တချို့အစွန်းအထင်းတွေကတော့ ဖျက်ရခက်ခဲတဲ့ အကွက်ကြီးတွေအဖြစ် ကျန်နေခဲ့တတ်ပါတယ်။

နေ့စဉ်ဘဝထဲမှာ စားရင်းသောက်ရင်း၊ သွားရင်းလာရင်း အဝတ်အစားတွေပေါ်မှာ ကော်ဖီမှောက်တာ၊ အချဉ် (ဆော့စ်) မှောက်တာ စတာတွေကြောင့် ပေကျံစွန်းထင်းရတာမျိုးတွေ ရှိတတ်ပါတယ်။

 

တစ်ချို့အစွန်းအထင်းတွေက ရေနဲ့နည်းနည်းပွတ်လိုက်ရင် ပြောင်ပေမယ့် တချို့အစွန်းအထင်းတွေကတော့ ဖျက်ရခက်ခဲတဲ့ အကွက်ကြီးတွေအဖြစ် ကျန်နေခဲ့တတ်ပါတယ်။ ဘယ်သူမှတော့ မိမိအနှစ်သက်ဆုံးဝတ်စုံပေါ်မှာ အစွန်းကွက်ကြီးထင်းနေတာကို လိုချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အောက်မှာဖော်ပြထားတဲ့ အစွန်းချွတ်နည်းတွေနဲ့ဆိုရင် အစွန်းအထင်းတွေအားလုံးကို တာ့တာ ဘိုင်းဘိုင်ဆိုပြီး နှုတ်ဆက်လိုက်လို့ရပါတယ်။

၁။ ဖျော်ရည်ကြောင့်ဖြစ်တဲ့ အစွန်းအထင်း

o-REMOVING-STAINS-facebook.jpg 

ခုမှစတွေ့တဲ့ ကောင်မလေးတစ်ယောက်နဲ့ အအေးဆိုင်ထိုင်ရင်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေလို့ ဖျော်ရည်ခွက်မှောက်တဲ့အခါ အင်္ကျ ီမှာ အစွန်းအထင်းကျန်ခဲ့မှာပါပဲ။ ဒီအစွန်းကိုချွတ်ဖို့ဆိုရင် ဇလုံတစ်လုံးထဲမှာ ပန်းကန်ဆေးဆပ်ပြာရည် (၁/၂) ခွက်ကို ရှာလကာရည်အကြည် (၁/၄) ခွက်နဲ့ ရောစပ်ပေးလိုက်ပါ။ သမအောင်မွှေပြီးရင် ဖျော်ရည်ကြောင့်ဖြစ်တဲ့ အစွန်းပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် (၃၀) လောက် ဒီတိုင်းထားပြီးရင် သွားပိုက်တံလေးတစ်ချောင်းနဲ့ပွတ်တိုက်ပေးလိုက်ပါ။ ပြီးရင် ရေအေးအေးလေးတစ်ခွက်နဲ့ ပြန်ဆေးချပေးလိုက်ပါ။

၂။ ဘယ်ရီသီးကြောင့်ဖြစ်တဲ့အစွန်းအထင်း

စတော်ဘယ်ရီသီးတို့၊ ဘလူးဘယ်ရီသီးတို့လို ဘယ်ရီသီးနွယ်ဝင်တွေကထွက်တဲ့ အချိုရည်တွေဟာ စွန်းထင်းလွယ်ပြီး တစ်ခါတလေမှာဖျက်ရခက်ပါတယ်။ ဒါတွေကိုဖယ်ရှားဖို့အတွက်တော့ ရေအေးကိုသုံးပြီး အရင်ပွတ်တိုက်လိုက်ပါ။ ပြီးရင်အပေါ်က သံပုရာရည်နဲ့ပွတ်တိုက်ပြီး (၂) နာရီလောက် ဒီတိုင်းထားပေးလိုက်ပါ။ ပြီးရင် အထည်ကို အဝတ်လျှော်စက်ထဲ ထည့်လျှော်လိုက်ပါ။ ပြီးရင်တော့ သွားတိုက်တံလေး တစ်ချောင်းယူပြီး ဆပ်ပြာရည်နည်းနည်းနဲ့ ပွတ်လိုက်ပါ။ ဒါဆိုရင် အစွန်းတွေပြောင်လောက်ပါပြီ။

