ဒီသတင်းသာအမှန်ဆိုရင်တော့ မိန်းကလေးတွေအတွက်တော့ ဝမ်းသာစရာပဲဗျို့။

မိန်းကလေးတိုင်းရဲ့အိမ်မက်ထဲမှာ မိမိတို့ကိုဘဝလုံခြုံမှုပေးနိုင်တဲ့ ရွှေမင်းသားလေးတွေ ကိုယ်စီရှိကြမှာပါပဲ။ အားကိုးရလောက်တဲ့ ယောကျ်ားဆိုတာ ရုပ်ချောရင်ချော၊ မချောရင် အရည်အချင်းရှိ၊ အရည်အချင်းမရှိရင် ပိုက်ဆံချမ်းသာ... တစ်ခုခုတော့ ရှိရမှာပါ။

အဲဒီ (၃) မျိုးလုံး ပြည့်စုံနေတဲ့သူတွေဆိုရင်တော့ အတိုင်းထက်အလွန်ပဲပေါ့။ အောက်မှာဖော်ပြထားတဲ့ စာရင်းက ကမ္ဘာကျော် ရုပ်အဖြောင့်ဆုံး ဘီလျံနာတွေပဲ ဖြစ်ပါတယ်။

၁၀။ Drew Houston

drew-houston-turned-a-lost-usb-drive-into-a-10-billion-business-and-learned-a-lot-about-life-along-the-way.jpg 

ပိုင်ဆိုင်မှု- ဒေါ်လာ (၁) ဘီလျံ (သန်း (၁၀၀၀) )

၁၉၈၃ ခုနှစ်မှာ အမေရိကန်နိုင်ငံ၊ မန်ဆာချူးဆက်ပြည်နယ်၊ Acton မြို့မှာဖွားမြင်ခဲ့တဲ့ Houston ရဲ့အောင်မြင်မှုဇာတ်လမ်းဟာ သူ့အဖေက သူ့အတွက် ကွန်ပျူတာတစ်လုံးဝယ်ပေးရာက စခဲ့ပါတယ်။ အဲဒီကွန်ပျူတာနဲ့ပဲ သူဟာ ကွန်ပျူတာပရိုဂရမ်တွေရေးဖို့ Programming ပညာရပ်ကို လေ့လာသင်ယူခဲ့ပါတယ်။

Houston ဟာ ၂၀၀၅ ခုနှစ်မှာ မန်ဆာချူးဆက် နည်းပညာသိပ္ပံကနေ ကွန်ပျူတာသိပ္ပံနဲ့ ဘွဲ့ရခဲ့ပြီး အဲဒီမှာပဲ သူ့ရဲ့လုပ်ငန်းပါတနာ ဖြစ်လာမယ့် Arash Ferdowsi ကို တွေ့ဆုံခင်မင်ခဲ့ပါတယ်။ သူတို့ (၂) ယောက်ဟာ နာမည်ကျော် အွန်လိုင်း file sharing ဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ Dropbox ကို ပူးတွဲတည်ထောင်ခဲ့ကြပါတယ်။ အသက် (၂၈) နှစ်အရွယ်မှာ Houston ဟာ (Ferdowsi နဲ့အတူ) Inc မဂ္ဂဇင်းရဲ့ အသက် (၃၀) အောက် ကမ္ဘာ့အအောင်မြင်ဆုံး စွန့်ဦးတီထွင်လုပ်ငန်းရှင် အယောက် (၃၀) စာရင်းဝင်ခဲ့ပါတယ်။

၉။ John Collison

170320-youngest-billionaire-john-collison-stripe.jpg 

ပိုင်ဆိုင်မှု- ဒေါ်လာ (၁.၁) ဘီလျံ (သန်း (၁၁၀၀) )

