ခန္ဓာကိုယ်ပေါ်က မလိုလားအပ်တဲ့အမွှေးတွေကို အောက်ဖော်ပြပါနည်းလမ်းတွေသုံးပြီး ဖယ်ရှားလို့ရပါတယ်။


ယနေ့ခေတ်မှာ ခန္ဓာကိုယ်ပေါ်ကမလိုချင်တဲ့အမွှေးတွေကို ဖယ်ရှားတာတွေခေတ်စားနေပါတယ်။ အမွှေးတွေကို ဖယ်ရှားပေးတဲ့ဆေးခန်းတွေမှာ သွားဖယ်ရှားလို့ရသလို ကိုယ့်အိမ်မှာကိုယ် ဖယ်ရှားလို့လည်း ရပါတယ်။ အမွှေးဖယ်ရှားခြင်းကို ယောကျ်ားလေးကော၊ မိန်းကလေးပါ လုပ်လေ့ရှိကြပြီး လူမြင်ခံဝံ့တဲ့နေရာကိုကော၊ လူမြင်မခံဝံ့တဲ့နေရာကိုပါ အမွှေးဖယ်ရှားကြပါတယ်။ အမွှေးလုံးဝပြန်မထွက်အောင် တားထားလို့ရတဲ့ မှော်ဝင်ဆေးဝါးရယ်လို့မရှိပေမယ့် အမွှေးပေါက်နှုန်းကိုလျှော့ချပေးပြီး အသားအရေလေးချောမွေ့နေအောင်လုပ်လု့ိရတဲ့နည်းလမ်းတွေတော့ အများကြီးရှိပါတယ်။
၁။ ဂျုတ်သုံးပြီးအမွှေးရိတ်ခြင်း

 

ဂျုတ်သုံးပြီးအမွှေးရိတ်တာကတော့ အလွယ်ကူဆုံးနဲ့လူသိအများဆုံးနည်းလမ်းဖြစ်မှာပါပဲ။ အမွှေးရိတ်ဖို့အတွက် ဆပ်ပြာရည်နည်းနည်းနဲ့ဘလိတ်ဓားထက်ထက်တစ်ချောင်းပါတဲ့ ဂျုတ်တစ်ချောင်းပဲလိုပါတယ်။ သေသေချာချာဂရုစိုက်ပြီး ရိတ်မယ်ဆိုရင် ဂျုတ်သုံးပြီးအမွှေးရိတ်ခြင်းက နာကျင်ခြင်းမရှိဘဲ အမွှေးတွေကိုလျင်မြန်စွာဖယ်ရှားနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်ဂျုတ်သုံးပြီး အမွှေးဖယ်ရှားတာက ဖယ်ရှားရတာလွယ်ကူသလို အမွှေးပြန်ပေါက်တာလည်း မြန်ဆန်ပါတယ်။

၂။ ဖယောင်းသုံးပြီးအမွှေးဖယ်ရှားခြင်း

 

ဖယောင်းသုံးပြီးအမွှေးဖယ်ရှားခြင်းနည်းလမ်း (waxing) က နည်းနည်းနာကျင်ပေမယ့် အမွှေးတွေကိုပြန်မပေါက်အောင် တားထားနိုင်တဲ့ကြာချိန်ကတော့ ဂျုတ်သုံးတာထက် ပိုကြာပါတယ်။ အမွှေးပေါက်နှုန်းနဲ့ အရေပြား အခြေအနေပေါ်မူတည်ပြီး (၃) ပတ် ကနေ (၆) ပတ်အတွင်း အမွှေးပြန်မပေါက်နိုင်ပါဘူး။ ကောင်းတာတစ်ခုကတော့ ဖယောင်းသုံးပြီးအမွှေးဖယ်ရှားခြင်းက အရေပြားအောက်မှာကျန်နေခဲ့တဲ့ အမွှေးကောက်လေးတွေကိုရော၊ အရေပြားပေါ်ကဆဲလ်သေတွေကိုပါ ဖယ်ရှားပေးနိုင်တဲ့အတွက် အမွှေးကင်းစင်ရုံသာမက အရေပြားလဲလိုက်သလိုလည်း ဖြစ်သွားစေပါတယ်။ နောက်ပြီး ဖယောင်းသုံးခြင်းက အမွှေးတွေကိုပါးသွားစေတဲ့အတွက် အချိန်ကြာလာလေလေ၊ ခန္ဓာကိုယ်ပေါ်မှာအမွှေးတွေနည်းသွားလေလေ ဖြစ်လာမှာပါ။ ရန်ကုန်မြို့မှာဆိုရင် Reveal တို့၊ Yangon Sanctuary Spa တို့လို spa တွေမှာ waxing လုပ်လို့ရပါတယ်။

၃။ လေဆာသုံးပြီးအမွှေးဖယ်ရှားခြင်း

 

လေဆာသုံးပြီးအမွှေးဖယ်ရှားခြင်း (I2PL method) က ခန္ဓာကိုယ်ပေါ်ကအမွှေးတွေကို လုံးဝဖယ်ရှားပေးနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်သလို ပြန်ပေါက်လာမယ့်အမွှေးထွက်နှုန်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ကုသနည်းကထိရောက်ပေမယ့် ကုသမှုခံယူဖို့ အချိန်နဲ့ငွေတော့ ရင်းရပါလိမ့်မယ်။ အနည်းဆုံး (၆) ကြိမ်လောက်ကုသမှုခံယူရပြီးရင် ပျမ်းမျှ (၂) နှစ်အတွင်းတော့ အမွှေးပြန်မပေါက်တတ်ပါဘူး။ မြန်မာနိုင်ငံမှာ လေဆာနဲ့အမွှေးဖယ်ရှားချင်ရင်တော့ Reveal Clinic မှာ သွားရောက်ဆွေးနွေးနိုင်ပါတယ်။ 

Source: Wikihow

Share

Loading Next Article...
က္က