အချိုးအစား ဟန်ချက်ညီနေဖို့ အရေးကြီးပါတယ်။
 

အမေရိကန် အမျိုးသမီးဖက်ရှင်အမှတ်တံဆိပ် Lane Bryant ဟာ ခန္ဓာကိုယ်ပြည့်ပြည့်ဖြိုးဖြိုး အမျိုးသမီးတွေအတွက် အဝတ်အထည်တွေကို ထုတ်လုပ်နေတာဖြစ်ပါတယ်။  Lane Bryant ရဲ့ ဒီဇိုင်နာတစ်ဦးက ခန္ဓာကိုယ်ပြည့်ဖြိုးတဲ့ အမျိုးသမီးတွေအတွက် လိုက်ဖက်မယ့်ဖက်ရှင်တွေကို ခုလိုပဲ အကြံပေးထားပါတယ်။



၁။ စည်းမျဉ်းအဟောင်းတွေကိုမေ့လိုက်

တကယ်လို့များ ခန္ဓာကိုယ်အလေးချိန်က ပေါင် ၁၈၀ နဲ့အထက် ဆိုရင်တော့ ကန့်လန့်စင်းတွေ၊ ပခုံးကိုဖုံးထားမယ့်အရာတွေကိုရှောင်မိမှာပါ။ ကိုယ့်ကိုပိုပြီးဝသယောင် ဖြစ်စေမယ့်ကန့်လန့်စင်းတွေကို ရှောင်ရမယ့်စည်းမျဉ်းကိုခေါက်လိုက်ပါတော့။ လက်ပြတ် jumpsuit တွေ၊ စီးကွင့်ပါတဲ့စကတ်တွေကိုလည်း ဝတ်ကြည့်သင့်ပါတယ်။

 

၂။ အချိုးအစားကအရေးကြီး

ခြေတံရှည်တဲ့အသွင် ဖြစ်ချင်ပါသလား? ခါးဆစ်ရိုးအထက်မှာဝတ်ရတဲ့ စကတ်မျိုးကို ရွေးလိုက်ရုံပေါ့။ ပြီးတော့ အပေါ်ပိုင်းမှာ ဂျက်ကတ်တိုလေးတစ်ထည်လောက် ထပ်ဝတ်လိုက်ရင် ရပါပြီ။ အပေါ်အောက် အချိုးအစား ဟန်ချက်ညီနေဖို့ အရေးကြီးပါတယ်။

၃။ ပစ္စည်းကောင်းကောင်း

ဈေးကြီးတာရယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမဲ့ ဈေးပေါတာကိုရွေးပြီးမှ ကိုယ့်အလှပျက်သွားတာမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ အရည်အသွေးကောင်းတဲ့ပစ္စည်းကိုသာဝယ်ပါ။ ဥပမာ ကွာလတီကောင်းတဲ့ ခါးပတ်ပြားကြီးကြီးတွေက အတွင်းဖက်မှာ ကျုံ့နိုင်ဆန့်နိုင်တဲ့သားရေကြိုးကောင်းကောင်း မြှုပ်ထားလို့ အရွယ်အစားမတူညီတဲ့ ခါးတိုင်းနဲ့ အဆင်ပြေပါတယ်။

 

၄။ အမျိုးသမီးတွေရဲ့အမြင်

လူမှုကွန်ရက်တွေရှိနေခြင်းရဲ့ ကောင်းကျိုးတစ်ခုကတော့ ကိုယ်သိချင်တာတွေကို လူချင်းမဆုံဘဲ ဆွေးနွေးလို့ရတာပါပဲ။ မိန်းကလေးတွေချည်းပဲပါဝင်တဲ့ ဖေ့စ်ဘွတ်ဂရုထဲမှာ ကိုယ့်ဖက်ရှင်တွေနဲ့ပတ်သက်ပြီး တိုင်ပင်လို့ရတယ်မဟုတ်လား။

Source : Glamour


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က