အိုင်ယာလန်နိုင်ငံသား John နဲ့ သူ့အစ်ကို Patrick တို့ဟာ Stripe ဆိုတဲ့ အွန်လိုင်းငွေပေးခြေမှု ဝန်ဆောင်မှုလုပ်ငန်းကို ပူးတွဲ တည်ထောင်နိုင်ခဲ့တဲ့အတွက် လူသိများပါတယ်။ သူတို့ညီအစ်ကို (၂) ယောက်ရဲ့ အောင်မြင်မှုလမ်းကြောင်းဟာလည်း ၂၀၀၇ ခုနှစ် မှာ စတင်ခဲ့ပါတယ်။ အဲဒီတုံးကဆို John ရဲ့အသက်ဟာ (၁၇) နှစ်ပဲရှိပါသေးတယ်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာတော့ Collison ညီအစ်ကိုဟာ ကိုယ့်အားကိုယ်ကိုးပြီး ဘီလျံနာဖြစ်လာခဲ့တဲ့ အငယ်ဆုံးပုဂ္ဂိုလ်တွေအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ နောက်ထပ်အံ့ဖွယ်တစ်ချက်ကတော့ John ဟာ လေယာဉ်မှူးတစ်ဦးဖြစ်သလို စန္ဒယားတီးလည်း ကျွမ်းကျင်ပါတယ်တဲ့။ Just wow ပါပဲ။

၈။ Yoshikazu Tanaka

GREE.jpg 

ပိုင်ဆိုင်မှု- ဒေါ်လာ (၁.၁) ဘီလျံ (သန်း (၁၁၀၀) )

တိုကျိုမြို့သားလေး Tanaka ဟာ ဂျပန်စီးပွားရေးလုပ်ငန်းရှင်နဲ့ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်ပြီး GREE ဆိုတဲ့ လူမှုကွန်ရက်တစ်ခုကို ထူထောင်ခဲ့တဲ့အတွက် နာမည်ကြီးပါတယ်။ သူဟာ အသက် (၂၆) နှစ် အရွယ်မှာ GREE ကို ဝါသနာအရ စတင်ထူထောင်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ပြည်သူလူထုအသုံးပြုနိုင်အောင် ဖွင့်ပေးခဲ့ပါတယ်။ အဲဒီနှစ်ရဲ့မတ်လမှာတော့ သုံးစွဲသူ (၁) သောင်း ကျော်လာခဲ့တဲ့အတွက် သုံးစွဲသူတွေကို ဝန်ဆောင်မှုပေးနိုင်ဖို့ဆိုပြီး GREE, Inc., ဆိုတဲ့ကုမ္မဏီကို တည်ထောင်ခဲ့ရပါတယ်။

၂၀၁၀ ခုနှစ် ဇွန်လမှာတော့ ကုမ္မဏီဟာ တိုကျိုစတော့ရှယ်ယာအိတ်ချိန်းမှာ နံပါတ်တစ်ချိတ်ခဲ့တဲ့အတွက် Tanaka ဟာ ဂျပန်နိုင်ငံမှာ အသက်အငယ်ဆုံးနဲ့ ဒီလိုပန်းတိုင်မျိုးကို ရရှိခဲ့တဲ့ ပထမဆုံးသူ ဖြစ်လာခဲ့ပါတယ်။

၇။ Jack Dorsey

DorseyJackTEDetroit.jpg 

ပိုင်ဆိုင်မှု- ဒေါ်လာ (၁.၃) ဘီလျံ (သန်း (၁၃၀၀))

ဒီနေ့ခေတ်ကြီးထဲမှာ Facebook နဲ့ Twitter ကိုတော့ မသိတဲ့သူရှိမယ်မထင်ပါဘူး။ Jack Dorsey ဟာ Twitter ရဲ့ CEO နဲ့ ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်ပါတယ်။ Dorsey ဟာ အမေရိကန်နိုင်ငံ၊ မစ်ဆူရီပြည်နယ်၊ St Louis မှာ မွေးဖွားကြီးပြင်းခဲ့ပါတယ်။ နယူးရော့ခ်တက္ကသိုလ်မှာ ဘွဲ့မရသေးတဲ့ကျောင်းသားဘဝတည်းက Dorsey ဟာ လူတစ်စု အချင်းချင်းဆက်သွယ်နိုင်တဲ့ SMS ဝန်ဆောင်မှုတစ်ခု ပြုလုပ်ဖို့ အိုင်ဒီယာကို ထုတ်ဖော်ပြသခဲ့ပါတယ်။ 

