ကိုရီးယားဇာတ်ကားတွေမှာဆိုရင် မျက်နှာသစ်ပြီး တစ်ခုခုလိမ်းကြတာကို သတိထားမိမယ်ထင်ပါတယ်။
 

ကိုရီးယားဇာတ်ကားတွေ ကြည့်လိုက်တိုင်း မင်းသမီး၊ မင်းသားတွေသာမက အရံသရုပ်ဆောင်တွေကအစ ရုပ်ရည်ရော အသားအရည်ပါ လှပနေကြတာကို တွေ့ရမှာပါ။ တောင်ကိုရီးယားနိုင်ငံဟာ အလှအပအတွက် မျက်နှာကိုခွဲစိတ်ပြုပြင်ရာမှာ နာမည်ကြီးတဲ့နိုင်ငံလည်း ဖြစ်တာကြောင့်လည်း ပါဝင်ပါတယ်။ ဒါပေမဲ့ အသားအရေ ကြည်လင်လှပတာကတော့ သဘာဝအတိုင်း လှပနေကြတာပါ။ ဒီ လိုလှပအောင်လည်း အတော်ဂရုစိုက်ထိန်းသိမ်းကြပါတယ်။

၁။ Skincare

ကိုရီးယားတွေဟာ ကလေးဘဝတည်းက အသားအရေကို ဂရုစိုက်ထိန်းသိမ်းဖို့ မိဘတွေထံကနေ သင်ယူခဲ့ကြရတာပါ။ အသားအရေအတွက် ကောင်းမွန်စေမယ့် အလှကုန်ပစ္စည်းတွေကိုလည်း ကျား၊မ မရွေး ဝယ်ယူသုံးစွဲကြပါတယ်။

၂။ နှစ်ကြိမ်သန့်စင်ဆေးကြောခြင်း

မျက်နှာသစ်တဲ့အခါ နှစ်ကြိမ်သစ်ပါတယ်။ ပထမအဆင့်မှာ ဆီအနည်းငယ်ပါတဲ့ မိတ်ကပ်ဖျက်ဆေးနဲ့ မိတ်ကပ်တွေကိုဖျက်ပြီး ရေကြက်သီးနွေးလေးနဲ့ သစ်ပါတယ်။ ဒုတိယအဆင့်မှာတော့ ဆပ်ပြာအပျော့စား ပါဝင်တဲ့ မျက်နှာသစ်ဆေးနဲ့သစ်ကာ လက်ချောင်းလေးတွေနဲ့ မျက်နှာကို စက်ဝိုင်းပုံနှိပ်နယ်ပြီးမှ မျက်နှာသစ်ပါတယ်။

Exfoliating.jpg 

၃။ ကြေးချွတ်ခြင်း (Exfoliating)

မျက်နှာကို သန့်စင်ရုံသာမက ကြေးချွတ်ဖို့ကိုလည်း မပျင်းရိကြပါတယ်။ မျက်နှာသစ်ရုံနဲ့ ကုန်စင်မသွားတဲ့ အညစ်အကြေးတွေဟာ ချွေးပေါက်ပိတ်စေတယ်လေ။ ဒါကြောင့် အရေပြားဆဲလ်သေတွေဟာ မျက်နှာပေါ်မှာကပ်ငြိသွားပါတယ်။ မျက်နှာကို ကြေးချွတ်သန့်စင်ပေးမှ ကြေးနဲ့ ဆဲလ်သေတွေ စင်သွားမှာပါ။ နေ့တိုင်းလုပ်ဖို့တော့ မလိုပါဘူး။

၄။ တိုနာ (Toner)

မျက်နှာသန့်စင် ဆေးကြောပြီးတိုင်း တိုနာကို လိမ်းပေးရပါတယ်။ တိုနာလိမ်းမှ အရေပြားက အစိုဓာတ်ကိုပိုမိုစုပ်ယူနိုင်မှာပါ။ အသားအရေကို ကျန်းမာစေဖို့ ဖြည့်တင်းပေးပါတယ်။ ကြေးချွတ်လို့ ကျယ်သွားတဲ့ချွေးပေါက်တွေကိုလည်း ပြန်ညှိပေးပါတယ်။

၅။ အစိုဓာတ်ဖြည့်တင်းခြင်း

တိုနာလိမ်းပြီးတာနဲ့ နောက်တစ်ဆင့်ကတော့ နို့ရည် (ဒါမှမဟုတ်) အစိုဓာတ်ဖြည့်တဲ့ခရင်မ်တစ်ခုခု လိမ်းတာပါပဲ။ ဒါကိုလည်း မျက်နှာသစ်ပြီးတိုင်း လုပ်ကြပါတယ်။ ကိုရီးယားဇာတ်ကားတွေမှာဆိုရင် မျက်နှာသစ်ပြီးတဲ့အခါ တစ်ခုခုလိမ်းကြတာကို သတိထားမိမယ်ထင်ပါတယ်။

Natural-Face-Masks.jpg 

၆။ ပေါင်းတင်ကပ်ခွာ

ပေါင်းတင်ကပ်ခွာတွေက အသုံးပြုရလည်း လွယ်ပါတယ်။ အသားအရေ နုပျိုလှပစေဖို့ အလွယ်ကူဆုံးပေါင်းတင်နိုင်တဲ့အရာတွေပါ။ နာမည်ကျော်မင်းသမီး အွန်စော (ဆောင်းဟေကျို) ကလည်း ပေါင်းတင်ကပ်ခွာတွေကို အမြဲတမ်းတယ်လို့ သူမရဲ့အလှအပလျှို့ဝှက်ချက်ကို ဖွင့်ဟထားလေရဲ့။

၇။ နေရောင်ကာလူးဆေး

အလှအပကိုနှစ်သက်တဲ့ ကိုရီးယားတိုင်းနီးပါးက နေရောင်ကာလူးဆေး မလူးဘဲနဲ့ အပြင်မထွက်ပါဘူး။ နေရောင်က တင်းတိပ်၊ မှဲ့ခြောက်တွေ ဖြစ်စေပြီး အသားအရေကို ရင့်ရော်စေတယ်လေ။

၈။ မျက်လုံးအတွက်ခရင်မ်

မျက်လုံးတဝိုက်က အသားအရေဟာ အရမ်းကိုနူးညံ့ပါတယ်။ မျက်နှာကိုလိမ်းတဲ့ခရင်မ်တွေလိမ်းရုံနဲ့ မလုံလောက်ပါဘူး။ ဒါကြောင့်မို့လို့ ကိုရီးယားတွေက မျက်လုံးအတွက်သီးသန့်ထုတ်ထားတဲ့ eye cream ကို ညမအိပ်မီ လူးကြပါတယ်။

Proper-Diet.jpg 

၉။ အစားအသောက်

အသားအရေလှပခြင်းဟာ အစားသောက်နဲ့လည်း တိုက်ရိုက်သက်ဆိုင်ပါတယ်။ မိသားစုထမင်းဝိုင်းမှာ အသီးအရွက်တစ်မျိုးမျိုး ပါနေတတ်ပြီး သစ်သီးကိုလည်း နေ့စဉ်စားကြပါတယ်။ အရမ်းအလှကြိုက်သူတွေကတော့ ဝိတ်မတက်အောာင် နည်းနည်းပဲစားတဲ့အပြင် အစားအသောက်ကိုလည်း အထူးဆင်ခြင်ကြပါသတဲ့။

Source : Style Crazy

Share

Loading Next Article...
က္က