ဆံပင်သန်စွမ်းချင်ရင်တော့ ဒါတွေကို လုပ်ကြည့်နိုင်ပါတယ်။
 

ဆံကေသာရဲ့ ကောင်းခြင်းဟာလည်း အမျိုးသမီးတစ်ဦးရဲ့အလှကို များစွာသက်ရောက်မှု ဖြစ်ပေါ်စေပါတယ်။ ဆံပင်ကောင်းတဲ့မိန်းကလေးတွေကိုဆိုရင် လူတိုင်းငေးကြည့်ရတယ်လေ။ ဆံပင်ပါးတဲ့ အမျိုးသားတွေဆိုရင်လည်း ဆံပင်ထူထဲသန်စွမ်းဖို့ ဆေးပေါင်းစုံအောင်ကို လိမ်းကြပါတယ်။ သဘာဝနည်းနဲ့ ဆံပင်သန်စွမ်းချင်ရင်တော့ ဒါတွေကို လုပ်ကြည့်နိုင်ပါတယ်။

 

၁။ ကြက်သွန်နီ

ကြက်သွန်နီကို အရည်ရအောင်ကြိတ်ပါ။ ရလာတဲ့အရည်ကိုပဲ ဦးရေပြားပေါ်မှာ လိမ်းထားပေးမယ်ဆိုရင် ဆံပင်တွေနက်မှောင်သန်စွမ်းလာပါလိမ့်မယ်။ တစ်ကြိမ်လိမ်းထားပြီးရင် အနည်းဆုံး ၁ နာရီလောက်တော့ ထားပေးရပါမယ်။ ဒါမှမဟုတ်ရင်လည်း ညမအိပ်ခင်လိမ်းထားပေါ့။ မနက်မှ ခေါင်းပြန်လျှော်လိုက်လို့လည်း ရပါတယ်။ ဒီနည်းကို တစ်ပတ်နှစ်ကြိမ် ပြုလုပ်ပေးရပါမယ်။

 

၂။ ပျဉ်းတော်သိမ်ရွက်နဲ့ဒိန်ချဉ်

ပျဉ်းတော်သိမ်ရွက်လက်တစ်ဆုပ်စာကို ရေဆေးပြီး အနှစ်ပုံစံရအောင် ကြိတ်လိုက်ပါ။ ခွက်တစ်လုံးထဲမှာ ပျဉ်းတော်သိမ်ရွက်အနှစ်နဲ့ ဒိန်ချဉ်တစ်ခွက်ကို ရောစပ်ပြီး ဆံပင်အရင်းကနေ အဖျားအထိ လိမ်းပေးရပါမယ်။ နာရီဝက်ကြာတဲ့အခါ ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ။ တစ်ပတ်တစ်ကြိမ်လုပ်ပေးရုံနဲ့ ဆံပင်တွေသန်လာစေပါတယ်။

Source : Style Crazy

Share

Loading Next Article...
က္က