One way ထောင်တာတွေ ခေတ်စားတုံးကလည်း one way လိုက်ထောင်ကြ၊ အီမိုကေတွေခေတ်စားတုံးကလည်း အီမိုကေတွေ လိုက်ညှပ်ကြနဲ့ပါ။

Paris Fashion Week (ပဲရစ်ဖက်ရှင်ဝိခ်) ဆိုတာ ကမ္ဘာပေါ်မှာသြဇာကြီးမားတဲ့ နာမည်ကြီးဖက်ရှင်ရှိုးတစ်ခုဖြစ်ပါတယ်။ နောက်ဆုံးအကြိမ် ပဲရစ်အမျိုးသားဝတ်အထည်တွေပြသတဲ့ ဖက်ရှင်ရက်သတ္တပတ်မှာတော့ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဖက်ရှင်ဒီဇိုင်းတွေကိုသာမက trending ဖြစ်လာမယ့် အမျိုးသားဆံပင်ပုံစံတွေကိုပါ ဖော်ထုတ်ပြသခဲ့ပါတယ်။

 

အားလုံးလည်းသိတဲ့အတိုုင်းပဲ ဆံပင်ကေခုတ်တဲ့ ဒီဇိုင်းဆိုတာလည်း အမြဲလိုလို ပြောင်းလဲနေတာပါ။ One way ထောင်တာတွေ ခေတ်စားတုံးကလည်း one way လိုက်ထောင်ကြ၊ အီမိုကေတွေခေတ်စားတုံးကလည်း အီမိုကေတွေ လိုက်ညှပ်ကြနဲ့ပါ။ ပဲရစ်ဖက်ရှင် ရက်သတ္တပတ်လိုနေရာမှာ trend ဖြစ်ခဲ့တဲ့ အမျိုးသားဆံပင်ကေတွေဟာ ဒီမှာလည်း ခေတ်စားမလာနိုင်ပါဘူးလို့ ဘယ်သူမှမပြောနိုင်ပါဘူး။

၁။ Dark Blond hair (ရွှေအိုရောင်ဆံပင်ကေ)

blond-hair.jpg 

Balmain ဖက်ရှင် house က မော်ဒယ်တွေဟာ ဒီရွှေအိုရောင်ခပ်ညစ်ညစ်ဆံပင်ပုံစံနဲ့ မော်ဒယ်ရှိုးကို အသက်ဝင်စေခဲ့ပါတယ်။ Balmain ရဲ့ ဆံကေသာပညာရှင် Nabil Harlow က ဒီဆံပင်ကေရဲ့နောက်ကွယ်က ဖန်တီးကြိုးကိုင်သူပါပဲ။ ပဲရစ်ဖက်ရှင်ရှိုးရဲ့ နာမည်ကျော် မော်ဒယ်တစ်ဦးဖြစ်တဲ့ Pietro Baltazar ကလည်း ဒီဆံပင်ပုံစံနဲ့အတူ သူ့ရဲ့စတိုင်ကျလှပတဲ့ ဖက်ရှင်ကို ဖော်ထုတ်ပြသ သွားခဲ့ပါတယ်။

၂။ Bowl cut (ပန်းကန်လံုံးပုံစံ ဆံပင်ကေ)

bowl-cut.jpg 

၈၀ ပြည့်နှစ်တုံးက ဆံပင်ပုံစံဟာလည်း တစ်ခေတ်ပြန်လည်လာမယ်လို့ ဘယ်သူထင်ထားမလဲ။ ဒါပေမယ့် ဒီဆံပင်ပုံစံလေးကတော့ ပြန်လာခဲ့ပါတယ်။ ဆံပင်ပုံစံက ပန်းကန်လုံုးတစ်လုံးကို ခေါင်းပေါ်မှာ မှောက်ထားသလိုပါပဲ။ ဒီဆံပင်ပုံစံလေးက ထိန်းသိမ်းပြုပြင်ရ လွယ်ကူသလို မျက်နှာကျကို ပိုမိုပေါ်လွင်စေတဲ့ ဆံပင်ဒီဇိုင်းလန်းလန်းလေးဖြစ်ပါတယ်။ အရောင်ခပ်လန်းလန်းနဲ့တွဲလိုက်ရင်တော့ အရမ်းကို မိုက်သွားပါပြီ။

၃။ Wavy hairstyle (လှိုင်းတွန့်တွေနဲ့ ဆံပင်ကေ)

wavevy.jpg 

Dior Homme ရဲ့မော်ဒယ်တွေဟာ နာမည်ကျော်ဒီလှိုင်းတွန့်ပုံစံ ဆံပင်ကေနဲ့ ပွဲထွက်လာခဲ့ကြပြီး ဒီဆံပင်ပုံစံလေးကတော့ သူတို့ကို လူငယ်ဆန်ဆန် သွက်လက်ပေါ့ပါးသလို ပုံပေါ်စေပါတယ်။ နောက်ပြီး ဒီလိုပုံစံလေးက ဘယ်တော့မှရိုးသွားမယ့် ပုံစံလေးမဟုတ်ပါဘူး။

၄။ Bowl cut with a variation (ပန်းကန်လုံးပုံစံ နောက်တစ်မျိုး)

bowl-cut-1-1-635x400.jpg 

ပန်းကန်လုံးပုံစံ ဆံပင်ကေက ဖက်ရှင်ရှိုးကို စိုးမိုးသွားချိန်မှာ Paul Smith ရဲ့မော်ဒယ်တွေကတော့ ပူတင်းပန်းကန်ပုံစံ ဆံပင်ကေနဲ့ ပွဲတက်လာတာကို သတိထားမိခဲ့ကြပါတယ်။ သူတို့ရဲ့ ဆံပင်ကေကတော့ ပန်းကန်လုံးပုံစံကေကိုပဲ နည်းနည်းမွမ်းမံထားတဲ့ပုံစံ ဖြစ်ပါတယ်။ ဆံမြိတ်တွေကအစ လုံးဝန်းတဲ့ပုံပေါ်နေပြီး သူတို့ရဲ့အဝတ်အစားတွေနဲ့လည်း လိုက်ဖက်အောင် စီစဉ်ထားပါတယ်။

၅။ Fringes that curl (ဆံမြိတ်ခွေခွေလေးတွေ)

curly-fringe.jpg 

ပဲရစ် အမျိုးသားဝတ် ဖက်ရှင်ရှိုးမှာပြသခဲ့ပြီး ယောကျ်ားလေးတွေရဲ့ဆံပင်ဒီဇိုင်းအမြင်တွေကို အာရုံဖမ်းစားခဲ့တဲ့ နောက်ထပ်ဆံပင်ကေ တစ်မျိုးကတော့ ဆံမြတ်ခွေခွေလေးတွေချထားတဲ့ ကေပါပဲ။ ဒီ ဆံပင်ကေကို ပြသခဲ့တာကတော့ Hermes ရဲ့မော်ဒယ်တွေဖြစ်ပြီး ဆံနွယ်ခွေခွေကောက်ကောက်လေးတွေ မျက်နှာပေါ်ကျလာတဲ့ပုံစံက မျက်နှာကျကို အကောင်းဆုံးပုံဖော်ပေးနိုင်ခဲ့ပါတယ်။

Source: youngisthan

Share

Loading Next Article...
က္က