ခရီးဝေးကနေ အိမ်ကိုပြန်ရောက်တဲ့အခါ ရရှိခံစားတဲ့ နွေးထွေးမှုက ဘာနဲ့မှ မတူပါဘူး။ ကိုယ့်ရဲ့အိမ်လောက် နွေးထွေးလုံခြုံတဲ့အရာ ဘာမှမရှိဘူးလို့ ခံစားမိရင် အိမ်ကလေးကိုလည်း အလှဆင်ပေးဖို့ စဉ်းစားကြည့်သင့်ပါတယ်။

3.-Paint-effects-bhs-1838488367524731-1.jpg 

၁။ ဆေးရောင်တွေ

အိပ်ခန်းနံရံမှာ အလှဆင်ဖို့အတွက် ဆေးတွေသုတ်တာ၊ ပန်းချီကားတွေ ချိတ်ဆွဲထားရင် မျက်စိထဲ ကြည့်လို့ကောင်းနေပါတယ်။ ဒါပေမဲ့ ပိုကောင်းတဲ့နည်းလမ်းကတော့ အိပ်ရာခင်းတွေ၊ ခေါင်းအုံးနဲ့ စောင်တွေကို ဆေးရောင်စုံခြယ်ထားတာကို ရွေးလိုက်ပါ။ ပန်းပွင့်အဆင်တွေ၊ သစ်ပင်အဆင်တွေက မျက်စိကိုအေးပြီး စိတ်ကို သက်တောင့်သက်သာဖြစ်စေပါတယ်။

2.-old-with-new-roseandgrey-1145634674501355-1.jpg 

၂။ အသစ်နဲ့အဟောင်း ပေါင်းစပ်ခြင်း

စားပွဲတင်မီးသီးလေးက ဟောင်းနေလို့၊ အရောင်လွင့်နေလို့ ပြောင်းချင်တယ်။ ပိုက်ဆံလည်း မကုန်ချင်ဘူး။ ဒါဆိုရင် မီးသီးကိုမပြောင်းဘဲ အောက်ခံဒေါက်တိုင်လေးကိုပဲ ပြောင်းကြည့်ပါလား။

4.-sainsburyshome-97126963681693-1.jpg 

၃။ အလင်းရောင်

အလင်းရောင်များများရှိတဲ့နေရာက အခန်းကို ပိုပြီးကောင်းမွန်နေတယ်လို့ မြင်ရစေပါတယ်။ ဇိမ်ခံအသုံးအဆောင်တွေ မရှိဘဲနဲ့ အလင်းရောင်ထုတ်ပေးတဲ့ပစ္စည်းတွေနဲ့တင် အခန်းကို အလှဆင်ကြည့်ပါ။ မီးသီးလေးတွေ၊ မီးပုံးလေးတွေက အိမ်ကို ပိုပြီးလှသွားစေပါလိမ့်မယ်။

 

၄။ ကိုယ်ပိုင်ဒီဇိုင်း

နံရံမှာ ကိုယ်ပိုင်ဒီဇိုင်းလေးတွေနဲ့ စာလုံးလေးတွေ ထားရှိခြင်းကလည်း အိမ်လေးကို ပိုမိုအသက်ဝင်စေပါတယ်။ "Home Sweet Home" စတဲ့ စာတမ်းလေးတွေကို အလှဖော်ပြီး နံရံမှာထားတာဖြစ်ဖြစ် ကိုယ်ပိုင်စာသားတွေ အလှဆင်ထားတာဖြစ်ဖြစ် လုပ်ကြည့်ပါလား။

6.-artful-display-houseoffraser-63782104873065-1.jpg 

၅။ မရှုပ်ပွစေနဲ့

အိမ်ဘယ်လောက်ကောင်းကောင်း ရှုပ်ပွနေသမျှ ကြည့်လို့မလှတော့ဘူး။ သပ်ရပ်သန့်ရှင်းတဲ့ အိမ်လေးဟာ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ တန်ဖိုးကြီးပစ္စည်းတွေ မထားဘဲနဲ့ကို ကြည့်ကောင်းနေပါလိမ့်မယ်။

Source & Photos : Marie Claire

Share

Loading Next Article...
က္က