ငွေမကုန်ဘဲနဲ့ Classic ဆန်တဲ့ အလှဆင်ပစ္စည်းလေးတွေ လုပ်လို့ရသေးတယ်။
 

ကိုယ့်အိမ်နံရံတွေမှာ ဘာတစ်ခုမှ ချိတ်ဆွဲ အလှဆင်ထားတာ မရှိဘူးလား? ဒါဆိုရင်တော့ နံရံကြီးမြင်ရတာနဲ့တင် ပျင်းရိစရာကောင်းနေတော့မှာပဲ။ တချို့အိမ်တွေဆို နံရံမှာ ပန်းချီကားတွေ၊ အလှကပ်ကြွေပြားပန်းချီတွေနဲ့ အနုလက်ရာတွေ ချိတ်ဆွဲ အလှဆင်ကြတယ်လေ။ စိတ်ဝင်စားတယ်၊ ပိုက်ဆံအကုန်မခံချင်ဘူးဆိုရင်တော့ ငွေမကုန်ဘဲ အလှဆင်ပစ္စည်းလေးတွေ ဖန်တီးကြပါစို့လေ။

 

ပန်းချီကားလေးလို ဘောင်သွင်းထားမှာဆိုတော့ အောက်ခံစက္ကူပြားရယ်၊ ဘောင်ရယ် လိုတာပေါ့။ နောက်ထပ်လိုအပ်တာက မှုတ်ဆေး ရွှေရောင် သို့မဟုတ် ငွေရောင်နဲ့ ကော်ဘူးတို့ ဖြစ်ပါတယ်။

 

ပထမဆုံးအနေနဲ့ ငှက်မွှေးကို လုပ်ကြည့်ပါ။ ငှက်မွှေးလေးကို ပြန့်အောင်ဖြန့်ပြီး မှုတ်ဆေး ရွှေရောင်နဲ့မှုတ်လိုက်။ ကော်နဲ့ကပ်၊ ဘောင်သွင်းပြီး ကိုယ့်အိမ်နံရံမှာထားမယ်ဆိုရင် ရောက်လာတဲ့လူတွေကတော့ နာမည်ကြီးလက်ရာလားလို့ ထင်သွားမှာ။ သစ်ရွက်လည်း ဒီနည်းအတိုင်းပဲ ဆေးမှုတ်၊ ကော်ကပ်၊ ဘောင်သွင်းလို့ရတယ်။ သူကတော့ ပိုပြီးကြွနေမှာပေါ့။ သစ်ကိုင်းခြောက်လေးတွေကိုလည်း ငွေရောင်မှုတ်ဆေးဖြန်းပြီး ဘောင်သွင်းထားလို့ရသေးတယ်။ စမ်းလုပ်ကြည့်ပါလားလို့..

Source : Mode

Share

Loading Next Article...
က္က