မမအေးသောင်းရဲ့ဆံပင်လေးလို နက်မှောင်ပြီး ဖြောင့်စင်းနေတဲ့ဆံကေသာလေးတွေဟာ မြန်မာဝတ်စုံနဲ့လည်းလိုက်ဖက်ပြီး ကြည့်ရတာလည်း မျက်စိပသာဒရှိစေပါတယ်။

မမအေးသောင်းရဲ့ဆံပင်လေးလို နက်မှောင်ပြီး ဖြောင့်စင်းနေတဲ့ဆံကေသာလေးတွေဟာ မြန်မာဝတ်စုံနဲ့လည်းလိုက်ဖက်ပြီး ကြည့်ရတာလည်း မျက်စိပသာဒရှိစေပါတယ်။

Photo Credit: Aye Thaung Facebook

 

အဲဒီလို ဆံကေသာမျိုးကို လိုချင်လို့ဆိုပြီး ဈေးကြီးပေးရတဲ့ အလှကုန်ပစ္စည်းတွေကိုပဲ အားမကိုးပါနဲ့ဦး။ မီးဖိုချောင်ထဲက ပျားရည်တစ်ဘူးနဲ့တင် ဆံကေသာကိုအကျိုးဖြစ်စေမယ့် သဘာဝပေါင်းဆေးလေးတွေကို ဖော်စပ်လို့ရပါတယ်။

၁။ ပျက်ဆီးနေတဲ့ဆံသားတွေကို ပျားရည်သုံးပြီးကုစားနည်း

Egg-Mayonnaise-And-Honey-Mask4.jpg 

ဒီနည်းလမ်းလေးကတော့ ခြောက်သွေ့ပွယောင်းပြီး ပျက်ဆီးနေတဲ့ဆံကေသာကို နက်မှောင်သန်စွမ်းလာစေတဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ်။ ပြုလုပ်နည်းလေးကတော့ ပန်းကန်လုံးတစ်လုံးထဲမှာ ကြက်ဥနဲ့ လုပ်ထားတဲ့ မရောနိစ် (လက်ဖက်ရည်ဇွန်းနဲ့) တစ်ဇွန်းရယ်၊ ပျားရည် (၂) ဇွန်းရယ်၊ ဗိုက်တာမင်အီး အဆီ အစက်အနည်းငယ်ရယ်၊ သံပုရာရည် (၁) ဇွန်းရယ်ကို ရောထည့်လိုက်ပါ။ ဆံပင်ကို ရေအရင်စွတ်ပြီး ဒီ ပေါင်းဆေးလေးကို ခေါင်းပေါ်မှာသုတ်လိမ်းပေးလိုက်ပါ။ (၁၅) မိနစ်လောက်နှပ်ထားပေးပြီးမှ ရေနွေးလေးနဲ့ပြန်ဆေးချပေးလိုက်ပါ။ ဒါဆိုရင်တော့ ပြန်လည်နက်မှောင်သန်စွမ်းလာတဲ့ ဆံကေသာကို မြင်တွေ့နိုင်ပါပြီ။

၂။ ဆံကေသာသန်စွမ်းစေဖို့ ပျားရည်နဲ့ ကြက်ဆူဆီ

honey-and-castor-oil.jpg 

ကြက်ဆူဆီကတော့ ဆံသားအမြစ်ထိ အစိုဓာတ်ရရှိစေနိုင်ပြီး ဆံကေသာပိုစွမ်းသန်စွမ်းစေဖို့ အာဟာရဓာတ်ကိုလည်း ဖြည့်စွမ်းပေးပါတယ်။ ဒီသဘာဝပေါင်းဆေးလေးမှာ ဆံကေသာအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ပြည့်နေတဲ့အတွက် ဆံသားပါးတဲ့သူတွေအတွက်တော့ အထူးသင့်လျော်ပါတယ်။

ပြုလုပ်နည်းကတော့ ပန်းကန်လုံးတစ်လုံးထဲမှာ ရှားစောင်းလက်ပတ်အနှစ် (လက်ဖက်ရည်ဇွန်းနဲ့) (၂) ဇွန်းရယ်၊ ကြက်ဆူဆီ (၁) ဇွန်းရယ်၊ အော်ဂဲနစ်ပျားရည် (၂) ဇွန်းရယ်ကို ရောလိုက်ပါ။ ပြီးရင် သမအောင် ရောမွှေလိုက်ပါ။ ပြီးရင် ကြက်သီးနွေးရုံလောက် ရေနွေးလေးနဲ့ ဆံပင်ကိုဆေးပေးလိုက်ပါ။ ပြီးရင်တော့ ဒီပေါင်းဆေးလေးကို ခေါင်းလျှော်ရည်လိုသဘောထားပြီး ခေါင်းပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ (၁၀) မိနစ် လောက်ဒီတိုင်းထားပြီးရင် ကြက်သီးနွေးရုံလောက် ရေနွေးလေးနဲ့ပဲ ပြန်လည်ဆေးပေးလို့ရပါပြီ။

၃။ ပျော့ပြောင်းနူးညံ့တဲ့ဆံကေသာအတွက် ပျားရည်နဲ့ ဂရိဒိန်ချဉ်

yogurt.jpg 

ဂရိဒိန်ချဉ်ဆိုတာ သကာရည်ထုတ်ပြီးသားဒိန်ချဉ်ကိုပြောတာပါ။ ဂရိဒိန်ချဉ်ကို ပျားရည်နဲ့ရောစပ်လိုက်တာက ဆံသားကို ပုံမှန်သန်စွမ်းစေပြီး လက်ရှိအခြေအနေကိုလည်း ကောင်းစွာထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ဗောက်ကင်းစင်စေတဲ့ အစွမ်းသတ္တိလည်း ပါဝင်ပါသေးတယ်။

ပြုလုပ်နည်းကတော့ ပန်းကန်လုံးတစ်လုံးထဲမှာ ဂရိဒိန်ချဉ် (လက်ဖက်ရည်ဇွန်းနဲ့) (၁) ဇွန်း၊ အော်ဂဲနစ်ပျားရည် (၂) ဇွန်းတို့ကိုရောပြီး သမသွားသည်အထိ ရောမွှေပေးလိုက်ပါ။ ဆံပင်အရှည်ပေါ်မူတည်ပြီး ပမာဏကိုတိုးသင့်တိုး၊ လျှော့သင့်လျှော့လုုပ်နိုင်ပါတယ်။ ပြီးရင်တော့ ဆံပင်ပေါ်မှာသုတ်လိမ်းပေးလို့ရပါပြီ။ နာရီဝက်လောက်ထားပြီးရင်တော့ ရေနွေးလေးနဲ့ပြန်ဆေးပေးလို့ရပါပြီ။

Source: theindianspot

Share

Loading Next Article...
က္က