မျက်နှာပေါ်ကအရေပြားမွေးညင်းပေါက်တွေကို အဆီပိုတွေ၊ အရေပြား ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေ၊ အညစ်အကြေးတွေနဲ့ ပိတ်ဆို့ရာကနေ ဖြစ်ပွားတာဖြစ်ပါတယ်။

ဝက်ခြံမပေါက်ဖူးတဲ့သူဆိုတာ တော်တော်ရှားပါလိမ့်မယ်။ သွေးဖြူဥဆဲလ်တွေ ပုံမမှန်ခြင်းကြောင့်ဖြစ်ပွားတဲ့၊ အရေပြားရောင်ရမ်းတဲ့ ဒီအရေပြားရောဂါဟာ မျက်နှာပေါ်ကအရေပြားမွေးညင်းပေါက်တွေကို အဆီပိုတွေ၊ အရေပြား ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေ၊ အညစ်အကြေးတွေနဲ့ ပိတ်ဆို့ရာကနေ ဖြစ်ပွားတာဖြစ်ပါတယ်။

 

ဝက်ခြံပေါက်နိုင်တဲ့ တခြားအကြောင်းရင်းတွေကတော့ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်ခြင်း၊ အစားအသောက် အနေအထိုင် မဆင်ခြင်ရာကနေ ဖြစ်ခြင်း၊ စိတ်ဖိစီးမှုများပြားခြင်း၊ အရေပြားသန့်ရှင်းရေး ပုံမှန်ထိန်းသိမ်းမှု မရှိခြင်း၊ တချို့ဆေးဝါးများ မှီဝဲခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီကနေ နာကျင်မှုဝေဒနာပေးပြီး ကြည့်ရလည်းဆိုးတဲ့ဘုကြီးတွေ မျက်နှာအရေပြားပေါ်မှာ ထွက်ပေါ်လာရပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုကို ကျဆင်းစေပါတယ်။

လူတန်းစားမရွေး၊ အသက်အရွယ်မရွေး ဝက်ခြံပေါက်နိုင်ပြီး အများစုကတော့ ဓာတုဆေးဝါးတွေနဲ့ ဝက်ခြံကိုကုသဖို့ ဆုံးဖြတ်ကြပါတယ်။ အဲဒီကနေ အရေပြားကိုထိခိုက်စေနိုင်ပြီး ဘေးထွက်ဆိုးကျိုးတွေကိုလည်း ဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ ဝက်ခြံကိုကုသဖို့အတွက် သဘာဝဆေးမြီးတိုတွေကို ရွေးချယ်တာပါပဲ။

 

Essential Oil (ပေါင်းခံဆီ) တွေဟာ ဝက်ခြံကိုကုသရာမှာ ပြဿနာရဲ့အရင်းအမြစ်ထိ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့အရာတွေဖြစ်ပြီး ဝက်ခြံကြောင့် စိတ်သောကရောက်ရခြင်းဘေးမှ ကင်းဝေးစေမှာပါ။ ဝက်ခြံကုသရာမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးကြတဲ့ essential oil တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ လက်ဖက်ပင် essential oil (Tea tree essential oil)

7-Toxic-Things-You-Can-Replace-With-Tea-Tree-Oil-1.jpg 

လက်ဖက်ပင်ဆီဟာ သူ့ရဲ့အဏုဇီဝပိုးမွှားလေးတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်းနဲ့ သွေးဖြူဥဆဲလ်တွေ မူမမှန်ဖြစ်ခြင်းကို တိုက်ဖျက်နိုင်တဲ့အစွမ်းတွေကိုသုံးပြီး ဝက်ခြံတွေကို တိုက်ခိုက်ချေမှုန်းနိုင်ပါတယ်။ သူ့မှာ terpinen-4-ol လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးလည်းပါဝင်ပြီး အရေပြားပေါ်က ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုတိုက်ခိုက်နိုင်ပါတယ်။ လေ့လာမှုတွေအရလည်း လက်ဖက်ပင်ဆီက ဝက်ခြံကုသရာမှာ တကယ်အစွမ်းထက်တယ်လို့ ဆိုကြပါတယ်။

