ဆံကေသာလေးကို သဘာဝအတိုင်းလှပနေအောင် သဘာဝပစ္စည်းလေးတွေနဲ့ပဲ လုပ်လို့ရတယ်ဆိုတာကို သိပါသလား။

ဆံကေသာလေးကို သဘာဝအတိုင်းလှပနေအောင် သဘာဝပစ္စည်းလေးတွေနဲ့ပဲ လုပ်လို့ရတယ်ဆိုတာကို သိပါသလား။ သဘာဝ အော်ဂဲနစ်ပစ္စည်းလေးတွေနဲ့ ဆံကေသာကို ကုစားပေးခြင်းဟာ အသက်အရွယ်ကြီးရင့်လာသည်အထိ ဆံကေသာကိုနဂိုမူရင်းအတိုင်း ကောင်းမွန်နေစေမှာပါ။

 

နောက်တစ်ခုက သဘာဝနည်းအတိုင်းကုသခြင်းက ဆံသားမွှေးညင်းပေါက်တွေကို ပိုမိုခိုင်မာစေပြီး ဆံပင်ကျွတ်ခြင်းကို လျော့နည်းစေတဲ့အပြင် ဆံကေသာကိုလည်း ပိုသန်စေပါတယ်။ အောက်မှာဖော်ပြထားတာကတော့ ဆံပင်သန်စေဖို့အတွက် ငရုပ်ကောင်းမှုန့်ကို အသုံးပြုနည်းပဲဖြစ်ပါတယ်။

အကျိုးကျေးဇူးများ

maxresdefault.jpg 

ငရုပ်ကောင်းမှုန့်မှာ ဗိုက်တာမင် အေ၊ စီ၊ ဖလာဗိုနွိုက် (flavonoids)၊ ကာရိုတန်နွိုက် (carotenoids) နဲ့ အခြား antioxidant တွေပါဝင်ပါတယ်။ ဒါက သူ့မှာ ကြီးထွားနှုန်း မြန်ဆန်စေတဲ့ဂုဏ်သတ္တိနဲ့ ဗောက်ကို တိုက်ဖျက်နိုင်တဲ့ဂုဏ်သတ္တိ ပါဝင်တယ်လို့ အဓိပ္ပာယ်ရပါတယ်။

နောက်တစ်ခုက ငရုပ်ကောင်းမှုန့်မှာ ဇီဝကမ္မလုပ်ဆောင်မှုတွေကို ဆဲလ်တစ်လုံးချင်းစီအထိ လှုံ့ဆော်ပေးတဲ့ အစွမ်းသတ္တိလည်း ပါရှိပါတယ်။ နောက်ပြီး သူဟာ ဆံပင်အမြစ်ထိတိုင်အောင် သွေးစီးကြောင်းကိုလှုံ့ဆော်ပေးနိုင်တဲ့အတွက် ဆံပင်ထွက်နှုန်းကိုလည်း မြန်ဆန်စေပါတယ်။ ဗောက်ပြဿနာတွေအတွက်ဆိုရင်လည်း သူဟာ ဗောက်ပြောက်စေတဲ့ အစွမ်းလည်းရှိပါတယ်။

နောက်ပြီး ငရုပ်ကောင်းမှုန့်ကိုသာ ဦးရေပြားပေါ်မှာ ပုံမှန်သုံးပေးမယ်ဆိုရင် အရေပြားမွေးညင်းပေါက်လေးတွေထိ ကြံ့ခိုင်စေပြီး ဆံပင်ကျွတ်ခြင်းကိုလည်း လျော့ကျစေပါတယ်။ ဦးရေပြားပေါ်က အဆိပ်အတောက်တွေကိုလည်း ရှင်းလင်းပေးနိုင်ပါတယ်။

ပြုလုပ်နည်း

IMG_0015.jpg 

ပါဝင်ပစ္စည်းတွေကတော့ ငရုပ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ အုန်းဆီစစ်စစ် လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ကြက်ဆူဆီ လက်ဖက်ရည်ဇွန်း (၁/၂) ဇွန်း တို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်းကတော့ ပန်းကန်လုံးတစ်လုံးထဲမှာ အုန်းဆီနဲ့ ကြက်ဆူဆီကို အရင်ရောထည့်လိုက်ပါ။ ပြီးရင် ငရုပ်ကောင်းမှုန့်ကိုပါထည့်ပြီး ကောင်းကောင်းရောသမမွှေလိုက်ပါ။ ရလာတဲ့အနှစ်ကို ဦးရေပြားပေါ်မှာလိမ်းပေးပြီး မိနစ် အနည်းငယ်ကြာအောင် နှိပ်နယ်ပေးလိုက်ပါ။ (၁၀) မိနစ်လောက် ဒီတိုင်းထားပြီး ခေါင်းလျှော်ရည်နဲ့ ပုံမှန်အတိုင်းလျှော်ပေးလိုက်ပါ။ ဒီပုံစံအတိုင်း တစ်လတစ်ကြိမ် လုပ်ပေးပါ။

သတိပြုရမှာတစ်ခုက ဒီနည်းလမ်းအတိုင်း လုပ်ပြီးရင် ဦးရေပြားတင်းလာသလိုလို ခံစားမှုတစ်ခုကို ရရှိမှာပါ။ ဒါက ပုံမှန်ပါပဲ။ တကယ်လို့ ခံရအရမ်းခက်တယ်ဆိုရသ် နောက်တစ်ကြိမ်ကျရင် ငရုပ်ကောင်းမှုန့် ပမာဏကို နည်းနည်းလျှော့လိုက်ပါ။

Source: theindianspot

Share

Loading Next Article...
က္က