အကွင်းပါးပါးလေးတွေလှီးပြီး မျက်နှာမှာ ကပ်ပေးမယ်ဆို ဝက်ခြံတွေကို ပျောက်စေပါတယ်။
 

မုန်လာဥဖြူဟာ ရေဓာတ်များပြားစွာ ပါဝင်နေပြီး အာဟာရရှိတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပါတယ်။ စားလို့ကောင်းရုံသာမက အလှအပအတွက်လည်း အသုံးပြုနိုင်တာ မုန်လာဥဖြူရဲ့ အားသာချက်ပါပဲ။ ဘယ်လိုတွေ အသုံးချကြမလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး။

၁။ မုန်လာဥဖြူမှာ ပါဝင်တဲ့ သံဓာတ် (Iron)က ဆံပင်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့အရာပါ။ ဆံပင်ကို အားဖြည့်ပေးနိုင်စွမ်း ရှိပါတယ်။ ကြိတ်ပြီး အရည်ညှစ်ကာ ရလာတဲ့အရည်ကို ဦးရေပြားနဲ့ ဆံပင်မှာ သုတ်လမ်းပေးမယ်ဆိုရင် ဆံပင်တွေ တောက်ပြောင်သန်စွမ်းလာစေပါတယ်။ ဆံပင်ကျွတ်တာလည်း သက်သာစေပါတယ်။

၂။ မုန်လာဥရည်ရဲ့ နောက်ထပ်အစွမ်းကတော့ ဗောက်တွေကို ရှင်းထုတ်နိုင်တာပါပဲ။ ဆံပင်တွေကို မုန်လာဥဖြူရည် ရွှဲရွှဲလေးသုတ်လိမ်းကာ တဘက်နဲ့ပေါင်းထားပါ။ တစ်နာရီအကြာမှ ပြန်လျှော်လိုက်ရင် ဗောက်တွေပျောက်သွားမှာပါ။

 

၃။ လတ်ဆတ်တဲ့ မုန်လာဥဖြူကို အကွင်းပါးပါးလေးတွေလှီးပြီး မျက်နှာမှာ ကပ်ပေးမယ်ဆို ဝက်ခြံတွေကို ပျောက်စေပါတယ်။

၄။ အရည်ရွှမ်းပြီး အမျှင်ဓာတ်များတဲ့ မုန်လာဥဖြူကို မီးအပူပေးခြင်းမဟုတ်ဘဲ သုပ်စားတာမျိုး စားပေးမယ်ဆို ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေ ပြေသွားစေကာ အသားအရေကို ကြည်လင်စေပါလိမ့်မယ်။

 

၅။ မုန်လာဥဖြူမှာ ပရိုတင်းဓာတ် (အသားဓာတ်)လည်း ပါဝင်ပါတယ်။ ဝိတ်ချလိုသူတွေအနေနဲ့ အသားမစားဘဲ အသားဓာတ်ရဖို့ ရွေးချယ်စရာပါပဲ။

၆။ ခန္ဓာကိုယ်အနံ့ပြင်းသူတွေအတွက်လည်း မုန်လာဥဖြူကို အသုံးချနိုင်ပါတယ်။ မုန်လာဥဖြူအရည်ကို ဂလစ်ဆရင်း (Glycerin) နဲ့ရောပြီး ရေချိုးပြီးချိန်မှာ လိမ်းပေးမယ်ဆို ချွေးနံ့တွေက အရင်လောက် မပြင်းတော့ပါဘူး။

Source : Women Talk

Share

Loading Next Article...
က္က