ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖို့တော့ လိုအပ်ပါတယ်။
 

ဘီးကို အမြဲတမ်းသန့်ရှင်းအောင်ထားဖို့လိုတဲ့ အကြောင်းရင်းထဲမှာ အရေပြားကျန်းမာရေးအတွက်လည်း ပါဝင်ပါတယ်။ ဘယ်လိုဘီးမျိုးကို အသုံးပြုနေတာဖြစ်ပါစေ ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖို့တော့ လိုအပ်ပါတယ်။

အရေပြားဆိုင်ရာ ခွဲစိတ်ဆရာဝန် ဆီဂျယ်ရှာ့ကတော့ ကိုယ့်ရဲ့အခြားအလှပြင်ပစ္စည်းတွေလိုပဲ ဘီးကိုလည်း သန့်ရှင်းအောင်ထားသင့်တယ်လို့ ဆိုပါတယ်။ ဘီးမှာ ဖုန်တွေ၊ အရေပြားဆဲလ်သေတွေနဲ့ ဆီတွေကပ်ငြိမ်နေတာကြောင့် သန့်ရှင်းဖို့လိုပါတယ်။ သန့်ရှင်းမှုမရှိတဲ့ဘီးကို ထပ်တလဲလဲအသုံးပြုတဲ့အခါ အရေပြားကိုပါ ထိခိုက်စေပြီး ဘက်တီးရီးယားတွေ ကပ်ငြိနိုင်တယ်လို့ ဒေါက်တာဆီဂျယ်က သတိပေးပါတယ်။

 

ပလတ်စတစ်ဘီးတွေကို သုံးသူတွေအနေနဲ့ လစဉ်လတိုင်း ရေနွေး၊ ဆပ်ပြာတို့နဲ့စိမ်ပြီး သန့်ရှင်းရမှာဖြစ်ပါတယ်။ သစ်သားနဲ့လုပ်ထားတဲ့ဘီးတွေကို သုံးရင်တော့ ရေနွေးနဲ့စိမ်ရမယ့်အစား ရေလောင်းပြီးဆေးတာမျိုးက ပိုကောင်းပါတယ်လို့လည်း အကြံပေးထားပါတယ်။

Source : The Sun

Share

Loading Next Article...
က္က