ဆံပင်တွေကိုနောက်မှာစုပြီး ခေါင်းစည်းကြိုးတစ်ပင်နဲ့ စုစည်းလိုက်ရုံက မရိုးလွန်းဘူးလား။

မိန်းကလေးတွေ ပိုနီတေးလ်ပုံစံ ဆံပင်စည်းရတာကို နှစ်သက်ပါသလား...။ ပိုနီတေးလ်ပုံစံက စည်းရတာလွယ်ကူပြီး တစ်ခုခုလုပ်ရင် ရှေ့ကိုကျလာတတ်တဲ့ဆံပင်တွေကို နောက်ဘက်မှာထိန်းသိမ်းထားပေးတဲ့ အတွက် အလုပ်ချိန်မှာ မိန်းကလေးတွေ စည်းလေ့ရှိတဲ့ပုံစံဖြစ်ပါတယ်။

 

ဒါပေမယ့် ဆံပင်တွေကိုနောက်မှာစုပြီး ခေါင်းစည်းကြိုးတစ်ပင်နဲ့ စုစည်းလိုက်ရုံက မရိုးလွန်းဘူးလား။ ပိုနီတေးလ်စတိုင်လ် ဆန်းဆန်းလေးတွေကိုကော စမ်းမကြည့်ချင်ဖူးချင်လား။ စမ်းသပ်ကြည့်ချင်တယ်ဆိုရင်တော့ ဆက်ဖတ်လို့ရပါပြီ။ အချိန်လည်းသိပ်မပေးရဘဲ တမူထူးခြားတဲ့ ပိုနီတေးလ်စတိုင် ဆံပင်စည်းနည်းလေးတွေကို အောက်မှာဖော်ပြ ထားပါတယ်။

၁။ အထုံးတစ်ထုံး ပိုနီတေးလ်

 

ပုံစံကြည့်ရတာ နည်းနည်းတော့ခက်မယ့်ပုံပါပဲ။ ဒါပေမယ့် ရလဒ်ကိုလည်း တချက်ရှိုးလိုက်ပါဦး။ ဘယ်လိုထင်ပါသလဲ။ ဆံပင်ကို အထုံးလေးဖြစ်သွားအောင် သူ့လမ်းကြောင်းနဲ့သူ ထုံးလိုက်ရုံပါပဲ။ ပုံမှာဖော်ပြ ထားတဲ့အတိုင်း လုပ်ပေးလိုက်ရုံပါပဲ။ ခက်တယ်လို့ထင်ရပေမယ့် လက်တွေ့လုပ်ကြည့်တဲ့အခါ လွယ်ကူနေတာကို တွေ့ရှိရပါလိမ့်မယ်။ စမ်းကြည့်ပါဦး။ ခင်ဗျားနဲ့လိုက်ဖက်ညီနေနိုင်ပါတယ်။

၂။ ခပ်မြင့်မြင့်ထုံးထားတဲ့ ပိုနီတေးလ်

miami-beach-fashion-week-swim-sleek-high-ponytail-nude-makeup-beauty1.jpg 

ဆံပင်ရှည်ရှည် ဖြောင့်ဖြောင့်ကိုပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေဆိုရင် ဒီအရိုးရှင်းဆုံးပိုနီတေးလ်ပုံစံလေးကို စမ်းသပ်ကြည့်နိုင်ပါတယ်။ သတိပြုရမှာတစ်ခုက ပုံထဲမှာပြထားတဲ့အတိုင်း ဆံပင်တွေကို နောက်စေ့နားမှာစုပြီး စည်းထားရမှာဖြစ်တဲ့အတွက် နဖူးဝင်းဝင်းလေးနဲ့ မျက်နှာကတော့ ရှင်းနေအောင်ပေါ်နေမှာပါ။ အချိန်လည်းသိပ်မပေးရတော့ စမ်းကြည့်သင့်ပါတယ်။

၃။ ပူဖောင်းပုံစံ ပိုနီတေးလ်

maxresdefault.jpg 

နာမည်က ပူဖောင်းပုံစံပိုနီတေးလ်လို့ခေါ်ပေမယ့် စတိုးဆိုင်တွေမှာဝယ်စားလို့ရတဲ့ ဆတ်သားခြောက်ကို နှီးစည်းထားသလို ဆံပင်ပုံစံဖြစ်ပါတယ်။ ဒီပုံစံဟာလည်း ဆံပင်ရှည်ထားတဲ့ မိန်းကလေးတွေနဲ့ အထူးလိုက်ဖက်ပါတယ်။ ဒီပုံစံလေးက ဆွဲဆောင်မှုရှိသလို ဒီနေ့ခေတ်မှာ trending လည်းဖြစ်နေတဲ့ပုံစံလေးဖြစ်ပါတယ်။ အပြောင်းအလဲကိုလိုချင်တယ်ဆိုရင်တော့ ဒီပုံစံလေးဟာ မဖြစ်မနေစမ်းသပ်ကြည့် သင့်တဲ့ ဆံပင်ပုံစံလေးတစ်မျိုးပါပဲ။

