အသုံးတည့်တာကတော့ အများကြီးပါပဲ။ သုံးတတ်ဖို့ပဲလိုတယ်။
 

အုန်းဆီဟာ ရှေးယခင်တည်းက မြန်မာလူမျိုးတွေရဲ့ လက်စွဲဖြစ်ခဲ့ပါတယ်။ အုန်းဆီက ဆံပင်ကို နက်မှောင်သန်စွမ်းစေတယ်လေ။ ဒီ့ထက်ပိုပြီးတော့လည်း သိပ်များများစားစား မသုံးဖြစ်ကြပါဘူး။ အုန်းဆီရဲ့ အလှအပအတွက် အသုံးတည့်ပုံတွေကို သိရှိလာပြီးနောက်မှာတော့ ယနေ့ခေတ်ပျိုမေတွေဟာ အဘွားတို့လက်ထက်ကသုံးခဲ့တဲ့ အုန်းဆီကို ပြန်ပြီးစိတ်ဝင်စားလာကြရောလေ။ အသုံးတည့်တာကတော့ အများကြီးပါပဲ။ ဒါပေမဲ့ သုံးတတ်ဖို့တော့ လိုပါတယ်။

၁။ အသားအရေ

အုန်းဆီက အသားအရေကို စိုပြေတင်းရင်းစေပါတယ်။ ဒါပေမဲ့ ချွေးပေါက်တွေ ပိတ်မလားလို့တော့ စိုးရိမ်မိဖူးတယ်။ တကယ်တမ်းလိမ်းကြည့်တဲ့အခါမှာတော့ အသားအရောင်မညီတာတွေ သိသိသာသာ လျော့သွားပြီး မျက်နှာပေါ်က အနီပြင်တွေလည်း သက်သာသွားပါတယ်။ အသားအရေ တကယ်ပဲကြည်လင်တင်းရင်းလာပါတယ်။ ဒါပေမဲ့ သူက ဆီဆိုတော့ မိတ်ကပ်လိမ်းရသူတွေအနေနဲ့ နေ့ဘက်မသုံးဘဲ ညဘက်သုံးတာ ပိုကောင်းတာပေါ့။ မဟုတ်ရင် မိတ်ကပ်မစွဲဘူး။

 

၂။ မိတ်ကပ်ဖျက်ဆေး

တချို့မိတ်ကပ်တွေက ရေစိုခံအောင်လုပ်ထားတော့ တော်ရုံနဲ့မပျက်ပါဘူး။ အဲ့လိုမိတ်ကပ်တွေ၊ မျက်တောင်ကော့ဆေးတွေကို အုန်းဆီနဲ့ဖျက်လို့ရပါတယ်။ အသားအရေလည်း မပျက်စီးဘဲ မိတ်ကပ်တွေ အလွယ်တကူပျက်သွားတယ်။ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ မျက်လုံးတစ်ဝိုက်က ခြယ်သတာတွေအားလုံးကို အုန်းဆီဆွတ်ထားတဲ့ဂွမ်းလေးနဲ့ဖျက်လိုက်တာ ခဏလေးနဲ့ပျက်သွားရော။

 

၃။ ဆံပင်ပေါင်းဆေး

ခေါင်းမလျှော်ခင်မှာ အုန်းဆီကို တစ်ခေါင်းလုံးရွှဲအောင်လူးပြီး ခေါင်းစွပ်နဲ့ ၁၅ မိနစ်လောက်ပေါင်းထားလိုက်တယ်။ ပြီးရင် ခါတိုင်းလိုပဲ ခေါင်းလျှော်ရည်နဲ့လျှော်၊ ပျော့ဆေးထည့်သုံးတယ်။ ပြဿနာက ဘာလဲဆိုတော့ ဆီက တော်တော်နဲ့မပြောင်ဘူး။ ခေါင်းက လေးလံပြီးကျန်ခဲ့တယ်။ ခေါင်းလျှော်ရည်များများနဲ့ ပြောင်အောင်လျှော်တော့လည်း ဆံပင်သားတွေခြောက်သွေ့လာရော။ ဒါလေးကိုတော့ သတိထားဖို့လိုပါမယ်။ ဒါပေမဲ့ ခေါင်းလျှော်ပြီးလို့ ဆံပင်တွေခြောက်မှ အုန်းဆီလေးလူးတာတော့ ဆံပင်ကို တောက်ပြောင်စေတယ်လေ။

Source : Bright Side

Share

Loading Next Article...
က္က