Beauty & Fashion: ခြေထောက်ဆားစိမ် သန့်စင်မယ်

အညောင်းအညာ ပြေသွားစေပြီး ငုပ်နေတဲ့ အပူတွေပါ ထွက်သွားစေတယ်

ကျန်းမာတဲ့ ခြေထောက်ကို ရရှိမှပဲ လှပတဲ့ ခြေထောက်တွေ ဖန်တီးနိုင်မှာ၊ ဘ၀အတွက် ခြေလှမ်းတွေက လှပ အဖိုးတန် နေမှာ ဖြစ်တာကြောင့် ခြေထောက်ပိုင်း ဆိုင်ရာ ထိန်းသိမ်းမှုနဲ့ ခြေထောက် ကျန်းမာရေးကို ရှာဖွေ ဖော်ထုတ် ပေးလိုက်ပါတယ်။ နေ့စဉ် မိမိကိုယ်တိုင် ပြုပြင် ဆောင်ရွက်နိုင်တဲ့ နည်းလမ်းကောင်း တွေပါ။ အချိန် မအားလပ်လို့ ဆိုင်တွေ မသွားနိုင်သူများ အတွက်လည်း အဆင်ပြေတယ်။ အခု ဖော်ပြလိုက်တဲ့ ခြေထောက် ဆားရည်စိမ်တာကလည်း ခြေထောက်နဲ့ ခြေဖဝါးတွေအတွက် ကောင်းမွန်ပါတယ်။

ခြေထောက်ဆားစိမ် သန့်စင်မယ်

 

ခြေထောက်ဆားစိမ် သန့်စင်မယ်

play

 

ကိုယ့်ရဲ့ခြေထောက် နှစ်ဖက် စလုံးကို (ခြေမျက်စိ ကနေ စပြီး ခြေဖ၀ါး အထိ) ဆပ်ပြာနဲ့ အသေအချာ သန့်စင်အောင် ဆေးကြောပါ။ သန့်စင်ပြီးတဲ့ ခြေထောက်ကို Cream, Lotion နှစ်သက်ရာ လိမ်းပါ။ (ခြေထောက်အတွက် သီးသန့် Cream တွေ ပေါ်နေပေမယ့် Skin Lotion တစ်ခုခု ဆိုရင်လည်း လွယ်ကူ အဆင်ပြေ ပါတယ်)

play

 

ခြေထောက် ဆားစိမ် တဲ့စက် (သို့မဟုတ်) ဇလုံ တစ်ခုထဲမှာ ဆားလက် တစ်ဆုပ်ကို ရေနွေးနဲ့ ဖျော်ပါ။ မပူလွန်း၊ မနွေးလွန်း (ခြေထောက် ထည့်စိမ်နိုင် လောက်တဲ့ အနေအထား) တဲ့ ရေပူ ဖြစ်ရ ပါမယ်။ အဲဒီ ဆားဖျော်ရည် ထဲမှာ ခြေထောက်ကို ၁၅ မိနစ်ခန့် စိမ်ထားပေးရ ပါမယ်။

နူးညံ့လာတဲ့ ခြေဖနောင့်နဲ့ ခြေဖ၀ါးမှာ ရှိတဲ့ အသားမာတွေ အညစ်အကြေးတွေကို အသားမာ တိုက်တဲ့ Brush နဲ့ ပွတ်တိုက် သန့်စင်ပေးရ ပါမယ်။

play

 

ဆားစိမ် အပြီးမှာ ခြေထောက်ကို ဇလားထဲက ထုတ်ပြီး ခြေသည်း သန့်စင်မှု အတွက် ခြေသည်း တစ်ခုချင်းစီ ပေါ်မှာ Cream တွေ ပွတ်လိမ်းပေးပါ။ ခြေသည်း ကလော်တဲ့ ကိရိယာ (သို့မဟုတ်) နားကျပ် ဂွမ်းတံနဲ့ ခြေသည်းပေါ်၊ ခြေသည်းကြားတွေကို သန့်စင်ပါ။ သန့်စင်သွားပြီ ဆိုရင် ခြေထောက်တွေကို ဆပ်ပြာနဲ့ သန့်စင်သွားအောင် ဆေးကြောပေးပါ။

play

 

နူးညံ့ ပျော့ပျောင်းပြီး အနံ့အသက် ကင်းသန့်စင်သွားတဲ့ ခြေချောင်း၊ ခြေသည်းလေးတွေကို ခြေသည်းဆေးဆိုး အကြည်ရောင်နဲ့ အရောင်တင် ပေးပါ။ ခြေထောက် ဆားစိမ်ခြင်းဟာ ခြေထောက် အသားအရေကို နူးညံ့စေပြီး သန့်စင်စေတဲ့ အပြင် ခြေဆီထွက်ခြင်း၊ အနံ့နံခြင်း၊ ခြေထောက် အကြောတက်ခြင်းတွေ ကိုပါ ပျောက်ကင်း သက်သာစေပါတယ်။

play

 

ပုံမှန် ပြုလုပ်ပေးခြင်း အားဖြင့် ရရှိလာမယ့် အကျိုး ကျေးဇူးတွေကတော့ အညောင်းအညာ ပြေတယ်။ ငုပ်နေတဲ့ အပူ ထွက်တယ်။ ခြေထောက်က အပူ ထွက်ရုံတင်မကဘဲ ခေါင်းကပါ အပူထွက် စေတယ်။ အဲဒီတော့ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာ၊ မျက်စိဝေတာ၊ မှုန်တာတွေ သက်သာပြီပေါ့။ ပြီးတော့ ခြေထောက် အသားအရေ ကိုလည်း လှပ ပျော့ပျောင်း နူးညံ့စေတယ်။ ခန္ဓာကိုယ် ပေါ့ပါးရွှင်လန်းပြီး မျက်နှာပြင် အသားအရေ ကိုပါ သန့်စင်ကြည်လင် လာစေပါတယ်။ ခြေထောက်ကို အခုလို ပုံမှန် ဂရုစိုက်ပေးရုံနဲ့ ခြေထောက် ကျန်းမာရေး သာမက ခန္ဓာကိုယ် အကြောအခြင်တွေ အကုန် ပြေလျော့စေပြီး လူ့ကျန်းမာရေး အတွက်လည်း ကောင်းစေနိုင်တာကြောင့် တကယ်လက်တွေ့ အသုံးပြုသင့် ပါတယ်။

Source : Wonderwardrobes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