ပြုလုပ်နည်းကတော့ ဝါဂွမ်းလုံးလေးတစ်လုံးကိုယူပြီး လက်ဖက်ပင်ဆီ (၂) စက်၊ (၃) စက်လောက်လောင်းထည့်လိုက်ပါ။ ပြီးရင်ဝက်ခြံပေါက်နေတဲ့နေရာကို တိုက်ရိုက်ပဲလိမ်းပေးလိုက်ပါ။ မိနစ်အနည်းငယ် ကြာအောင်ထားပြီးမှ ရေနဲ့ပြန်ဆေးချပေးလိုက်ပါ။ သတိပြုမိရမှာတစ်ခုကတော့ sensitive skin (ထိခိုက်လွယ်တဲ့အရေပြားပိုင်ရှင်တွေ) ဆိုရင်တော့ လက်ဖက်ပင်ဆီကို တခြားဆီတစ်မျိုးမျိုးနဲ့ ရောပြီးမှ လိမ်းပေးနိုင်ပါတယ်။

၂။ လာဗင်ဒါဆီ (Lavender Essential Oil)

lavender-layouts-09a.jpg 

လာဗင်ဒါဆီမှာလည်း အဏုဇီဝပိုးမွှားတွေကိုတိုက်ဖျက်နိုင်တဲ့ဂုဏ်သတ္တိ၊ နာကျင်ခြင်းကိုသက်သာစေတဲ့ဂုဏ်သတ္တိနဲ့ antioxidant တွေ ပါဝင်နေတဲ့အတွက် ဝက်ခြံကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အရေပြားပေါ်ကအမာရွတ်တွေကို ပြန်လည်သန့်စင် ကုသပေးနိုင်ပါတယ်။ နောက်တစ်ခုက လာဗင်ဒါဆီဟာ စိတ်ဖိစီးမှုနဲ့ စိတ်သောကကို ပြေလျော့စေတဲ့နေရာမှာ နာမည်ကြီးပါတယ်။ ဒါကြောင့် ပိုမိုကောင်းမွန်စွာအိပ်စက်နိုင်ပြီး ကျန်းမာပျော်ရွှင်တဲ့အရေပြားလေးကို ပိုင်ဆိုင်နိုင်ဖို့ အထောက်အကူပြုနိုင်ပါတယ်။

ပြုလုပ်နည်းကတော့ လာဗင်ဒါဆီကို နားကြပ်တံထိပ်က ဂွမ်းစလေးမှာတင်ပြီး ဝက်ခြံကိုတို့ပေးပါ။ အကောင်းဆုံးကတော့ အိပ်ယာမဝင်ခင် မိနစ်အနည်းငယ်အလိုမှာ လိမ်းပေးတာပါပဲ။ တစ်ညလုံးသိပ်ထား ပေးလိုက်ပြီး မနက်လင်းမှ ရေပြန်ဆေးပေးလိုက်ပါ။ နောက်ပြီး အဲဒီအတိုင်း တစ်ရက်ကို တစ်ကြိမ် (သို့) နှစ်ကြိမ်လုပ်ပေးပါ။

နောက်တစ်ခုကတော့ လာဗင်ဒါဆီ (၇) စက်လောက်ကို လက်ကောက်ဝတ်၊ နားထင်နဲ့ ဂုတ်ပိုးနားမှာ လိမ်းပေးခြင်းက စိတ်ဖိစီးမှုကိုပြေလျော့စေပြီး ဝက်ခြံပျောက်စေဖို့ ခန္ဓာကိုယ်ထဲကဟော်မုန်းတွေကိုလည်း လှုံ့ဆော်ပေးနိုင်ပါတယ်။

Source: DIYremedies

Share

Loading Next Article...
က္က