သူ့အစွမ်းနဲ့သူ တစ်မျိုးစီတော့ ထူးပါတယ်။
 

လူတိုင်းက ကံကောင်းအဆင်ပြေလိုကြတယ်ဟုတ် ? ကိုယ့်ရဲ့ မွေးလအလိုက် ဆောင်ထားလို့ရတဲ့ တွင်းထွက်ကျောက်မျက်လေးတွေ ရှိပါတယ်။ လက်စွပ်၊ ဆွဲကြိုး၊ လက်ပတ် စသဖြင့် အမျိုးမျိုး ဆင်ယင်ပြီး ခန္ဓာကိုယ်မှာ ဆောင်ထားတဲ့အခါ ထူးခြားမှုကို ခံစားရတယ်လို့ ဆောင်ဖူးသူတွေက ဆိုတယ်။ ကိုယ့်လနဲ့ ကိုက်ညီတဲ့ အဆောင်ကျောက်ကို ဆောင်ခြင်းဟာ ကံကောင်းခြင်းတွေ သယ်ဆောင်လာပေးတယ်၊ ဆွဲဆောင်မှုဖြစ်ပေါ်စေတယ်၊ မကောင်းတဲ့အရာတွေ ကျရောက်ခြင်းကနေ ကာကွယ်ပေးတယ်လို့ ယုံကြည်ကြပါတယ်။ နောက်တစ်မျိုးကတော့ အဆောင်အနေနဲ့မဟုတ်ဘဲ အလှအပတန်ဆာတစ်ခုအနေနဲ့ ဆင်မြန်းရာမှာလည်း လူကိုပိုမိုလှပသွားစေပါတယ်။

 

၁။ ဇန်နဝါရီ - Garnet

ဂေါ်မုတ်အနီရောင်က ဇန်နဝါရီလမှာ မွေးဖွားသူတွေအတွက် အဆောင်ကျောက်မျက် ဖြစ်ပါတယ်။ Garnet ဟာ အရောင်မျိုးစုံနဲ့ မြင်ရလေ့ရှိပါတယ်။ အဝါရောင်ကနေ အညိုရင့်ရောင်ထိ မျိုးစုံပါပဲ။ မင်္ဂလာနှစ်ပတ်လည်တွေမှာ လက်ဆောင်အဖြစ်နဲ့လည်း ပေးလို့ကောင်းပါတယ်။

 

၂။ ဖေဖော်ဝါရီ  - Amethyst

ခရမ်းစွဲကျောက်ပါ။ လာဗင်ဒါရောင်ကနေ ခရမ်းရင့်ထိ အရောင်အနုအရင့် မျိုးစုံရနိုင်ပါတယ်။ ၆ ကြိမ်မြောက် မင်္ဂလာနှစ်ပတ်လည်မှာ လက်ဆောင်အဖြစ် ပေးကြပါတယ်။ အေးချမ်းမှုကို ဖြစ်စေတယ်၊ ချစ်သူရဲ့အမြင်မှာ ကိုယ်ကချစ်စရာကောင်းတဲ့အသွင်ဖြစ်အောင် ဆွဲဆောင်မှုရှိစေတယ်။ အသားအရေနဲ့ ဆံပင်ကို အားကောင်းစေပြီး ဆံပင်ကျွတ်တာကာကွယ်တယ်လို့ ယုံကြည်ကြပါတယ်။

 

၃။ မတ် - Aquamarine

အပြာရောင်မြကျောက် (aquamarine) ရဲ့ သွင်ပြင်က ပင်လယ်ကြီးကို ကိုယ်စားပြုပါတယ်။ ပင်လယ်ကြီးရဲ့အရောင်ဖြစ်တဲ့ အစိမ်း/အပြာရောင် ခပ်ဖျော့ဖျော့ရှိပြီး ကျန်းမာရေး၊ အချစ်ရေးကို ကောင်းမွန်စေတယ်။ နုပျိုမှုရစေတယ်လို့ ဆိုပါတယ်။ ပင်လယ်ရေကြောင်း ခရီးသွားသူတွေ ဒီကျောက်ကိုဆောင်ထားရင် ဘေးကင်းတယ်လို့ ဆိုပါတယ်။

 

၄။ ဧပြီ - Diamond

စိန်ဆိုတာ ကျောက်မျက်နဲ့ တွင်းထွက်ကျောက်တွေထဲမှာ တန်ဖိုးအကြီးဆုံးပါ။ အမာကျောဆုံးလည်း ဖြစ်ပါတယ်။ အလှအပတွက် ဆင်ယင်ရုံသာမက နည်းပညာပိုင်းမှာလည်း သုံးကြပါတယ်။ ချစ်ခြင်းကို ခိုင်မြဲစေတယ်လို့ ယုံကြည်တာကြောင့် လက်ထပ်လက်စွပ်ကို စိန်မြှုပ်ပြီး ဆင်ကြပါတယ်။

