ပုံမှန်အလေ့အထတွေကပဲ ကျွန်တော်တို့ကို ပိုမိုအိုမင်းရင့်ရော်စေတာပါ။
 

လူတိုင်း လူတိုင်း ငယ်ရွယ်နုပျိုတဲ့အသားအရေလေးကို ထိန်းသိမ်းလိုကြပါတယ်။ ဘယ်သူမှတော့ အသက် (၆၀) အဖွားအိုကြီးလို အရေးအကြောင်းတွေ၊ အတွန့်အခေါက်တွေမပေါ်လိုကြပါဘူး။ တကယ်တော့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တယ်ဆိုတာ ကျွန်တော်တို့တွေနေ့စဉ်ပြုလုပ်နေတဲ့ အပြုအမူတွေကြောင့်ပဲဖြစ်ရတာပါ။ အောက်ဖော်ပြပါအပြုအမူတွေကတော့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေတဲ့ အကြောင်းရင်းတွေပါပဲ။

၁။ ထိုင်တာပုံစံမမှန်ခြင်း

150617-slouching-stock.jpg 

ကျောရိုးက နဂိုတည်းက "S" ပုံသဏ္ဍာန်ကွေးညွှတ်နေပြီးသားပါ။ ထိုင်ခုံမှာမတ်မတ်မထိုင်ဘဲ ခါးကိုကိုင်းကိုင်းကြီးလုပ်ပြီးထိုင်ရင် ကျောရိုး၊ ခါးရိုး၊ ခါးကြွက်သားတွေမှာ ဒဏ်ဖြစ်လာပါလိမ့်မယ်။ ခန္ဓာကိုယ်မှာ ဒဏ်ဖြစ်နေရင် ရုပ်ကလည်းအိုမင်းရင့်ရော်ပါလိမ့်မယ်။

၂။ ဆီကြော်မုန့်တွေအစားများခြင်း

ဆီကြော်မုန့်တွေ၊ အသင့်ထုပ်ပိုးပြီးမုန့်တွေက လူ့ခန္ဓာကိုယ်ကို ရောင်ရမ်းခြင်းဖြစ်စေနိုင်သလို အစာခြေစနစ်ကိုလည်း ပိုပြီးအလုပ်လုပ်ရစေနိုင်ပါတယ်။ အစာအိမ်၊ အူလမ်းကြောင်းနဲ့ သွေးလမ်းကြောင်းထဲမှာ အဆီတွေစုလာတဲ့အခါ လူ့ခန္ဓာကိုယ်ကလည်း အိုမင်းရင့်ရော်လာပါလိမ့်မယ်။

၃။ အချိုတွေအစားများခြင်း

why-do-my-teeth-hurt-when-i-eat-sweets_0e732482-ac5a-4494-9c72-f46e9019fa93.jpg 

အချိုအစားများခြင်းက glucation လို့ခေါ်တဲ့ဓာတုဖြစ်စဉ်ကို ဖြစ်ပေါ်စေပါတယ်။ အဲဒီဖြစ်စဉ်ကတော့ အချိုစားခြင်းကြောင့်ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့ သကြားမော်လီကျူးတွေဟာ ခန္ဓာကိုယ်ဆဲလ်ထဲက ပရိုတိန်းအမျှင်ဓာတ်တွေနဲ့ ပေါင်းစည်းသွားတဲ့ဖြစ်စဉ်ပါပဲ။ အဲဒီကနေဘာဆက်ဖြစ်လာနိုင်လဲဆိုတော့ မျက်ကွင်းတွေညိုလာမယ်။ အရေးအကြောင်းတွေဖြစ်လာမယ်။ အရေပြားတွေရောင်ရမ်းလာမယ်။ ချွေးပေါက်တွေကျယ်လာမယ်။ အသားတွေညိုလာမယ်။ ခြုံပြောရရင် ငယ်ရွယ်လှပနေတဲ့မျက်နှာလေး အိုမင်းရင့်ရော်သွားစေနိုင်ပါတယ်။

