ချွေးနံ့ပျောက်ဆေးမှန်သမျှ ဝယ်သုံးရလွန်းလို့ လူလည်း မွဲတော့မယ်။ ဘယ်အရာမှ အလုပ်မဖြစ်ပါဘူး။
 

၁။ ခန္ဓာကိုယ်က ချွေးအရမ်းထွက်နေတော့ အကျႌနဲ့ ကပ်မသွားအောင် အရမ်းသတိထားရပါတယ်။ ဒီလိုမှမဟုတ်ရင် အကျႌလည်း ချွေးတွေပေပြီး အသားနဲ့ကပ်နေတော့ မြင်မကောင်းဘူးလေ။ ချွေးတွေစွန်းသွားရင်လည်း အဝတ်က လျှော်ရခက်ပါတယ်။

၂။ ရှက်သလို ခံစားရပါသေးတယ်။ သူများတွေက ချွေးစို့ရုံလောက် အခြေအနေမှာ ကိုယ်က ရေချိုးထားသလို ချွေးတွေရွှဲနေတော့ လူတွေက ပိုသတိထားမိကြတယ်လေ။ ဆံပင်ဆိုလည်း ခေါင်းလျှော်ထားသလားလို့တောင် အမေးခံရတယ်။

၃။ သွားလေရာမှာ တစ်ရှုးဆိုလည်း အထုပ်ကြီးကို ဆောင်ရတယ်။ စနိုးတာဝါ၊ လက်ကိုင်ပုဝါတွေကို အမြဲတမ်းဆောင်ထားရတာလည်း အလုပ်ရှုပ်ရတာပါပဲ။

၄။ မိတ်ကပ်တွေ ဘယ်လောက်လိမ်းလိမ်း ချွေးထွက်တာနဲ့ ကုန်သွားက အဆိုးဆုံးပေါ့။ နွေရာသီမှာဆို အိမ်မှာလိမ်းထားတဲ့မိတ်ကပ်က အပြင်မထွက်ခင်မှာပဲ ချွေးထွက်လို့ ကုန်နေပြီ။

သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> ချွေးထွက်ခြင်းနဲ့ပတ်သက်ပြီး ထူးဆန်းတဲ့အချက် (၅) ချက်

 

၅။ လက်ဆွဲနှုတ်ဆက်ရမယ့်လူတွေကို ရှောင်နိုင်သမျှ ရှောင်နေရတယ်။ ကိုယ့်လက်က ချွေးနံ့တွေထွက်နေတော့ လက်ဆွဲနှုတ်ဆက်ချိန်မှာ တစ်ဖက်သားကို အားနာဖို့ကောင်းပါတယ်။ မဖြစ်မနေ လက်ဆွဲနှုတ်ဆက်ဖို့ကြုံလာရင် ကိုယ့်လက်ဖဝါးက ချွေးတွေကို အရင်သုတ်နေပြန်ရော။

၆။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး စစ်ဆေးနေရတာလည်း ဒုက္ခတစ်ခုပါပဲ။ သူဌေးက ခေါ်လို့ သွားတွေ့ရမယ်ဆိုရင် ကိုယ့်ခန္ဓာကိုယ်မှာ ချွေးတွေရွှဲနေလားလို့ အထပ်ထပ်ပြန်ကြည့်ရပါတယ်။

၇။  Gym သွားတိုင်း လူအထင်ကြီးခံရတယ်။ ဘာမှတောင် မလုပ်ရသေးဘူး ချွေးတွေရွှဲနေတော့ ဘာလားပေါ့။ ကိုယ်က အရမ်းကို ကြိုးကြိုးစားစားလုပ်နေတယ်လို့ လူတွေက ထင်ကြတယ်လေ။ ကိုယ့်ဘာသာကိုယ် သိနေတော့လည်း အကြည့်တွေကို မခံချင်တော့ပါဘူး။

၈။ ချွေးနံ့ပျောက်ဆေးမှန်သမျှ ဝယ်သုံးရလွန်းလို့ လူလည်း မွဲတော့မယ်။ ဘယ်အရာမှ အလုပ်မဖြစ်ပါဘူး။ ဒါလည်းပဲ ခုထိ လက်မလျှော့သေးဘဲ ချွေးနံ့ပျောက်ဆေးမှန်သမျှ ကောင်းနိုးရာရာကို စမ်းသုံးဖြစ်နေပါတယ်။

 

၉။ အိမ်မှာနေရင် အဝတ်အစား မကပ်ဘူး။ ကိုယ့်အိမ်ကို ရုတ်တရက် ဧည့်သည်ရောက်လာရင် အရင်ဆုံး အဝတ်ပြေးဝတ်ရပါတယ်။ ချွေးထွက်ပြီး ပူအိုက်စေးကပ်နေတော့ အဝတ်အစားဆိုလည်း လက်ပြတ်နဲ့ဘောင်းဘီတိုပဲ ဝတ်ဖြစ်တာကိုး။

၁၀။ အကျႌတွေဆိုရင် အရောင်နုတာတွေကို မဝတ်ရဲပါဘူး။ ချွေးတွေထွက်လာရင် ကြည့်မကောင်းဘူးလေ။ ဒီလိုနဲ့ပဲ အနက်ရောင်နဲ့ အရောင်ရင့်တွေကိုသာ ဝယ်ပြီးရင်းဝယ်နေမိပါတော့တယ်။

၁၁။ ချိုင်းချွေးနံ့ကိုလည်း ခဏခဏ စစ်ဆေးရပြန်ပါသေးတယ်။ အိမ်သာထဲဝင်ပြီး လက်မြှောက်ကာ ချိုင်းကအနံ့ကို ခံကြည့်ရတာ ခဏခဏပါပဲ။ အနံ့ထွက်လာပြီဆို ချွေးနံ့ပျောက်ဆေး သုတ်ရမယ်လေ။

၁၂။ ထိုင်ရာက ချက်ချင်းထလို့မရပါဘူး။ ချွေးတွေက ခုံနဲ့ကပ်နေစေတယ်လေ။ ထိုင်နေရင်း ထလိုက်တဲ့အခါ ဘာမှန်းမသိတဲ့အသံက စိတ်ပျက်စရာကောင်းပါတယ်။

 

၁၃။ ချွေးတွေက တစ်ကိုယ်လုံးထွက်တာပါ။ မျက်နှာနဲ့ လည်ပင်း၊ လက်တွေကို သုတ်လို့ရပေမဲ့ တခြားနေရာတွေက ချွေးတွေကိုတော့ အိမ်သာထဲသွားသုတ်မှ ရပါတယ်။ ပေါင်တွေက ချွေးတွေကြောင့် ပွတ်တိုက်ရင်း ပွန်းသွားတဲ့အခါ လမ်းတောင်လျှောက်လို့မရပါဘူး။ စပ်လိုက်တာဆိုတာများ မျက်ရည်တောင် ဝဲသွားရတဲ့အထိပါပဲ။

Source : Women Health

Share

Loading Next Article...
က္က