Beauty & Fashion: ဟိုးတုန်းက ခေတ်စားခဲ့တဲ့ အလှအပရေးရာ (၅) ခု

အဆန်းကြီးတွေ.....

ခေတ်အလိုက် ခေတ်အကြိုက် ပြောင်းလဲနေတဲ့ ဖက်ရှင်ရေစီးကြောင်းဟာ အမီလိုက်နိုင်ဖို့တောင် မနည်းကြိုးစားနေတယ်မဟုတ်လား။ ဖက်ရှင်ဆိုတာမျိုးက တစ်ကျော့ပြန် ရေပန်းစားလေ့ ရှိပါတယ်။ ပြန်ပြီးရေပန်းစားမလာတော့တဲ့ ဖက်ရှင်တွေလည်း ရှိတာပေါ့။ ဟိုးအရင်တုန်းက အမျိုးသမီးတွေရဲ့ အလှအပရေးရာ ပြင်ဆင်ပုံအချို့ဟာ တကယ်ကိုပဲ ထူးဆန်းနေခဲ့ပါတယ်။

play

 

၁။ Chopie

၁၅ ရာစုကနေ ၁၇ ရာစုအတွင်း ကာလတွေမှာ အမျိုးသမီးတွေဟာ chopie လို့ ခေါ်တဲ့ ခုံမြင့်ဖိနပ်တစ်မျိုးကို စီးခဲ့ကြပါတယ်။ သူတို့ရဲ့ဝတ်စုံတွေကို ရွှံ့တွေမပေဖို့အတွက်နဲ့ ကြေးရတက်အသိုင်းအဝိုင်းဖြစ်ကြောင်း ပြသဖို့ရာ ဒီဖိနပ်ကို စီးကြတာပါ။ ဖိနပ်ကိုကြည့်ပြီး ပိုင်ရှင်ရဲ့အခြေအနေကိုလည်း ခန့်မှန်းလို့ရပါသတဲ့။ ဒီလိုဖိနပ်မျိုးတွေဟာ အမြင့်ဆုံးအနေနဲပ ၅၀ စင်တီမီတာလောက်အထိ ရှိနေတတ်ပါတယ်။ ဒီလောက်မြင့်တဲ့ဖိနပ်ကို စီးဖို့ဆိုရင် အနည်းဆုံးတော့ အိမ်အကူမိန်းကလေးတစ်ယောက် ထားနိုင်သူမှ စီးနိုင်မှာပါ။

play

 

၂။ ဆွတ်ဆွတ်ဖြူတဲ့အရေပြား

၁၇ ရာစုနှစ်အတွင်းက အင်္ဂလန်နိုင်ငံမှာ ဖြူဖွေးနေတဲ့ အသားအရောင်ကသာ အလှစစ်ဖြစ်ခဲ့ပါတယ်။ ခဲနဲ့ ရှာလကာရည်ကို ပေါင်းစပ်ထားတဲ့  ကုန်ပစ္စည်းတစ်မျိုးကို အသုံးပြုကာ အသားဖြူဖွေးလာအောင် ပြုလုပ်ကြပါတယ်။ ဒါပေမဲ့ အချိန်ကြာလာရင်တော့ အဝါရောင်ပြောင်းသွားပါတယ်။ ဘုရင်မကြီး အဲလစ်ဇဘတ် -၁ ကိုယ်တိုင်ကအစ ဒီပစ္စည်းတွေသုံးရတာ သိပ်ကို ဝါသနာပါတယ်လို့ သိရပါတယ်။

play

 

၃။ အပြာရောင်သွေးကြော

ထိုခေတ်ကာလအတွင်းမှာပဲ နောက်ထပ် ရေပန်းစားခဲ့တာကတော့ သွေးကြောအပြာရောင်တွေပါ။ အမျိုးသမီးတွေဟာ သူတို့ရဲ့ လည်ပင်း၊ ရင်ဘတ်နဲ့ ပခုံးတွေမှာ အပြာရောင်ခဲတံကို အသုံးပြုကာ သွေးကြောတွေ ရေးဆွဲခဲ့ကြပါတယ်။

play

၎။ မှဲ့

၁၈ ရာစုအတွင်းက ဥရောပမှာ မှဲ့တွေဟာ ဖက်ရှင်တစ်ခု၊ သင်္ကေတတစ်ခုအဖြစ် တွင်ကျယ်ခဲ့ပါတယ်။ အလှကုန်ပစ္စည်းတွေလည်း ပေါ်နေပြီဆိုတော့ မှဲ့အတုတွေကိုလည်း အမျိုးမျိုး ရေးဆွဲကြပါတယ်။ အပေါ်နှုတ်ခမ်းအထက်မှာ မှဲ့လေးတစ်လုံး ရေးဆွဲထားရင် ယင်းအမျိုးသမီးက လူလွတ်ဖြစ်ပြီး လက်ထပ်ဖို့ကမ်းလှမ်းနိုင်တယ်လို့ ရည်ညွှန်းပါတယ်။ ညာဘက်ပါးက မှဲ့ကတော့ အိမ်ထောင်သည်လို့ ဆိုလိုတာဖြစ်ကာ ဘယ်ဘက်ပါးမှာ မှဲ့တစ်လုံးဆွဲထားရင်တော့ မုဆိုးမ ဖြစ်ပါတယ်။

play

 

၅။ အာဆင်းနစ်

အာဆင်းနစ် (arsenic) ဆိုတာ ဓာတုဗေဒ အဆိပ်တစ်မျိုး ဖြစ်ပါတယ်။ ၁၉ ရာစုနှစ်အတွင်းမှာတော့ လှချင်ပချင်တဲ့ အမျိုးသမီးတွေဟာ အာဆင်းနစ်ကို စားကြပါတယ်။ အာဆင်းနစ်စားရင် မျက်နှာနဲ့မျက်လုံးလေးတွေက တောက်ပနေတယ်လို့ ယူဆကြလို့ပါတယ်။ အာဆင်းနစ်တွေ လည်ပင်းအကြိတ် (သွိုင်းရွိုက်) ထဲမှာ စုဝေးလာတဲ့အခါ လည်ပင်းကြီးရောဂါ ဖြစ်ပွားနိုင်ပြီး အချို့ဆို အသက်ပါဆုံးရှုံးသွားရတဲ့အထိပါပဲ။

Source : Bright Side

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