အမွှေးတွေက ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကို ပြင်ပကလာတဲ့ ထိခိုက်မှုတွေကတောင် ကာကွယ်ပေးပါသေးတယ်။

ချိုင်းကြား၊ ပေါင်ကြားနဲ့ လျှို့ဝှက်အပ်တဲ့နေရာတွေလို နူးညံ့တဲ့နေရာမျိုးတွေမှာ အမွှေးပေါက်တယ်ဆိုတာ ဆန်းတော့မဆန်းပါဘူး။ တစ်ခါတလေမှာ အဲဒီအမွှေးတွေက ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကို ပြင်ပကလာတဲ့ ထိခိုက်မှုတွေကတောင် ကာကွယ်ပေးပါသေးတယ်။ ဒါပေမယ့် အမျိုးသမီးတွေကတော့ အဲဒီအမွှေးတွေကို ရှုပ်တယ်လို့မြင်ကြပြီး hair removal clinic လို့ခေါ်တဲ့ အမွှေးချွတ်ဆေးခန်းတွေကို တကူးတကသွားပြီးတောင် အမွှေးချွတ်ကြပါသေးတယ်။ အထူးသဖြင့် ချိုင်းမွှေးတို့၊ ခြေသလုံးမွှေးတို့ပေါ့။

 

ဒီနေ့မှာတော့ ဆေးခန်းသွားစရာမလိုဘဲ ချိုင်းကြားကအမွှေးတွေကို အလွယ်တကူ ဖယ်ရှားနိုင်မယ့် နည်းလမ်းလေးတွေကို ပြသပေးသွားမှာဖြစ်ပါတယ်။ တစ်ပတ်မှာ (၂) ကြိမ်၊ (၃) ကြိမ်လောက်လုပ်ပေးမယ်ဆိုရင် မလိုလားအပ်တဲ့အမွှေးတွေ လုံးဝကင်းစင်သွားမှာပါ။

၁။ နှနွင်းမှုန့်အနှစ်

5517e2088d25182a0f6ba2abb9576971.jpg 

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ နနွင်းမှုန့် (၁/၂) ခွက်၊ နွားနို့စစ်စစ် တစ်ခွက်၊ ရေနွေး (၁) ခွက်၊ တဘက်တစ်ထည်တို့ပဲ ဖြစ်ပါတယ်။

အရင်ဆုံး ပါဝင်ပစ္စည်းတွေအားလုံးကို သမသွားအောင်ရောမွှေပြီး ထူပျစ်တဲ့ နနွင်းမှုန့်အနှစ်လေးဖြစ်သွားအောင်လုပ်ပါ။ ပြီးရင်တော့ ချိုင်းအောက်ကအမွှေးပေါ်မှာ အဲဒီအနှစ်လေးကို သုတ်လိမ်းပေးပါ။ ပြီးရင် အဲဒီအတိုင်း မိနစ် (၂၀)၊ (၃၀) လောက်ကြာအောင် ထားပေးလိုက်ပါ။ အဲဒီအချိန်မှာ ရေနွေးဇလုံထဲမှာ တဘက်ကို စိမ်ထားပေးလိုက်ပါ။ အချိန်စေ့ပြီဆိုတာနဲ့ ရေနွေးစိမ်ထားတဲ့ တဘက်ကိုယူပြီး ပြန်လည် သန့်ရှင်းရေးလုပ်ပေးလိုက်ပါ။ ရေခြောက်အောင် ပြန်သုတ်ပေးပြီးရင် မွှေးညှင်းပေါက်တွေကျယ်ပြီး အမွှေးလေးတွေ ကျွတ်သွားစေဖို့ အထက်ဖော်ပြပါ အဆင့်တွေအတိုင်း နောက်တစ်ကြိမ်ထပ်လုပ်ပေးလိုက်ပါ။

၂။ Sodium bicarbonate water  (ဆိုဒီယမ် ဘိုင်ကာဘိုနိတ် ရေ)

baking-soda-water-spoonful.jpg 

ပါဝင်ပစ္စည်းတွေကတော့ ဆိုဒီယမ် ဘိုင်ကာဘိုနိတ်နဲ့ ရေအနည်းငယ်တို့ပဲ ဖြစ်ပါတယ်။ ဆိုဒီယမ် ဘိုင်ကာဘိုနိတ် (sodium carbonate) ဆိုတာ မုန့်ဖုတ်ရာမှာသုံးတဲ့ ဆိုဒါ (ပေါင်ဒါ) မှုန့်ထဲမှာ တွေ့ရတတ်တဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ပြုလုပ်တော့မယ်ဆိုရင် မုန့်ဖုတ်ဆိုဒါနဲ့ ရေအနည်းငယ်ရောပြီး အနှစ်လေးဖြစ်အောင် လုပ်လိုက်ပါ။

ရေအရမ်းမများစေဖို့တစ်ချက်တော့ သတိပြုပါ။ မဟုတ်ရင် အနှစ်က အရေပြားပေါ်မှာ အချိန်ကြာကြာရှိနေနိုင်မှာ မဟုတ်ပါဘူး။ အိပ်ယာမဝင်ခင် ဒီအနှစ်ကို ချိုင်းကြားတစ်ခုလုံး နှံ့စပ်အောင်လိမ်းပေးထားလိုက်ပါ။ တစ်ညလုံး ဒီတိုင်းပဲ သိပ်ထားပေးလိုက်ပါ။ နောက်တစ်နေ့ မနက်ရောက်ရင်တော့ အဲဒီနေရာကို ရေစင်အောင်ဆေးပေးနိုင်ပါပြီ။ ပြီးရင်တော့ moisturizer သုံးပေးနိုင်ပါတယ်။

Source: topbeautylifeadvices

Share

Loading Next Article...
က္က