စိန်ထည်တွေကို သွားတိုက်ဆေးနဲ့ပွတ်တိုက်သန့်စင်တဲ့အခါ တလက်လက် တောက်ပလာပါလိမ့်မယ်။
 

အဖိုးတန် လက်ဝတ်ရတနာတွေဟာ ဘယ်လောက်ပဲ တောက်ပတယ်ဆိုဦးတော့ ဝတ်ဆင်ပါများလာတဲ့အခါ အရောင်တောက်ပမှု လျော့သွားတယ်လေ။ ချွေးတွေ၊ မိတ်ကပ်တွေနဲ့ ထိတွေ့ပါများတဲ့အခါ တောက်ပမှုနည်းလာခြင်း ဖြစ်ရတာပါ။ ဆိုင်မှာသွားပြီး ဆေးကြောအရောင်တင်ဖို့ အချိန်မရှိသူတွေအတွက် အိမ်မှာပဲ လက်ဝတ်ရတနာတွေ ဆေးကြောနိုင်မယ့်နည်းတွေကို ဖော်ပြလိုက်ပါတယ်။

 

၁။ မှန်ကြည်ဆေး

စိန်တို့၊ ပတ္တမြားတို့လို သိပ်သည်းဆများတဲ့ ကျောက်မျက်ရတနာတွေသာမက ရွှေထည် ငွေထည်တွေကိုလည်း ဆေးနိုင်ပါတယ်။ မှန်ကြည်ဆေးကိုဖြန်းပြီး သွားတိုက်တံနဲ့ ပွတ်တိုက်ပေးရုံပါပဲ။ အလင်းမဖောက်နိုင်တဲ့ သဘာဝတွင်းထွက်ကျောက်တွေနဲ့ ပုလဲတွေကိုတော့ ဒီနည်းနဲ့ သန့်စင်လို့မရပါဘူး။ အရောင်မှိန်သွားစေနိုင်လို့ပါ။

 

၂။ ရှာလကာရည်

ငွေထည်တွေကို ပြန်ပြီးတောက်ပဖို့အတွက် ရှာလကာရည်ကို သုံးနိုင်ပါတယ်။ ရိုးရိုးရှာလကာရည်အဖြူ ၁၅၀ မီလီလီတာကို မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်း ၂ ဇွန်းနဲ့ရောပြီး ငွေထည်တွေကို ၃ နာရီကြာ စိမ်ထားပေးရပါမယ်။ ပြီးမှ ရေအေးအေးနဲ့ ပြန်ဆေးပြီး အဝတ်ခြောက်လေးနဲ့သုတ်လိုက်ရင် ငွေထည်တွေ လင်းလက်လာပါလိမ့်မယ်။

 

၃။ သွားတိုက်ဆေး

စိန်ထည်တွေကို သွားတိုက်ဆေးနဲ့ပွတ်တိုက်သန့်စင်တဲ့အခါ တလက်လက် တောက်ပလာပါလိမ့်မယ်။ သွားတိုက်ဆေးတွေ မကျန်အောင်တော့ ရေနဲ့သေသေချာချာဆေးပါ။

 

၄။ ဘီယာ

ရွှေထည်သီးသန့် (အခြား ဘယ်ကျောက်နဲ့မှ မရောထားတာမျိုး)ကို သန့်စင်ဆေးကြောမယ်ဆိုရင်တော့ ဘီယာကို ရွှေထည်ပေါ်လောင်းချပေးလိုက်ပါ။ အဝတ်နုလေးနဲ့ ပွတ်တိုက်လိုက်ရင် ရပါပြီ။

 

၅။ ကလပ်ဆိုဒါ

စိန်၊ ပတ္တမြား၊ နီလာနဲ့ မြထည် လက်ဝတ်ရတနာတွေကိုတော့ ကလပ်ဆိုဒါထဲမှာ စိမ်ထားရုံနဲ့ တောက်ပလာတာကို တွေ့ရပါလိမ့်မယ်။ တစ်ညလောက်တော့ စိမ်ထားပေးမှာဖြစ်ပါတယ်။

Source : RD

Share

Loading Next Article...
က္က