ဒီခေတ်မှာ ပဝါဖက်ရှင် ခေတ်မစားလို့ မဆင်မြန်းရဲဘူးဆိုရင်တော့ ဒီနည်းတွေကို သုံးကြည့်ပါ။

လက်ကိုင်ပဝါ၊ လည်စည်းပဝါလေးတွေကို သဘောကျရဲ့လား။ ပဝါရှည်လိုမဟုတ်ဘဲ သယ်ရလွယ်ပြီး အရောင်စုံ အဆင်စုံရှိတယ်လေ။ ဒါပေမဲ့ ဒီခေတ်မှာ ပဝါဖက်ရှင် ခေတ်မစားလို့ မဆင်မြန်းရဲဘူးဆိုရင်တော့ ဒီနည်းတွေကို သုံးကြည့်ပါ။ နွေရာသီကာလအတွင်းမှာ ပဝါလေးတွေကို ဖက်ရှင်လို ဆင်ယင်ရတာက နုပျိုတဲ့အသွင် ပေါ်စေပါတယ်။



 

၁။ လက်ကောက်ဝတ်

လက်ကောက်ဝတ်မှာ ပဝါစည်းတာက Rapper စတိုင်လိုလို၊ Punk စတိုင်လိုလိုပဲလို့ ထင်ရပေမဲ့ လူတိုင်း စည်းကြတာပါပဲ။ အပွင့်လေးတွေပါပြီး အရောင်လွင်လွင် ပဝါလေးကို လက်ကောက်ဝတ်မှာ စည်းကြည့်ပါလား။

09_SOC_D1_0317_V2_033.jpg 

၂။ လည်ပင်း

လည်စည်းပဝါ/ခေါင်းစည်းပဝါ ဆိုတော့ လည်ပင်းလေးမှာ စည်းနှောင်ကြည့်တာကလည်း ဒီဇိုင်းတစ်မျိုးရတာပေါ့။ သူကျတော့ အပွင့်မဟုတ်ဘဲ ပဝါပြောင် (သို့မဟုတ်) အစင်းလေးတွေနဲ့ ပိုလိုက်ပါတယ်။ လည်တံလေး ပေါ်လွင်သွားတာပေါ့။

9_SOC_D1_0617_V1_029.jpg 

၃။ ဘီးကုပ်လေး

ပဝါကို ပြားပြားလေးဖြစ်အောင် ခေါက်ပြီး ဘီးကုပ်လေးလို ခေါင်းမှာစည်းကြည့်မယ်လေ။ စကတ်ကားကားလေးတွေ ဝတ်ထားချိန်မျိုးမှာဆို ဒီလိုစည်းတာက အရမ်းလှတာ။

10_SOC_D1_0517_V2_053.jpg 

၄။ လက်ကိုင်အိတ်

ခန္ဓာကိုယ်ပေါ်မှာ မစည်းချင်ဘူးဆိုရင် ကိုယ့်ရဲ့ လက်ကိုင်အိတ် ကိုင်းနားလေးမှာ စည်းထားလို့ရတယ်။ တလွင့်လွင့်နဲ့ ကြည့်လို့ကောင်းသေး။

Source : She Finds


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က