ဗောက်ပျောက်ဆေးတွေ ဘယ်လောက်သုံးသုံး ခဏပဲသက်သာပြီး အမြဲတမ်းလိုလို ပြန်ဖြစ်နေရတာကတော့ ကိုယ်နဲ့ဆိုင်သွားပြီ။

ဦးရေပြားမှာ အဖတ်အဖတ်တွေနဲ့ ကြည့်ရဆိုးပြီး အမြဲတမ်းယားယံနေရတဲ့ ဗောက်ပြဿနာရဲ့ဒုက္ခကို ခံစားဖူးသူမှသိမယ်။ ခေါင်းက အမြဲတမ်းယားယံနေတာ၊ အဖြူဖတ်တွေကလည်း ကွာကျတော့ လူကြားထဲမှာဆို ဂွမ်းတာပဲ။ ဗောက်ပျောက်ဆေးတွေ ဘယ်လောက်သုံးသုံး ခဏပဲသက်သာပြီး အမြဲတမ်းလိုလို ပြန်ဖြစ်နေရတာကတော့ ကိုယ်နဲ့ဆိုင်သွားပြီ။

၁။ အပူပေးပြီးစတိုင်လ်သွင်းတယ်

05-5-reasons-for-dandruff-over-styling.jpg 

ဆံပင်ကို အပူပေးပြီး ဖြောင့်တယ်၊ လိပ်တယ်၊ ကောက်တယ် ခဏခဏပဲ။ ဒီ်တော့ ဦးရေပြားက ခြောက်သွေ့လာပြီး ဆံသားတွေကို အစိုဓာတ်နည်းသွားစေတယ်။ ဦးရေပြားခြောက်သွေ့တော့ အဖတ်တွေလန်ပြီး ဗောက်အဖြစ်နဲ့ ကွာကျလာတယ်လေ။ အပူတွေ သိပ်မသုံးနဲ့နော်။

၂။ အကြွင်းအကျန်တွေ

ခေါင်းကို ဂျဲလ်တွေလူးတယ်၊ စပရေးဖြန်းတယ်ဆိုရင် ခေါင်းလျှော်တိုင်း ပြောင်အောင်လျှော်ရမယ်။ ပြီးတော့ တစ်ပတ်ကို ၂ ကြိမ်၊ ၃ ကြိမ်လောက် လျှော်ပေးမှ ခေါင်းပေါ်တင်ထားတဲ့ ဂျဲလ်၊ စပရေးတွေ ကုန်သွားမှာပါနော်။ အဲ့တာတွေ ဦးခေါင်းမှာ ကပ်နေရင်လည်း ဗောက်ထဖို့ အားပေးသလိုပါပဲ။ ဦးရေပြားလည်း ယားယံတယ်။ ခေါင်းလျှော်ပြီးလို့ ဆံပင်ပေါင်းဆေးလိမ်းရင်လည်း သေသေချာချာပြောင်စင်အောင် ဆေးချဖို့လိုပါတယ်။

၃။ ဓမ္မတာကိစ္စ

1296x728_Dandruff_HEADER.jpg 

ဓမ္မတာကိစ္စကြောင့် ခန္ဓာကိုယ်မှာ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ရပါတယ်။ ဟော်မုန်းတွေ ကမောက်ကမဖြစ်တဲ့အခါ ဗောက်ထခြင်းကိုလည်း ဖြစ်စေပြန်တယ်။

၄။ မှန်ကန်တဲ့ခေါင်းလျှော်ရည်

ဗောက်ထနေတယ်ဆိုရင် ဗောက်ပျောက်ခေါင်းလျှော်ရည်ကို သုံးရမယ်နော်။ ဆံပင်ပျော့ချင်တာပဲ ဦးစားပေးနေလို့မရဘူး။

၅။ အရေပြားခြောက်သွေ့မှု

ayurvedic-dandruff-treatment-in-kerala.jpg 

ဗောက်ထခြင်းရဲ့ အဓိကအကြောင်းရင်းတွေထဲမှာ အရေပြားခြောက်သွေ့ခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်နော်။ အရေပြားမှာ လုံလောက်တဲ့အစိုဓာတ်မရှိတဲ့အခါ ခြောက်သွေ့အက်ကွဲပြီး အဖတ်လေးတွေက ဦးရေပြားမှာ ကပ်ငြိကုန်ပါတယ်။ ဦးရေပြား ခြောက်သွေ့မှုမဖြစ်အောင်လို့ ဆီလေးလိမ်းပြီး နှိပ်ပေးနော်။ ဦးရေပြားမှာ သွေးလည်ပတ်မှုကောင်းရင် ခြောက်သွေ့တာတွေလည်း မဖြစ်တော့လို့ ဗောက်ထတာလည်း သက်သာမှာပါ။

Share

Loading Next Article...
က္က