၃။ ခရမ်းချဉ်သီးဆော့စ် ကြောင့်ဖြစ်တဲ့ အစွန်းအထင်း

Ketchup-stain-GettyImages-74334660-5879697d5f9b584db39ea9d4.jpg 

ခရမ်းချဉ်သီးဆော့စ်ကြောင့်ဖြစ်တဲ့ အစွန်းအထင်းတွေကို ဖယ်ရှားဖို့ အစွန်းအထင်းပေနေတဲ့အဝတ်အစားကို ရှာလကာရည်ထဲ ထည့်စိမ်လိုက်ပါ။ ဒါမှမဟုတ် ပေနေတဲ့နေရာကို ရှာလကာရည်နဲ့ ပွတ်ပေးလိုက်ပါ။ အဲဒီအတိုင်း တစ်နာရီလောက်ထားပြီး ပုံမှန်အတိုင်းပြန်လျှော်ဖွတ်ပေးလိုက်ရင် ရပါပြီ။

၄။ ကော်ဖီတို့၊ လက်ဖက်ရည်တို့ကြောင့်ဖြစ်တဲ့ အစွန်းအထင်း

5629063812000026007e5bc8.jpg

ကော်ဖီတို့၊ လက်ဖက်ရည်တို့ကြောင့်ဖြစ်တဲ့ အစွန်းအထင်းကို ဖယ်ရှားဖို့ဆိုရင်တော့ ပြောင်းဖူးမှုန့်နဲ့ ရှာလကာရည်အကြည်ကို ရောပြီး အနှစ်လေးဖြစ်အောင်လုပ်ပါ။ ပြီးရင် အဲဒီအနှစ်ကို ပေနေတဲ့နေရာပေါ်မှာ လိမ်းပြီး ခဏလောက်အခြောက်လှမ်းထားပေးလိုက်ပါ။ ခြောက်သွားပြီဆိုမှ ဓားလေးနဲ့ အသာလေးပြန်ကော်ထုတ်ပြီး ပုံမှန်အတိုင်းပြန်ဆေးပေးလိုက်ပါ။

၅။ ပီကေကြောင့်ဖြစ်တဲ့ အစွန်းအထင်း

အင်္ကျ ီမှာ ပီကေ (chewing gum) လာကပ်နေရင် တော်တော်အာရုံနောက်ရပါတယ်။ ဖြေရှင်းနည်းကိုမသိခင်ကတော့ အမျှင်တန်းလန်းကြီးကိုဆွဲခွာ၊ လက်နဲ့လာကပ်နဲ့... တော်တော်အာရုံနောက်ရပါတယ်။ အမှန်တော့ လွယ်လွယ်လေးပါ။ ပီကေကပ်နေတဲ့ အဝတ်အစားကို ရေခဲသေတ္တာအအေးခန်းထဲ တစ်ညလောက်ထည့်ထားလိုက်ပါ။ မနက်မိုးလင်Qးရင် ခဲနေတဲ့ ပီကေလေးကို ဓားနဲ့ ကော်ထုတ်ပြီး ပုံမှန်အတိုင်း ပြန်လည်လျှော်ဖွတ်ပေးနိုင်ပါပြီ။

၆။ ဆီကြောင့်ဖြစ်တဲ့ အစွန်းအထင်း

remove-oil-grease-stains-polyester_7696960e73b18113.jpg 

ဟင်းချက်ဆီတို့၊ ထောပတ်တို့ကြောင့်ဖြစ်တဲ့ အစွန်းအထင်းတွေဟာလည်း ဖယ်ရှားရခက်ပါတယ်။ နက်ခ်တိုင်ပေါ်မှာ ကြက်သားဟင်းဖိတ်သွားလို့ ဆီကွက်ကြီးထင်းနေတာကို တွေးကြည့်ပါ။ ဒါကိုဖယ်ရှားဖို့ကတော့ ဆီစွန်းထင်းနေတဲ့ အဝတ်အစားကို ရေနွေးပူပူထဲမှာ မိနစ် (၃၀) လောက်ကြာအောင် စိမ်ထားလိုက်ပါ။ ပြီးရင်တော့ ဆပ်ပြာမှုန့်ထည့်ပြီး သွားပွတ်တံလေးတစ်ချောင်းနဲ့ ပွတ်ပေးလိုက်ပါ။ ပြီးရင် ရေနွေးပူထဲမှာ ခဏပြန်စိမ်ထားပြီး ပုံမှန်အတိုင်းပဲ လျှော်ဖွတ်ပေးလိုက်ပါ။

Source: theindianspot

Share

Loading Next Article...
က္က