ်ငြိပြီး မျက်နှာပေါ်မှာ ဝက်ခြံတွေပေါက်နိုင်သလို အသားအရေကိုလည်း ပျက်စီးစေနိုင်လို့ပါ။ မိတ်ကပ်လိမ်းတဲ့ ရေမြှပ်လေးတွေကို ဘယ်လိုဆေးကြောမလဲ ကြည့်ရအောင်။

 

ရေနွေးနဲ့ ဆပ်ပြာတောင့်ကို သုံးပါမယ်။ ဓာတုပစ္စည်း နည်းပါးတဲ့ သဘာဝဆပ်ပြာကိုသာ ရွေးဖို့လိုပါတယ်။ ဆပ်ပြာပြင်းတွေကြောင့် မျက်နှာကြမ်းတမ်းသွားပါလိမ့်မယ်။ ပထမဆုံးအနေနဲ့ မိတ်ကပ်လိမ်းတဲ့ကြက်ဥလေးကို ရေဆွတ်လိုက်ပါ။ ဆပ်ပြာတောင့်ပေါ်မှာ ရေမြှုပ်လေးကို ပွတ်တိုက်ပါ။ ရေနွေးနဲ့စိမ်ပြီး ဆေးလိုက်ရင် မိတ်ကပ်အကြွင်းအကျန်တွေကြောင့် ညစ်နေတဲ့ဆပ်ပြာမြှုပ်တွေ ထွက်လာပါလိမ့်မယ်။ ဆပ်ပြာတောင့်ကို မသုံးချင်ဘူးဆိုရင်တော့ ကလေးသုံးဆပ်ပြာလို ဆပ်ပြာရည်အပျော့စားလေးနဲ့ဆေးလည်း ရပါတယ်။

 

တစ်ကြိမ်တည်းဆေးရုံနဲ့တော့ မရပါဘူး။ ရေမြှုပ်လေးမှာကပ်နေတဲ့ ဆပ်ပြာမြှုပ်တွေ ဖြူဖွေးသန့်စင်လာတဲ့အထိ ထပ်ခါထပ်ခါ ဆေးကြောပေးရပါမယ်။ ဆပ်ပြာမြှုပ်တွေ ဖြူဖွေးသွားတယ်ဆိုတာ ကြေးတွေစင်သွားတယ်ဆိုတဲ့သဘောပါပဲ။ သန့်ရှင်းခြောက်သွေ့တဲ့ အဝတ်လေး (ဒါမှမဟုတ် တစ်ရှုး)နဲ့ ဆုပ်နယ်ပြီး အခြောက်ခံထားလိုက်ရုံပါပဲ။

Source : Nikkie

Share

Loading Next Article...
က္က