ခဏခဏ လျှော်မယ်ဆိုရင်တော့ ဦးရေပြားက လိုအပ်နေတဲ့အဆီတွေပါ ဖယ်ရှားလိုက်သလို ဖြစ်သွားမှာပါ။
 

၁ - ခေါင်းလျှော်ရည်  အသုံးများတာ

ခေါင်းလျှော်ရည်ကို နေ့စဉ် မသုံးသင့်ပါဘူး။ ခေါင်းလျှော်ရည်ရဲ့ တကယ့်လုပ်ဆောင်ချက်က ခေါင်းမှာရှိတဲ့ အဆီပိုတွေ၊ အညစ်အကြေးတွေကို ဖယ်ရှားဖို့ ဖြစ်ပါတယ်။ သုံးရက်တစ်ခါလောက်လျှော်ပေးရင်ကို လုံလောက်ပါတယ်။ ခဏခဏ လျှော်မယ်ဆိုရင်တော့ ဆံပင်တွေ၊ ဦးရေပြားတွေ ခြောက်သွေ့ကုန်မှာဖြစ်ပြီး ဦးရေပြားက လိုအပ်နေတဲ့အဆီတွေပါ ဖယ်ရှားလိုက်သလို ဖြစ်သွားမှာပါ။ ဒီအခါ ခြောက်ကပ်နေတဲ့ ဦးရေပြားမှာ ဗောက်တွေ ဖြစ်ပွားလာမှာပါ။

၂ - ခေါင်းလျှော်ရည်အသုံးနည်းတာ

 

 ခေါင်း သိပ်မလျှော်တာကလည်း မကောင်းပါဘူး။ သင်သုံးတဲ့ ခေါင်းလိမ်းဆီတွေ၊ ဆံပင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေဟာ မွှေးညှင်းပေါက်မှာ ပိတ်ဆို့မှုတွေဖြစ်လာပြီး ဗောက်တွေ ထလာနိုင်ပါတယ်။

၃ - အဟာရ

 

အစားအသောက်ကြောင့်လည်း ဗောက်တွေ ဖြစ်ပေါ်တတ်ပါတယ်။ ဇင့်နဲ့ ဗီတာမင်ဘီ ပါတဲ့ အစားအသောက်တွေကို လုံလုံလောက်လောက်မစားသူတွေဟာ ဦးရေပြားမှာ ဗောက်ပိုဖြစ်လေ့ရှိပါတယ်။

၄ - ခေါင်းလိမ်းဆီနဲ့ ဆံသားအလှပြင်ပစ္စည်းများ

 

ခေါင်းလိမ်းဆီနဲ့ ဆံသားအလှပြင်ပစ္စည်းတွေကြောင့်လည်း ဗောက်ထတတ်ပါတယ်။ မတည့်တဲ့ ပစ္စည်းတွေဆို ဦးရေပြား ယားယံနေတတ်ပြီး ခဏလေးအတွင်း ဗောက်တွေ အလွယ်တကူ ဖြစ်ပေါ်လာတတ်ပါတယ်။

၅ - သကြား

 

သကြားစားများတဲ့အခါ သွေးတွင်း သကြားဓာတ်မြင့်တက်လာပြီး လူအချို့မှာ ဗောက်ဖြစ်ပွားမှုဟာ ပိုမိုများပြာလာပါတယ်။

Photo & Source:GQ, The Science Of Eating

Share

Loading Next Article...
က္က