လီလီဂျိမ်းစ်ရဲ့ စင်ဒရဲလားဂါဝန်ကိုတောင် မြင်ယောင်မိမှာပါ။
 

လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေဖြစ်တဲ့ Youtube နဲ့ အင်စတာဂရမ်တို့မှာ ဆယ်လီတွေဖြစ်နေတဲ့ ရေချယ်ဗန်ညာနဲ့ နစ်ကို အယ်လ် ဟာကင်မ်တို့ဟာ မကြာသေးမီက လက်ထပ်ခဲ့ကြပါတယ်။ သူတို့ရဲ့လက်ထပ်ပွဲလေးဟာ ပုံပြင်ဆန်ဆန် လှပလွန်းလို့ အင်စတာဂရမ်မှာ ချက်ခြင်းပျံ့နှံ့သွားခဲ့ရပါတယ်။

 

ရေချယ်နဲ့ နစ်ကိုတို့ဟာ စင်ဒရဲလားပုံပြင်ထဲကလိုမျိုး ဝတ်ဆင်ကာ မင်္ဂလာပွဲကို ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။ နစ်ကိုကတော့ အင်္ဂလိပ်တော်ဝင်မင်းသားတွေရဲ့ အဆောင်အယောင်လိုမျိုး ဝတ်ထားခဲ့ပါတယ်။ တကယ်တမ်း လှနေသူလေးကတော့ သတို့သမီး  ရေချယ်ပါ။

ရေချယ်ရဲ့ အဖြူရောင်ဂါဝန်ဟာ အလင်းထဲမှာဆိုရင်တော့ သာမာန် သတို့သမီးဂါဝန်ဖြူတစ်ထည်ပါပဲ။ ဒါပေမဲ့ မီးမှောင်သွားရင်တော့ တဖျတ်ဖျတ်တောက်ပကာ လင်းလက်နေတာကို တွေ့ရပါတယ်။ တကယ့် စင်ဒရဲလားဝတ်စုံအတိုင်းပါပဲ။ ဂါဝန်ကို LED မီးသီး သေးသေးလေးတွေနဲ့ ပုံဖော်ထားတာ ဖြစ်နိုင်ပါတယ်။

ရေချယ်ကတော့ လျှို့ဝှက်ချက်ကို ထုတ်မပြောပါဘူး။ သူမရဲ့ပုံပြင်ဆန်ဆန် ဂါဝန်ဟာ မိန်းကလေးတွေတိုင်း အားကျငေးမောနေရပါတော့တယ်။

Photos : Instagram

Share

Loading Next Article...
က္က