အထိရောက်ဆုံး နည်းလမ်းတွေဖြစ်လို့ စမ်းကြည့်နိုင်ပါတယ်။

ကိုယ်နံ့ဆိုးရွားခြင်းဟာ ကိုယ်တိုင်အတွက်သာမက ဘေးလူတွေအတွက်ပါ စိတ်မသက်သာဖြစ်ရတဲ့ ကိစ္စတစ်ခုပါ။ ဘယ်လောက်ပဲ ရေချိုးချိုး အမွှေးနံ့သာတွေ ဘယ်လောက်သုံးသုံး ချိုင်းကြားကအနံ့နဲ့ ကိုယ်ကထွက်တဲ့ချွေးနံ့က သာမာန်လူတွေထက် ဆိုးရွားနေတာ သိပ်စိတ်ညစ်ဖို့ ကောင်းပါတယ်။ ချွေးအရမ်းမထွက်ဘဲနဲ့ကို ကိုယ့်အနံ့အသက်ဆိုးနေသူတွေအတွက် ဖြေရှင်းနိုင်မယ့် နည်းတွေကို ဖော်ပြလိုက်ပါတယ်။

 

၁။ ဆေးထိုးခြင်း

Botox ဆေးကို ချိုင်းအောက်မှာ ထိုးခြင်းဖြင့် ချိုင်းချွေးနံ့နံ့တာကို သက်သာစေပါတယ်။ ချွေးထွက်တာကိုလည်း ၈၇ ရာခိုင်နှုန်းလောက် လျော့ကျသွားစေပါတယ်။ ဆေးတစ်ကြိမ်ထိုးထားရင် ၄ လမှ ၁ နှစ်အထိ ချိုင်းချွေးနံ့နံ့တာကို မဖြစ်စေပါဘူး။

 

၂။ အစားအသောက်

ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ အပူအစပ်များတဲ့ အစားအစာတွေက ခံတွင်းနံ့ဆိုးစေရုံသာမက ကိုယ်နံ့ကိုပါ သက်ရောက်မှုရှိပါတယ်။ အပူအစပ်နဲ့ အရသာပြင်းပြင်းတွေကို စားပြီးတိုင်း ပူရှိန်းလေး ငုံပေးရင်တော့ အနံ့ထွက်တာ သက်သာပါတယ်။ ဒါပေမဲ့ လျှော့စားမှသာ အနံ့ဆိုးထွက်တာ သက်သာမှာပါ။

 

၃။ စိတ်ဖိစီးမှု

စိတ်ဖိစီးမှုတွေက သင့်ရဲ့အလှအပနဲ့ ကျန်းမာရေးကို ယိုယွင်းပျက်စီးစေတာ သိပါသလား။ စိတ်တိုလာတဲ့အခါ ခန္ဓာကိုယ်က အပူရှိန်မြင့်တက်လာပြီး ချွေးပိုထွက်စေပါတယ်။ အထူးသဖြင့် ချိုင်းကြား၊ ပေါင်ခြံကြားက apocrine ဂလင်းထံကနေ ပျစ်စေးတဲ့အရည်တွေ ထွက်လာစေပါတယ်။ ယင်းအရည်ကြောင့် ဘက်တီးရီးယားတွေ ပေါက်ပွားကာ ခန္ဓာကိုယ်အနံ့အသက် ဆိုးရွားစေနိုင်ပါတယ်။ စိတ်တည်ငြိမ်စေမယ့် ကျင့်စဉ်တွေ ပြုလုပ်သင့်ပါတယ်။

 

၄။ အဝတ်အစား

သက်တောင့်သက်သာရှိတဲ့ ပွပွချောင်ချောင် အထည်တွေကို ရွေးချယ်ပါ။ အဝတ်ကျပ်ကျပ်တွေနဲ့ သက်တောင့်သက်သာမရှိတဲ့ အထည်တွေက ချွေးစိုရင် လွယ်လွယ်နဲ့မခြောက်တော့ဘဲ အနံ့ကို ပိုဆိုးရွားစေပါတယ်။

 

၅။ ချိုင်းမွှေးရိတ်

ချိုင်းကြားကို သန့်ရှင်းအောင် ထားပေးပါ။ ချိုင်းမွှေးတွေရှည်ပြီး ကြေး (ဂျီး)တွေ ကပ်နေတဲ့အခါ အနံ့ဆိုးတွေ ထွက်စေပါတယ်။ ကိုယ်နံ့မကောင်းတဲ့လူတွေဟာ ချိုင်းမွှေးရှည်နေရင် အနံ့ပိုဆိုးလာနိုင်ပါတယ်။

 

၆။ ပန်းသီးအရက်ရှာလကာ

Apple cider vinegar (ပန်းသီးအရက်ရှလကာရည်)၊ သံပရာရည်တို့ဟာ ဘက်တီးရီးယားတွေ ပေါက်ပွားမှုကို ဟန့်တားပေးနိုင်ပါတယ်။ အနံ့ဆိုးတွေ မပြန့်လွင့်အောင် ထိန်းထားနိုင်စွမ်းလည်း ရှိပါတယ်။ ချိုင်းကြားကို သုတ်လိမ်းပေးထားပါ။ ရေစိမ်ချိုးတဲ့အခါ ထည့်ပြီးစိမ်ပေးရင်လည်း ချွေးပေါက်လေးတွေကို သန့်ရှင်းစေပြီး အနံ့ဆိုးတွေမထွက်အောင်ဟန့်တားပေးပါလိမ့်မယ်။

Source : Prevention

Share

Loading Next Article...
က္က