လူက အမြဲတမ်း ပင်ပန်းနေတာ။ အစားအသောက်ဆိုလည်း ဗိုက်ပြည့်ဖို့ အဓိကပဲ။ ဘာတွေ ညာတွေ ရွေးမနေနိုင်ဘူး။
 

အမျိုးသမီးတွေဟာ အသက် ၂၀ အရွယ်လောက်ကနေ အသက် ၄၀ ကျော် အရွယ်ထိအောင် အလှအပကို အနည်းနဲ့အများ ဦးစားပေးကြတုန်းပါပဲ။ ကိုယ်ခန္ဓာကိုလည်း လှလှပပလေး ဖြစ်ချင်ကြပါတယ်။ အနည်းဆုံးတော့ ဝတ်ချင်တာလေး ဝတ်ရအောင် အရမ်းမဝဖို့အရေး ကိုယ်အလေးချိန်ကို ထိန်းထားကြပါတယ်။ ဒါပေမဲ့ ထင်သလောက် ဝိတ်မကျတာတွေလည်း အများကြီးပါ။ ဝိတ်ကျနှေးရခြင်းရဲ့ အကြောင်းရင်းတွေကို ဖွေရှာကြည့်ရာမှာ အသက်အရွယ်အလိုက် ကွာခြားတာကို တွေ့ရပါတယ်။

 

၁။ အသက် ၂၀ ဝန်းကျင်

အသက် ၂၀ ဝန်းကျင်မှာ အစားအသောက်ကို ကိုယ်တိုင်ချက်ပြုတ်ဖို့ ဝန်လေးကြပါတယ်။ ဘဝတက်လမ်းအတွက် ဦးစားပေးနေချိန်ဆိုတော့ မီးဖိုချောင်ကို သိပ်လှည့်မကြည့်ချင်ကြပါဘူး။ စားချင်တာဆို ဝယ်စားလိုက်တာပဲ။ ဒီတော့ စားချင်တိုင်းစားနေမိတယ်လေ။ ကိုယ်တိုင် ချက်ပြုတ်ရတာမဟုတ်တော့ ဘယ်အစားအစာမှာ ဆီ၊ အချိုမှုန့် ဘယ်လောက်ပါနေလဲလို့ မသိတော့ဘူး။ သိနေရင် ကိုယ်က ဆင်ခြင်မိသွားမှာဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ကိုယ်အလေးချိန်ထိန်းဖို့ကို စိတ်မဝင်စားတာပါပဲ။ ဝိတ်တက်လာတာဖြစ်ဖြစ် ကျလာတာပဲဖြစ်ဖြစ် သိပ်ပြီးခေါင်းထဲမထည့်ဘူး။ တကယ်တော့ ကိုယ်အလေးချိန်ထိန်းတယ်ဆိုတာ လှပဖို့ထက် ကျန်းမာနေဖို့ကသာ ဦးစားပေးဖြစ်ပါတယ်။

Mother-eating-burger-whilst-holding-her-young-child-1458152.jpg 

၂။ အသက် ၃၀ ဝန်းကျင်

အလုပ်မှာလည်း နေရာလေးတစ်ခုလောက်ရလာပြီ။ အိမ်ထောင်နဲ့ ကလေးတွေနဲ့ ဖြစ်လာပြီ။ လူက အမြဲတမ်း ပင်ပန်းနေတာ။ အစားအသောက်ဆိုလည်း ဗိုက်ပြည့်ဖို့ အဓိကပဲ။ ဘာတွေ ညာတွေ ရွေးမနေနိုင်ဘူး။ မနက်စာ၊ နေ့လယ်စာ၊ ညစာရယ်လို့ အချိန်အတိအကျတွေ မရှိတော့ဘူး။ အားတဲ့အချိန်လေး စားနေတာ။ တစ်ခါတစ်လေကျတော့လည်း စားချင်တာတွေ စားချင်သလိုစားလိုက်တာပဲ။ ဝိတ်ချဖို့လား? နည်းလမ်းကောင်းပေးရင်တောင်မှ ဖတ်ကြည့်ဖို့ အချိန်မရှိတာ။ လေ့ကျင့်ခန်းတွေလည်း လုံးဝ မလုပ်ဖြစ်တော့ပါဘူး။ ဒီလိုနဲ့ ဝပြီးရင်း ဝလာတယ်။

enhanced-6311-1404921710-7.jpg

၃။ အသက် ၄၀ ဝန်းကျင်

အသက် ၄၀ ရောက်ပြီဆို ကြွက်သားတွေက လျော့တိလျော့ရဲ ဖြစ်လာပြီလေ။ ကြွက်သားတွေက ကိုယ်စားလိုက်တဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းပေးဖို့ လုပ်ဆောင်ပါတယ်။ ကြွက်သားတွေ လျော့ရဲလာပြီဆိုတော့ တော်တော်နဲ့ ဝိတ်မကျဘူးဆိုတဲ့သဘောပေါ့။ စားရင်စားသလောက် ဝလာပါလိမ့်မယ်။ Gym ကိုတော့ သွားပါရဲ့။ နည်းနည်းလောက် ပင်ပန်းတာနဲ့ မလုပ်ချင်တော့ဘူး။ ခန္ဓာကိုယ်ကလည်း ပြောင်းလာပြီဆိုတော့ အဆီက တက်လွယ်ပါတယ်။ အထူးသဖြင့် တစ်သက်လုံးပြားကပ်နေတဲ့ဗိုက်ကလေးမှာ အဆီနဲ့အခေါက်တွေ စုလာပါပြီ။ ငယ်တုန်းကထက် ပိုပြီး လေ့ကျင့်ခန်းလုပ်မှ ဝိတ်ကျမှာကို အပင်ပန်းမခံနိုင်တော့ဘူးဆိုတော့ ကိုယ်အလေးချိန်ကျဖို့ဆိုတာ ထီပေါက်တာထက်တောင် ဖြစ်နိုင်ခြေနည်းသွားပါတယ်။

Source : Women Health

Share

Loading Next Article...
က္က