အထိရောက်ဆုံး ဖြစ်စေမယ့် ထိုင်ထလေ့ကျင့်ခန်းတွေက ဘာတွေဖြစ်မလဲ ?
 

ထိုင်ထလေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ ခန္ဓာကိုယ်အောက်ပိုင်းကို ကျစ်လျစ် လှပစေပါတယ်။ အထူးသဖြင့် ထိုင်ထလေ့ကျင့်ခန်းလုပ်တဲ့ အမျိုးသမီးတွေရဲ့ တင်ပါးနဲ့ပေါင်တွေက တင်းရင်းလှပလာပါတယ်။ ထိုင်ထ လေ့ကျင့်ခန်း ဆိုရာမှာ ပုံစံအမျိုးမျိုး ရှိပါတယ်။ အထိရောက်ဆုံး ဖြစ်စေမယ့် ထိုင်ထလေ့ကျင့်ခန်းတွေက ဘာတွေဖြစ်မလဲ ?

 

၁။ Body-weight Squat

ဒါကို အခြေခံထိုင်ထလို့လည်း ခေါ်ပါတယ်။ ခြေနှစ်ချောင်းကို ပုခုံးအကျယ်အတိုင်း ခွဲရပ်နေပါ။ လက်နှစ်ဖက်ကိုလည်း ရှေကိုဆန့်ထုတ်ထားပါ။ ဒူးကိုကွေးလိုက်ချိန်မှာ တင်ပါးကို နောက်ပစ်ပြီး ထိုင်လိုက်ရပါမယ်။ ဒူးနဲ့တင်ပါး တပြေးတည်းဖြစ်ရင် ပြန်ထပါ။

 

၂။ Jump Squat

လက်ချောင်းလေးတွေကို ခေါင်းနောက်မှာထားပြီး တံတောင်ကို မြှင့်ထားပါ။ ဒူးကွေးပြီး ထိုင်ကာ ပြန်ခုန်ထရပါမယ်။ ပြန်ထတဲ့အခါ ခြေဖဝါးကို မြှင့်ထားပေးပါ။

 

၃။ Wide-Stance Barbell Squat

ပုခုံးပေါ်မှာ အလေးတန်းကို တင်ပြီး ထိုင်ထလုပ်ရပါမယ်။ ခြေကို ကားပြီးလုပ်မှ ပုံစံတကျ ဖြစ်မှာပါ။

 

၄။ Braced Squat

ဝိတ်တုံး အဝိုင်းကို အသုံးပြုရပါမယ်။ လက်ကိုဆန့်တန်းပြီး ဝိတ်ပြားကို ကိုင်ထားပါ။ လက်အမြင်က ရင်ဘတ်မှာပဲ ရှိနေပါစေ။ လက်ကို မရွှေ့လျားစေဘဲ ထိုင်ထလုပ်ပေးရမှာဖြစ်ပါတယ်။

 

၅။ Dumbbell Split Squat

ဝိတ်တုံးလေးတွေကို လက်နှစ်ဖက်က ကိုင်ထားပါ။ ဘယ်ခြေကိုရှေ့ထုတ်ပြီး ညာခြေကို ကွေးကာ ထိုင်ချလိုက်ပါ။ မတ်တပ်ပြန်ရပ်ပြီး ညာခြေကို တလှည့်ပြောင်းရပါမယ်။

Source & Photo : Women Health

Share

Loading Next Article...
က္က