AD
AD
AD

ဆံပင်စတိုင်လ်ကတော့ အမျိုးမျိုးပြောင်းနေတာပဲ။ ဆံပင်ပုံစံပြောင်းလိုက်တိုင်းမှာ လူက လန်းဆန်းပြီးနုပျိုသွားတယ်လို့ ခံစားမိတယ်ဆိုတည်းက ဆံပင်စတိုင်လ်ရဲ့အရေးပါပုံကို သိကြမှာပါနော်။ မိန်းကလေးတစ်ယောက်အတွက်တော့ ဆံပင်ကလည်း တန်ဖိုးထားရပါတယ်။ ဆံပင်စတိုင်လ်ကြောင့်ပဲ လူက ပိုလှ၊ ပိုနုပျိုရသလို ဆံပင်ကြောင့်ပဲ လူက ရင့်ရော်သွားရတယ်ဆိုတာ တချို့သော ကမ္ဘာကျော်ဆယ်လီတွေနဲ့ သက်သေပြလိုက်ပါရဲ့နော်။

၁။ အလွန်အကျွံပြင်ဆင်မှု

play
 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့သမီး၊ စီးပွားရေးလုပ်ငန်းရှင် အိုင်ဗန်ကာထရမ့်ဟာ လှပတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားသူဆိုလည်း မမှားဘူး။ ပုံနှစ်ပုံကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် အိုင်ဗန်ကာရဲ့ ရိုးရိုးရှင်းရှင်းပုံလေးက သူမကို ပိုနုပျိုစေတာ တွေ့ရမှာပါ။ အပူချောင်းတွေ၊ ဖြောင့်စက်တွေနဲ့ ဆံပင်ကို အလွန်အကျွံပုံသွင်းလွန်းရင် ရုပ်ရင့်သွားရော။ သဘာဝအတိုင်းလေးက လူကိုနုပျိုစေတာ မှတ်ထားပါ။

၂။ နဖူးပေါ်ကဆံပင်

play
 

ဆံမြိတ်ချတယ်ဆိုရင်လည်း ဆံပင်အပြည့်ရှိမှလှတာနော်။ နဖူးအတိ ဆံပင်လေးညှပ်ထားပေမဲ့ ဆံပင်က ကျိုးတို့ကျဲတဲနဲ့ဆို ကြည့်ရဆိုးတယ်။ နဖူးပေါ်မှာ ဆံပင်ချထားမယ်ဆိုရင် ကိုယ့်ရဲ့ရှေ့ဆံပင်က ပျော့ပျော့ပျောင်းပျောင်းလေးရှိသင့်သလို မကျဉ်းမကျယ်နဖူးလေးဖြစ်ဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် ရှေ့ဆံပင်ကို နဖူးပေါ်ချမထားသင့်ဘူး။

၃။ အရောင်

play
 

ဂျနီဖာလောရင့်စ်ရဲ့ ဟိုးအရင်တုန်းက ဆံပင်အရောင်ဟာ အနက်ဘက်သမ်းတဲ့ အရောင်ရင့်ပါ။ Hanger Games တုန်းက ဆံပင်အရောင်နဲ့ တကယ်တမ်းက သိပ်မလိုက်ဘူး။ လောရင့်စ်ရဲ့မျက်နှာ၊ အသားအရောင်က ဆံပင်အရောင်အဖျော့နဲ့မှ လိုက်တယ်ဆိုတာ ညာဘက်က ရွှေရောင်ကေသာတွေက သက်သေပဲ။ မျက်နှာလေးကို လင်းလက်နုပျိုနေတာ။

၎။ ရှည်လွန်းတယ်

play
 

မျက်နှာက ပိန်ပိန်သွယ်သွယ်ဆိုရင် ဆံပင်ကို အဖြောင့်အရှည် မထားစေချင်ဘူး။ ပါးရိုးပေါ်မယ်၊ မေးစေ့ချွန်မယ်၊ ပိန်တယ်ဆိုရင် ဆံပင်ကို အတိုထားကြည့်ပါ။ အဖျားရှုးသွားတဲ့ ဆံပင်စတိုင်လ်မျိုးထက် ဂုတ်နားဝဲနေတဲ့ အကုတ်ကေလေးက ပိုလိုက်ဖက်ပါတယ်။

၅။ အလွှာများလွန်းတဲ့စတိုင်လ်

play
 

ဆံပင်ကို step တွေ အများကြီးနဲ့ အရှည်ထားတာကလည်း လူတိုင်းနဲ့မလိုက်ဖက်ပါဘူး။ ဆံပင်ရှည်ပေမဲ့ ဆံသားပါးပြီး အုံပါးတယ်ဆိုရင် step များများနဲ့ ဆံပင်စတိုင်လ်ကို မရွေးတာကောင်းပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD