ချိုင်းကြားညိုမဲတယ်ဆိုတာ တကယ်တော့ အကြောင်းကြောင်းကြောင့်ဖြစ်နိုင်ပါတယ်။

တစ်ခါတလေမှာ အပြင်သွားဖို့ အင်္ကျ ီရှာရင်း မိန်းကလေးဆန်ဆန် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးဝတ်ချင်လို့ စွပ်ကျယ် ချိုင်းပြတ်အင်္ကျ ီလေးယူပြီး မှန်ရှေ့မှာရပ်လိုက်တယ်။ ဝတ်လိုက်ပြီးမှ ချိုင်းကြားက ညိုမဲနေတာတွေ့လို့ ဗီရိုထဲ ပြန်ပစ်ထည့်လိုက်ရတယ်။ ဒီလိုမျိုးအဖြစ်မျိုးတွေ မိန်းကလေးတွေ ဖြစ်ဖူးမှာပေါ့။ အဲဒီလိုချိုင်းကြားညိုမဲရခြင်းရဲ့အကြောင်းရင်းတွေကို လေ့လာရှောင်ရှားနိုင်အောင် အောက်မှာဖော်ပြပေးထားပါတယ်။

၁။ အမွှေးဖယ်ရှားတဲ့နည်းလမ်းတွေကြောင့်

1.-Hair-Removal-Methods.jpg 

အမျိုးသမီးတွေ အမွှေးဖယ်ရှားဖို့အတွက် အသုံးအများဆုံးနည်းလမ်းတွေကတော့ ဂျုတ်သုံးပြီးရိတ်တာနဲ့ အမွှေးကျွတ်ဆေးခရင်မ်တွေ သုံးတာပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီနည်းလမ်းတွေက လွယ်ကူတဲ့ နာကျင်မှု မရှိဘူးလေ။ အမှန်တကယ်တော့ အဲဒီနည်းလမ်း (၂) မျိုးလုံးက ချိုင်းကြားတွေကိုမဲစေနိုင်ပါတယ်။ ဂျုတ်သုံးပြီးအမွှေးရိတ်ခြင်းဟာ ဖယောင်းသုံးပြီး အမွှေးဖယ်ရှားခြင်းလို အရေပြားဆဲလ်သေတွေနဲ့ မွှေးညှင်းပေါက်ပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ခြင်းမရှိပါဘူး။ အမွှေးကျွတ်ဆေးတွေ သုံးတာကျတော့ ဓာတုပစ္စည်းပါဝင်မှုတွေကြောင့် ချိုင်းကြားကို ညိုမဲစေပါတယ်။

၂။ ကျပ်ထုပ်နေတဲ့အင်္ကျ ီတွေကြောင့်

2.-Friction-From-Clothes.jpg 

ကျပ်ထုပ်နေတဲ့အင်္ကျ ီတွေဟာ ခန္ဓာကိုယ်အပေါ်ပိုင်းက အလှတရားတွေကိုဖော်ပြပေးနိုင်ပေမယ့် ချိုင်းကြားတွေအတွက်တော့ သိပ်မကောင်းပါဘူး။ ချွေးထွက်တဲ့အချိန်မှာ အင်္ကျ ီတွေက ကျပ်ထုပ်နေရင် ပွတ်တိုက်မိပြီး ချိုင်းကြားညိုမဲစေနိုင်ပါတယ်။ အင်္ကျ ီကျပ်ကျပ်တွေကြောင့်ဖြစ်တဲ့ စိုထိုင်းမှုတွေရယ်၊ အချိန်ပြည့်ပွတ်တိုက်နေမှုတွေရယ် ပေါင်းစပ်လိုက်တဲ့အချိန်မှာ ချိုင်းကြားတွေကို ညိုမဲစေပါတယ်။ ဒါတွေကို ရှောင်ရှားဖို့ ပေါ့ပေါ့ပါးပါး အဝတ်အစားတွေကိုပဲ တတ်နိုင်သမျှရွေးချယ်သင့်ပါတယ်။

၃။ ဆဲလ်သေတွေစုပုံလာလို့

အရေပြားဆဲလ်တွေကလည်း အသစ်တွေဝင်လာ၊ အဟောင်းတွေထွက်သွားနဲ့ အမြဲလဲနေတာပါ။ အဲဒီလိုလဲလှယ်ရာမှာ ချွေးပေါက်တွေထဲမှာ ဆဲလ်သေတွေပိတ်ဆို့နေတဲ့အခါ ချိုင်းကြားကအရေပြား ညိုမဲလာ တတ်ပါတယ်။ အဲဒီအတွက် အကောင်းဆုံးကတော့ exfoliate လို့ခေါ်တဲ့ ဆဲလ်လဲလှယ်တာပါပဲ။ Exfoliation လုပ်လို့ရတဲ့ scrub လေးတွေလည်း ဆိုင်တွေမှာ ဝယ်ယူလို့ရပါတယ်။

၄။ ပိုးဝင်လို့

4.-Infection.jpg 

မှိုရောဂါဖြစ်နိုင်သလို ဘက်တီးရီးယားပိုးမွှားတွေကူးစက်တာလည်း ဖြစ်နိုင်ပါတယ်။ ပွေးပေါက်တာလိုမျိုး မှိုရောဂါတွေဟာ ချိုင်းအောက်မှာလည်း ဖြစ်နိုင်ပါတယ်။ ချွေးထွက်လွန်ခြင်းဟာ အဏုဇီဝပိုးမွှားလေးတွေ များပြားလာစေပြီး ပွေးရောဂါဆီ ဦးတည်နိုင်ပါတယ်။ အဲဒီကမှ ချိုင်းကြားမဲခြင်းကို ဦးတည်နိုင်ပါတယ်။

၅။ ဟော်မုန်းအပြောင်းအလဲဖြစ်လို့

ကိုယ်ဝန်ဆောင်ချိန်နဲ့ အပျိုဖော်ဝင်ချိန်လို ဟော်မုန်းပြောင်းလဲတဲ့အချိန်တွေမှာ ခန္ဓာကိုယ်ရဲ့တချို့အစိတ်အပိုင်းတွေမှာ အရောင်ပြောင်းလဲတတ်တာကို တွေ့ရှိရပါတယ်။ အထူးသဖြင့် ချိုင်းကြားထဲမှာပေါ့။ အဲဒီဖြစ်စဉ်ကို melasma လို့ခေါ်ပြီး အရောင်ခြယ်ဆဲလ်တွေ မညီမျှခြင်းကြောင့် ဖြစ်ပွားရပါတယ်။ အဲဒီလိုဟော်မုန်းတွေ မညီမျှခြင်းကြောင့် ချိုင်းကြားအရေပြားညိုမဲမှု တွေလည်း ဖြစ်ပေါ်ရပါတယ်။

Source: stylecraze

Share

Loading Next Article...
က္က