လုံးဝမနာဘူး။ အသားအရေလည်း မပျက်စီးဘူး။

မျက်နှာပေါ်မှာ မလိုချင်တဲ့အမွေးအမှင်တွေရှိတယ်။ တချို့တွေက နှုတ်ခမ်းမွေးစစလေးနဲ့။ တချို့ကျပြန်တော့လည်း ပါးပြင်မှာပေါ်နေတဲ့ အမွေးနုလေးတွေက သိသိသာသာ ရှည်လျားနေတာ။ ဒါတွေကိုဖယ်ရှားမယ်ဆို နာကျင်မှုကြောက်ကြတယ်။ မနာအောင်ဖယ်ရှားနိုင်မယ့်နည်း ရှိပါတယ်။

 

အသားအရေလည်း မပျက်စီးဘူး၊ မနာမကျင်ဘူး၊ အမွေးတွေလည်း ပြောင်သွားစေရမယ်။ အဲ့ဒီအတွက် အဆင့် ၆ ဆင့်နဲ့ ပြုလုပ်သွားရမှာပါ။ လောလောဆယ်တော့ သကြားအညို - ထမင်းစားဇွန်း ၁ ဇွန်း၊ ပျားရည်အစစ် - ထမင်းစားဇွန်း ၁ ဇွန်း၊ ရေ - ထမင်းစားဇွန်း ၁ ဇွန်းနဲ့ ကပ်ခွာလုပ်ဖို့ အဝတ်စ/ဂွမ်းစတို့ကို အရင်ရှာထားလိုက်ပါ။

အဆင့် ၁ ။ ။ သကြား၊ ပျားရည်၊ ရေတို့ကို ခွက်ထဲမှာထည့်မွေပြီး ခွက်ကို မိုက်ခရိုဝေ့ဗ်ထဲမှာ ထည့်လိုက်ပါ။

အဆင့် ၂ ။ ။ ဖယောင်းလိုမျိုး ပျော်သွားဖို့အတွက် မိုက်ခရိုဝေ့ဗ်ထဲမှာ အပူပေးရပါမယ်။ အချိန်အားဖြင့် စက္ကန့် ၃၀ လောက်ဆိုရင် ဆူပွက်လာပါလိမ့်မယ်။ အရောင်ကလည်း အညိုရောင်ပျစ်စေးစေးဖြစ်သွားပြီ။

 

အဆင့် ၃ ။ ။ မိုက်ခရိုဝေ့ဗ်ထဲကထုတ်ပြီး အအေးခံထားလိုက်ပါ။ သဘာဝအတိုင်းပဲ အအေးခံပါ။ လေနဲ့မှုတ်တာမျိုး မလုပ်ပါနဲ့။ ကိုယ်ခံနိုင်ရည်ရှိလောက်တဲ့ အပူချိန်လောက်ဆိုရင် အသုံးပြုနိုင်ပါတယ်။ လုံးဝအေးသွားအောင်လုပ်လိုက်ရင် ခဲပြီးသုံးမရတော့ဘူး။

အဆင့် ၄ ။ ။ ကိုယ်တိုင်လုပ်ထားတဲ့ wax လေးကို ဖယ်ရှားချင်တဲ့ဧရိယာပေါ်မှာ လိမ်းပေးလိုက်ပါ။

အဆင့် ၅ ။ ။ အပေါ်ကနေ ဂွမ်းစ/အဝတ်စကို ကပ်ပေးရပါမယ်။ သေသေချာချာလေး ကပ်ပေးဖို့လိုတယ်။ လက်ချောင်းလေးတွေနဲ့ဖိပြီး တင်းတင်းရင်းရင်းရှိအောင်ကပ်ပေးပါ။

 

အဆင့် ၆ ။ ။ အမွေးထွက်တဲ့နေရာရဲ့ ဆန့်ကျင်ဘက်ကိုဦးတည်ပြီး အဝတ်စကို ဆတ်ခနဲခွာလိုက်ပါ။ မနာပါဘူး။ အပေါ်မှာပြောထားသလို သေသေချာချာ ညီအောင်ကပ်ထားရင် ဆတ်ခနဲခွာလိုက်တဲ့အခါ လုံးဝမနာဘူး။ မလိုချင်တဲ့အမွေးတွေလည်း ကျွတ်ပြီးပါသွားတာကို တွေ့ရမှာဖြစ်ပါတယ်နော်။

Source : Glowpink

Share

Loading Next Article...
က္က