၄။ ဆေးလိပ်၊အရက် အလွန်အကျွံသောက်ခြင်း

ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းအဆိပ်ငွေ့ဟာ လူ့ခန္ဓာကိုယ်ကို ဘယ်လိုတွေထိခိုက်စေနိုင်လဲ သိသိရက်နဲ့ မရှောင်နိုင်ကြခြင်းဟာ ခန္ဓာကိုယ်ဆဲလ်တွေကို အောက်ဆီဂျင်လုံလောက်အောင် မပေးတာနဲ့ တူတူပါပဲ။ နောက်ပြီး ဆေးလိပ်သောက်ရင် နှုတ်ခမ်းတွေမဲလာမယ်။ အရေပြားတွေတွန့်လာမယ်။ အရက်သောက်ခြင်းကလည်း ထိုနည်းတူပါပဲ။ အရက်နဲ့ဆေးလိပ်မှာပါဝင်တဲ့ ဓာတ်တွေက လူကို မူလထက် ပိုမိုအိုမင်း ရင့်ရော်စေတော့ ရှောင်နိုင်သမျှရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။

၅။ လှုပ်ရှားမှုနည်းခြင်း

လူ့ခန္ဓာကိုယ်က ပုံမှန်လှုပ်ရှားမှုမရှိရင် လေးလံထိုင်းမှိုင်းပြီး အဝလည်းလွန်လာပါလိမ့်မယ်။ အားလုံးသိကြတဲ့အတိုင်း အဆီပိုတွေများတဲ့အသားအရေဟာ အိုမင်းရင့်ရော်လာဖို့လည်း ပိုများပါတယ်။ ဒါကြောင့် လှုပ်လှုပ်ရှားရှားလေးလည်း လုပ်ပေးပါဦး။ တစ်ချိန်လုံးကွန်ပျူတာရှေ့မှာချည်းပဲထိုင်မနေပါနဲ့။

၆။ အိပ်ရေးပျက်ခြင်း

things-making-you-tired-besides-lack-of-sleep.jpg 

လူ့ခန္ဓာကိုယ်က ပျမ်းမျှတစ်နေ့ (၈) နာရီလောက်အိပ်ပေးဖို့လိုအပ်ပါတယ်။ အိပ်ရေးပျက်ခြင်းကလည်း လူ့ခန္ဓာကိုယ်ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးအကျိုးသက်ရောက်နိုင်ပြီး အိုမင်းရင့်ရော်မှုကို ပိုမိုမြန်ဆန်စေပါတယ်။

၇။ စိတ်ဖိစီးမှုများခြင်း

အလုပ်အရမ်းကြိုးစားပြီး စိတ်ကိုတစ်ချိန်လုံး အလုပ်ထဲမှာပဲ နှစ်ထားတတ်သူတွေရှိပါတယ်။ အဲဒီလိုလူတွေကို "workaholic" လို့ခေါ်ပါတယ်။ အလုပ်တွေပဲဖိကြိုးစားနေပြီး ထုံးထားတဲ့ဆံထုံးကို တစ်ရက်တစ်လေ လေးတောင် ဖြေမချမိတဲ့အခါ (စိတ်ဖိစီးမှု မဖြေဖျောက်ခြင်းကိုဆိုလိုသည်) စိတ်ဖိစီးမှုတွေကြောင့်လူလည်း အလိုလိုအိုမင်းရင့်ရော်သလို ခံစားလာရပါလိမ့်မယ်။ စိတ်ကအိုမင်းရင့်ရော်လာတဲ့အခါ လူလည်း အိုမင်းရင့်ရော်လာပါလိမ့်မယ်။ ဒါကြောင့်များများပြုံးပါ။ သက်တောင့်သက်သာနေပါ။ တစ်ခါတလေပျော်ရွှင်မှုကို ရှာဖွေပါ။

၈။ မိတ်ကပ်တွေအလွန်အကျွံလိမ်းခြင်း

13059-foundationtoomuch.jpg 

တချို့တွေက အရေးအကြောင်းနည်းနည်းပေါ်ပြီဆိုရင် မိတ်ကပ်တွေအသေဖို့တတ်ပါတယ်။ ကိုယ့်အရေပြားကိုယ်လည်းသနားကြပြီး အသက်ရှူပေါက်လေးဖွင့်ပေးလိုက်ကြပါဦ။ သူတို့လည်း လေဝင်လေထွက် ကောင်းဖို့လိုအပ်ပါတယ်။ အိုမင်းရင့်ရော်မှာကြောက်ပြီး မိတ်ကပ်တွေနဲ့ ဖုံးကာမှ ပိုမိုအိုမင်းရင့်ရော်လာတတ်ပါတယ်။

Source: youngisthan

Share

Loading Next Article...
က္က