 

၅။ မေ - Emerald

မြကျောက်ဟာ မေလမှာ မွေးသူတွေအတွက် အဆောင်ကျောက်ဖြစ်ပါတယ်။ အစိမ်းရောင်မြကျောက်က ပြန်လည်မွေးဖွားခြင်းရဲ့သင်္ကေတဖြစ်တာကြောင့် ဆောင်ထားသူကို နုပျိုမှုတွေ ပြန်လည်ပေါ်ထွန်းစေပြီး အနာဂတ်ကောင်းတွေဆီလည်း ဦးဆောင်နိုင်ပါတယ်။ ဖျားနာမှုတွေကိုလည်း သက်သာစေတယ်လို့ဆိုတယ်။

 

၆။ ဇွန် - Peral

ပုလဲဟာ သိမ်မွေ့မှုကို ကိုယ်စားပြုပါတယ်။ လမင်းကို ကိုယ်စားပြုသလို အေးမြတဲ့အသွင်ဖြစ်ပေါ်စေပါတယ်။ အိမ်ထောင်ရေးတည်မြဲစေတယ်လို့ ဆိုတယ်။ မင်္ဂလာသက်တမ်း နှစ် ၃၀ မြောက်ဟာ ပုလဲရတုလည်း ဖြစ်ပါတယ်။

 

၇။ ဇူလိုင် - Ruby

ပတ္တမြားဟာလည်း အဖိုးတန် ကျောက်မျက်ရတနာတစ်ပါး ဖြစ်ပါတယ်။ မြန်မာ့မြေကထွက်တဲ့ ပတ္တမြားဟာ ကမ္ဘာမှာ နာမည်ကျော်ကြားပါတယ်။ တော်ဝင်ဆန်ပြီး စွမ်းအားတွေရရှိစေတယ်လို့ဆိုတယ်။ ပတ္တမြားကို ဝတ်ထားရင် ဘဝက အေးချမ်းတယ်လို့လည်း ပြောကြပါတယ်။

 

၈။ သြဂုတ် - Peridot

အစိမ်းရောင်လဲ့လဲ့နဲ့ အဝါရောင်ကိုစပ်ထားတဲ့ ပြောင်ခေါင်းစိမ်းဟာ မကောင်းဆိုးရွားတွေ ကိုယ့်ကိုမထိရဲအောင် ကာကွယ်ပေးပါတယ်။ မကောင်းတဲ့ အမှောင်အင်အားစုတွေ ကိုယ့်ဆီမချဉ်းကပ်နိုင်ပါဘူး။

 

၉။ စက်တင်ဘာ - Sapphire

အပြာရောင်အဆင်းနဲ့ နီလာဟာ စိတ်နဲ့ခန္ဓာကိုယ်က နာကျင်ခံစားရမှုတွေကို သက်သာစေတယ်လို့ ယုံကြည်ကြပါတယ်။ စိတ်ကိုလည်း ကြည်လင်သန့်စင်စေတယ်လို့ ဆိုပါတယ်။

 

၁၀။ အောက်တိုဘာ -  Yellow Topaz

အဝါရောင် ဉဿဖရား မကောင်းတဲ့အိပ်မက်ဆိုးတွေ မမက်စေပါဘူး။ အောက်တိုဘာလမှာ မွေးသူတွေအနေနဲ့ ဉဿဖရားကို ဝတ်ဆင်ထားရင် ခင်မင်ရင်းနှီးမှု တိုးပွားစေပြီး ကျန်းမာရေးကိုကောင်းစေမယ့် ခံစားချက်တွေကို ဖြစ်စေပါသတဲ့။

 

၁၁။ နိုဝင်ဘာ - Blue Topaz

အပြာရောင် ဉဿဖရားက နိုဝင်ဘာလဖွားတို့အတွက် အဆောင်ကျောက်မျက် ဖြစ်ပါတယ်။ စိတ်နဲ့ခန္ဓာကိုယ်ကို ကြံ့ခိုင်စေတယ်လို့ဆိုတယ်။

 

၁၂။ ဒီဇင်ဘာ - Turquoise

စိမ်းပြာရောင် Turquoise က အနာဂတ်ကောင်းကို ဖြစ်စေတယ်၊ ကံကောင်းစေတယ်၊ ဘဝကို ပျော်ရွှင်စေတယ်လို့ ယုံကြည်ကြပါတယ်။

Source : Gemrock

Share

Loading Next Article...
က္က