အဝတ်စနဲ့ အရမ်းကြီးပွတ်တိုက်ပြီး ကြေးတွန်းတဲ့အခါ ပိုဆိုးသွားနိုင်တာ သတိထား။

မျက်နှာလေးလည်းလှတယ်။ အသားအရေလေးကလည်း လှပနေတယ်။ ခက်တာက ချိုင်းတစ်နေရာတည်း ကွက်ပြီး မဲနေတာ။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါလျက်နဲ့ ချိုင်းကြားမဲနေတာ အတော်စိတ်ညစ်ရတယ်။ ဒီနည်းတွေကို သုံးပြီး ချိုင်းလေးဖြူလာအောင် လုပ်လိုက်ပါ။

 

၁။ အာလူး

အာလူးမှာ အသားအရေကို အရောင်ချွတ်ပေးနိုင်တဲ့ အက်ဆစ်ပျော့တစ်မျိုး ပါတယ်။ ဓာတုဗေဒချွတ်ဆေးတွေက အသားအရေကို ပျက်စီးစေပြီး လူကိုလည်းဒုက္ခပေးနိုင်တယ်။ အာလူးတွေကိုသာ ပါးပါးလှီးပြီး ကပ်ထားပေးလိုက်ရင် ချိုင်းတွေဖြူလာမှာ။ ဒါမှမဟုတ် အာလူးကိုကြိတ်ပြီး ရလာတဲ့အရည်ကို ချိုင်းမှာသုတ်ပါ။ မိနစ်အနည်းနယ်လောက် နှိပ်ပေးပါဦး။ နောက်ထပ် မိနစ် ၂၀ ကြာရင် ရေနွေးလေးနဲ့ဆေးပေးရမှာဖြစ်ပါတယ်။ နောက်ရက်မှာ ချိုင်းချွေးနံ့ပျောက်ဆေး မသုံးဘဲထားပါ။ နေ့တိုင်းသာလုပ်သွားမယ်ဆို ၂ ပတ်/၃ပတ်အတွင်း ချိုင်းလေးဖြူလာမှာ။

 

၂။ သခွားသီး

သခွားသီးကိုကြိတ်ပြီး အရည်စစ်ယူထားလိုက်။ ရလာတဲ့အရည်ကို စပရေးဘူးထဲထည့်ပြီးရင် ချိုင်းကြားကိုဖြန်းထားပေးရပါမယ်။ နာရီဝက်လောက်ကြာရင် ခြောက်သွားလိမ့်မယ်။ အဲ့ဒီတော့မှ ရေကြက်သီးနွေးလေးနဲ့ ဆေးပေးရမှာပါ။

 

၃။ သံပရိုသီး/သံပရာသီး

အရေပြားနဲ့ဆံပင်အတွက် သံပရိုသီးက နာမည်ကြီးဆေးတစ်လက်ပဲ။ သဘာဝ ကြေးချွတ်နိုင်စွမ်းရှိပြီး ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်တယ်လေ။ သံပရာသီးလေးနဲ့ ချိုင်းကြားကိုပွတ်ပေးပြီး ၁၅ မိနစ်လောက်ထားကာ ေရေနွေးလေးနဲ့ ပြန်ဆေးပေးရပါတယ်။ ရေဆေးပြီးရင်တော့ ချိုင်းကြားကို အစိုဓာတ်ဖြည့်ခရင်မ်တစ်ခုခု လိမ်းပေးဖို့လိုတယ်။ ဒီနည်းက ချိုင်းကြားဖြူစေမယ့် အထိရောက်ဆုံး သဘာဝနည်းဆိုလည်းဟုတ်တယ်။

Source : Wellnessbin



Share

Loading Next Article...
က္က