ရေဖြည့်ရင် အေးပြီးလတ်ဆတ်တဲ့ရေကိုဖြည့်ပါ။

လက်ဆောင်ရတဲ့ ပန်းခြင်းတွေ၊ ပန်းအိုးတွေဟာ ပိုပြီးကြာကြာအထားခံပါတယ်။ ကိုယ့်ဘာသာ အိမ်မှာပန်းအိုးထိုးရင် သုံးတဲ့ပစ္စည်းချင်းတူ၊ ပန်းချင်းတူလည်း သူတို့ထိုးထားသလောက် မခံဘူး။ ပန်းတွေမြန်မြန်မညှိုးအောင် ထိုးတတ်ဖို့က လျှို့ဝှက်ချက်လေးသိထားရင် ဖြစ်ပါတယ်။ ပန်းအလှဆင် ပညာရှင်တွေ အသုံးပြုတဲ့ လျှို့ဝှက်ချက်တွေပေါ့။

 

၁။ ၄၅ ဒီဂရီ

ပန်းရဲ့ရိုးတံကို ဖြတ်တဲ့အခါ ကပ်ကြေးနဲ့တိကနဲ ညှပ်လိုက်ကြတာပဲ? ပန်းလေး ကြာကြာခံချင်ရင်တော့ ရိုးတံကိုညှပ်တာကအစ နည်းရှိတယ်။ အောက်ခြေနဲ့ တစ်လက်မအကွာကနေ ညှပ်ရမှာပါ။ ရိုးတံကို တုံးတိမညှပ်ဘဲ ၄၅ ဒီဂရီ စွေစွေလေးညှပ်ရတယ်။ ရေစုပ်ယူတဲ့ဧရိယာကျယ်သွားတော့ ပန်းလေးက ကြာကြာခံတာပေါ့။

 

၂။ မလိုတဲ့အရွက်တွေ

ရိုးတံအောက်ပိုင်းက အရွက်တွေကို ခြွေထုတ်လိုက်ပါ။ ပန်းအိုးထဲမှာ သစ်ရွက်တွေရှိနေရင် ရေတွေ လွယ်လွယ်နဲ့ပုပ်သွားနိုင်ပါတယ်။

 

၃။ ပန်းအိုး

အဝကျယ်တဲ့ပန်းအိုးက ရိုးတံများများထိုးဖို့အတွက် အသင့်လျော်ဆုံး ဖြစ်ပါတယ်။ ပန်းအိုးပုတာ၊ ရှည်တာနဲ့ မဆိုင်ပါဘူး။ အဝကျယ်၊ မကျယ်ကသာ အရေးကြီးတာပါ။ ပန်းအိုးထဲကို ရေဖြည့်ရင် သန်ရှင်းတဲ့ရေအေးကိုပဲ ဖြည့်ပါ။ ရေက ပန်းအိုးရဲ့ သုံးပုံနှစ်ပုံစာထက် မကျော်လွန်ရပါဘူး။

 

၄။ ရေလဲပါ

ပန်းလေးတွေ လတ်ဆတ်ပြီး မွှေးပျံ့နေဖို့အတွက် ရေကိုအသစ်လဲလှယ်ပေးပါ။ နေ့စဉ် သို့မဟုတ် သုံးရက်တစ်ကြိမ် ရေအသစ်လဲပေးဖို့ လိုပါတယ်။ တကယ်လို့ ရေလဲချိန်မှာ ရိုးတံအောက်ခြေက ရိရော်နေရင် ညှပ်ထုတ်လိုက်ပါ။

၅။ ပွန်းပဲ့နေတဲ့ပန်းပွင့်ချပ်တွေ

နှင်းဆီပန်းတွေဆိုရင် ပိုသိသာတယ်။ သယ်ရင်းနဲ့ အပြင်က ပွင့်ချပ်တွေမှာ ပွန်းနေတာ၊ ညှိုးနေတာလေ။ မနှမျောနဲ့ ဖယ်သာဖယ်လိုက်။ မဟုတ်ရင် အောက်ကပွင့်ချပ်တွေထိပါ ကူးကုန်မယ်။

Source : Organic Life

Share

Loading Next Article...
က္က