မေးလိုက်ရင်တော့ ပြီးခါနီးပြီဆိုတာချည်းပဲ......

ချစ်သူလေးနဲ့ အပြင်တစ်ခါထွက်ဖို့အရေး သူပြင်ဆင်နေတာကို စောင့်လိုက်ရတာ တစ်နာရီမက ကြာရလွန်းလို့ စိတ်မရှည်ကြတဲ့ ယောက်ျားတွေအတွက် ဒါကို ရေးလိုက်တာပါ။ ဒါက မိန်းကလေး အတော်များများရဲ့ သဘာဝပါပဲ။ အထူးသဖြင့်တော့ ငယ်ရွယ်တဲ့ မိန်းကလေးတွေဆိုရင် ပိုပြီးကြာတတ်ပါတယ်။ ချစ်သူနဲ့ ချိန်းထားတယ်ဆိုမှတော့ လှလှပပလေးပဲ ဖြစ်ချင်တယ်လေ။ ဒီလိုနဲ့ပဲ ပြင်ရင်းဆင်ရင်း ကြာသွားရတာပါ။ ဘယ်လိုတွေကြောင့် ကြာနေရသလဲဆိုတော့.....

 

၁။ ဖုန်းဆက်လိုက်လို့ "ခနနေ ထွက်လာတော့မယ်" ဖြေရင် တကယ်တမ်းက ရေချိုးဖို့ ပြင်နေတုန်း။ ရေချိုးရင်လည်း ကြာတယ်။ ဆပ်ပြာတိုက်တာတင် ၂ ထပ်လောက် တိုက်နေတာ။

၂။ ဆံပင်ကို စည်းရမလား၊ ချထားရမလား၊ စက်ဆွဲပြီးဖြောင့်ရမလား၊ အနားတွေ ခွေလိုက်ရမလားနဲ့ တစ်မျိုးပြီးတစ်မျိုး ပြောင်းလုပ်တယ်။ နောက်ဆုံးကျတော့လည်း အချိန်မရတော့လို့ဆိုပြီး ဆံပင်ဖားလျားနဲ့ပဲ အပြင်ရောက်လာရော။

 

၃။ ဖြီးလိမ်းပြင်ဆင်နေရင်း သီချင်းနားထောင်တာဖြစ်ဖြစ် တီဗီကိုဖြစ်ဖြစ် ကြည့်နေမိရင်တော့ မပြီးတော့ဘူးသာမှတ်။ နည်းနည်းလောက် ဆက်ကြည့်မယ်/နားထောင်မယ်ကနေ နာရီဝက်မက ကြာချင်ကြာသွားတတ်တယ်။

၄။ အကြာဆုံးထဲက တစ်မျိုးကတော့ အဝတ်အစား ရွေးတာပဲ။ ဗီရိုကိုဖွင့်တယ် ဘာဝတ်ရမလဲလို့ စဉ်းစားတယ်။ ဘာမှဝတ်စရာမရှိဘူးလို့လည်း ခံစားရတယ်။ အဝတ်တွေကို တစ်ခုချင်း လိုက်ကြည့်တယ်၊ အဆင်ပြေမယ့်ဟာကို ထုတ်လိုက်တယ်။ ဝတ်ကြည့်ပြီးမှ ပြန်ချွတ်ပြီး တခြားတစ်ထည်နဲ့ပြန်လဲတယ်။

 

၅။ ပြင်ဆင်ပြီးသွားရင် လှ၊ မလှဆိုတာ မှန်ထဲမှာ ဘယ်ပြန်ညာပြန်၊ ရှေ့နောက်လှည့်ပြီးကြည့်တာကလည်း အနည်းဆုံး ၂ မိနစ်ပဲ။

၆။ အားလုံးလည်းပြီးပြီ၊ စိတ်တိုင်းလည်းကျပြီ။ ဒါပေမဲ့ အပြင်မရောက်သေးဘူး။ ဘာလို့လဲဆိုတော့ ဆယ်ဖီဆွဲနေတာက ၁၅ ခါလောက် ရှိဦးမယ်။ ပြီးရင် "အပြင်သွားလိုက်ဦးမယ်တို့..ဘာတို့" စတဲ့ ခေါင်းစဉ်လေးနဲ့ ဖေ့စ်ဘွတ်ပေါ် တင်လိုက်ဦးမှ။

Share

Loading Next Article...
က္က