ဘယ်လိုနှုတ်ခမ်းနီပဲဆိုးဆိုး နှုတ်ခမ်းက ဗာဒံသီးပုံလေးဖြစ်အောင် ဆိုးတာ အလှဆုံးပါ။
 

ခုခေတ်မှာ နှုတ်ခမ်းပါးလေးတွေက သိပ်ပြီးရေပန်းမစားတော့ဘူး။ ခိုင်လီဂျန်နာရဲ့နှုတ်ခမ်းလို အိအိဖောင်းဖောင်းလေးကမှ လှတယ်ထင်ကြတာ။ နှုတ်ခမ်းနီဆိုလည်း gloss ဆိုးတဲ့လူ မရှိသလောက် ဖြစ်သွားပြီ။ Matt ဆိုမှ matt ပဲ။ နှင်းဆီငုံလို ဖူးဖူးအိအိ နှုတ်ခမ်းလေးဖြစ်ဖို့အတွက် ဘယ်လိုတွေလုပ်ကြမလဲ?

၁။ ဆဲလ်သေတွေကို ဖယ်ရှားပါ

သံလွင်ဆီ/ထောပတ်သီးဆီ၊ အယ်လ်မွန်ဆီ နှစ်သက်ရာဆီတစ်ခုခု လက်ဖက်စားဇွန်း ၁ ဇွန်း၊ သကြား ထမင်းစားဇွန်း ၁ ဇွန်း၊ ပျားရည် ထမင်းစားဇွန်း ၁ ဇွန်း၊ အုန်းဆီ/vaseline လက်ဖက်စားဇွန်း ၁ ဇွန်းတို့ကို ရောမွှေပါ။ နှုတ်ခမ်းပေါ်မှာ ၂ မိနစ် ၃ မိနစ်ခန့် အသာအယာပွတ်တိုက်ပေးရပါမယ်။ ပြီးရင် ရေနဲ့ဆေးချလိုက်ရုံနဲ့ နှုတ်ခမ်းလေးက နူးညံ့စိုပြေကာ ပန်းနုရောင်လေး သမ်းနေပါလိမ့်မယ်။ တစ်ပတ် ၂ ကြိမ် ပြုလုပ်ပါ။

 

၂။ Contouring

နှုတ်ခမ်းကို ပုံဖော်ပြီး ဆိုးမယ်ဆိုရင် ကိုယ့်နှုတ်ခမ်းပုံစံကို တိတိကျကျ သိထားရမှာပေါ့။ ပိုပြီးပါးတဲ့ နှုတ်ခမ်းကိုပဲ ဖြည့်ဆိုးပါ။ အပေါ်နှုတ်ခမ်းရော အောက်နှုတ်ခမ်းပါ ပါးတယ်ဆိုရင် အပေါ်ကို များများဆိုးပြီး အောက်နှုတ်ခမ်းကိုတော့ ထောင့်စွန်းတွေလောက်ပဲ ဖြည့်ပေးရပါမယ်။ ဘယ်လိုပုံစံပဲဆိုးဆိုး နှုတ်ခမ်းက ဗာဒံသီးပုံလေးဖြစ်အောင် ဆိုးတာ အလှဆုံးပါ။

 

၃။ အလယ်ကိုပဲဆိုးမယ်ဆိုရင်

နှုတ်ခမ်းအလယ်နားတဝိုက်မှာပဲ အရောင်ဖြည့်ဆိုးမယ်ဆို နည်းလမ်းတကျ ဖြစ်ဖို့ အရေးကြီးပါတယ်။ ကွန်ဆီလာ (concealer)ကို အရင်ဆိုးပါ။ အရောင်ရင့်တဲ့ နှုတ်ခမ်းနီကို ရွေးတာ အကောင်းဆုံးဖြစ်ပါတယ်။ အောက်နှုတ်ခမ်းသား တစ်ဝက်လောက်ကို နှုတ်ခမ်းနီတစ်ကြောင်းစာလောက် ဆွဲလိုက်ပါ။ အပေါ်နှုတ်ခမ်းသားကိုတော့ အတွင်းပိုင်းနေရာလေးပဲ ဆိုးပေးပါ။ Blend လုပ်ရင် လက်နဲ့မလုပ်ပါနဲ့။ နားကြပ်ဂွမ်းတံလေးနဲ့ ဆွဲပေးတာက အရောင်ညီညီညာညာနဲ့ လှပစေပါတယ်။ လူကိုနုပျိုသွားစေတဲ့ နှုတ်ခမ်းလေးပေါ့။

Source : Bright Side

Share

Loading Next Article...
က္က