၄။ ကျစ်ဆံမြီးအရော ပိုနီတေးလ်

Ponytail-4.jpg 

ဒီပုံစံလေးကတော့ ပိုနီးတေးလ်ပုံစံနဲ့ ကျစ်ဆံမြီးကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ လုပ်ပုံလုပ်နည်းကလည်း အလွန်လွယ်ကူပါတယ်။ ပုံစံပိုနီတေးလ်ပုံစံထဲမှာ ကျစ်ဆံမြီးတစ်ချောင်း ကျစ်ထည့်လိုက်ရုံပါပဲ။ ပြုလုပ်ပုံက ရိုးစင်းပေမယ့် ဆံပင်စတိုင်လ်ကတော့ လုံးဝကို တမူထူးခြားသွားပါတယ်။

၅။ လျော့တိလျော့ရဲ ပိုနီတေးလ်

Ponytail-5.jpg 

အချိန်မရှိတဲ့ အမျိုးသမီးတွေအတွက် ပိုနီတေးလ်စတိုင်လ်ပါ။ ရုံးချိန်ကလည်းနီးနေပြီ။ ဆံပင်ကို သေချာသဖို့ အချိန်ကလည်း မရှိတော့ဘူးဆိုရင်တော့ လွယ်ကူရိုးရှင်းတဲ့ ဒီပိုနီတေးလ်ပုံစံလေးကို ပြုလုပ်ဖန်တီးလို့ ရပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ ရှုပ်ပွနေဟန်ပေါက်ပေမယ့် တကယ်ကြည့်လို့ကောင်းတဲ့ ပိုနီတေးလ်ပုံစံမျိုးပါ။

၆။ နှစ်ထပ်ပိုနီတေးလ်

Ponytail-6.jpg 

ဆံပင်ကို ဒီလိုစမ်းစည်းကြည့်ဖို့ စိတ်ကူးဖူးပါသလား။ ရိုးရိုးလေးပါပဲ။ အချိန်ကတော့ (၂) ဆပိုကုန်နိုင်ပေမယ့် ပြီးသွားတဲ့အခါ အချိန်ပေးလိုက်ရတာ ထိုက်တန်တာကို တွေ့ရှိရမှာပါ။ ဒီပိုနီတေးလ်ပုံစံလေးဟာ ဆံပင်စတိုင်လ် (၂) မျိုးကို တစ်ခါတိုင်း ပေါင်းထားလိုက်သလိုပါပဲ။ အရင်ဆုံး ဦးခေါင်းအလည်တည့်တည့်မှာ ပိုနီတေးလ်တစ်ခုစည်းပြီး အောက်မှာ နောက်ထပ်ပိုနီတေးလ်တစ်ခု စည်းရမှာဖြစ်ပါတယ်။ ပေါင်းလိုက်ရင်တော့ (၂) ထပ်ဖြစ်သွားတာပေါ့။ တစ်ခုရှိတာက ဒီပုံစံကိုစမ်းမယ်ဆိုရင် ဆံပင်အုံကောင်းဖို့တော့ လိုပါတယ်။

၇။ ဘေးခွဲ ပိုနီတေးလ်

Ponytail-7.jpg 

မိန်းကလေးတွေဟာ ပိုနီတေးလ်ကို ဘေးခွဲစည်းဖို့ တွေးဖူးမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပိုနီတေးလ်ရဲ့မူရင်းရည်ရွယ်ချက်ကိုက ဆံပင်ကိုစုစည်းဖို့ဖြစ်နေလို့ပါပဲ။ နာမည်ကျော်အဆိုတော် ဆလီနာဂိုးမတ်စ် ပိုနီတေးလ်ကို ဘေးခွဲထားတဲ့စတိုင်လ်ကိုတွေ့ရင် အရမ်းလန်းတယ်ဆိုတာကိုလည်း တွေ့ရှိကြမှာပါ။ ဒါဟာလည်း ပြုလုပ်ရလွယ်ကူပါတယ်။

Source: youngisthan

Share

Loading Next Article...
က္က