အဲဒီဝန်ဆောင်မှုဟာ နောက်ပိုင်းမှာ ကျွန်တော်တို့နှစ်သက်ရတဲ့ Twitter ဖြစ်လာပါတော့တယ်။ သူဟာ မိုဘိုင်းလ်ငွေချေမှု ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Square ကိုလည်း ပူးတွဲတည်ထောင်ခဲ့ပါသေးတယ်။

၆။ Gustavv Magnar Witzoe

01Gustav-Magnar-Witzoe1.jpg 

ပိုင်ဆိုင်မှု- ဒေါ်လာ (၁.၆) ဘီလျံ (သန်း (၁၆၀၀) )

Gustavv Magnar Witzoe ကတော့ Salmar ASA ဆိုတဲ့ ကမ္ဘာပေါ်မှာအကြီးမားဆုံး ဆယ်လ်မွန်ငါး ဖြန့်ဖြူးရောင်းချသူ ကုမ္မဏီရဲ့ ရှယ်ယာ (၄၇) ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ ဒီပိုင်ဆိုင်မှုတွေဟာ သူ့ရဲ့ဖခင် Gustav Witzoe ဆီက အမွေရထားတာ ဖြစ်ပါတယ်။ ကုမ္မဏီကို ၁၉၉၁ ခုနှစ်တုံးက Witzoe Sr. က စတင်ထူထောင်ခဲ့ပြီး အခုချိန်ထိလည်း သူကိုယ်တိုင်ပဲ ဦးစီးအုပ်ချုပ်နေပါသေးတယ်။

အသက် (၂၃) နှစ်အရွယ် နောဝေးလူမျိုး ဘီလျံနာလေးဟာ အိမ်ခြံမြေလုပ်ငန်းမှာ ကိုယ်တိုင်လုပ်ကိုင်နေသလို နည်းပညာကုမ္မဏီတွေမှာလည်း ရင်းနှီးမြှုပ်နှံသူအဖြစ် လုပ်ကိုင်နေပါသေးတယ်။ သူ့ကို ကမ္ဘာပေါ်မှာ အရည်အချင်းပြည့်ဝတဲ့ လူပျိုတစ်ဦးအဖြစ်လည်း အသိအမှတ်ပြုထားကြပါတယ်။

၅။ Tom Persson

cor-Thom_HM.jpg 

ပိုင်ဆိုင်မှု- ဒေါ်လာ (၂.၁) ဘီလျံ (သန်း (၂၁၀၀) )

အသက် (၃၂) နှစ်အရွယ် ဆွီဒင်လူမျိုး သန်းကြွယ်သူဌေးလေး Persson ကတော့ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးနဲ့ နာမည်အကြီးဆုံး ဖက်ရှင် brand တွေထဲက တစ်ခုဖြစ်တဲ့ H&M ရဲ့ အမွေဆက်ခံသူ ဖြစ်ပါတယ်။ ကုမ္မဏီကိုတော့ သူ့ရဲ့အဘိုးဖြစ်သူ Erling Persson က ၁၉၄၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။

လန်ဒန်မြို့ Met ရုပ်ရှင်ကျောင်းဆင်းတစ်ဦးဖြစ်တဲ့ Tom ဟာ အခုချိန်မှာ ရုပ်ရှင်လုပ်ငန်းတွေလုပ်ကိုင်နေပြီး ဆွီဒင်နိုင်ငံမှာလည်း ကုမ္မဏီတော်တော်များများကို တည်ထောင်ခဲ့ပါတယ်။

၄။ Julio Mario Santo Domingo III

1478010527-gettyimages-535748210.jpg 

ပိုင်ဆိုင်မှု- ဒေါ်လာ (၂.၄) ဘီလျံ (သန်း (၂၄၀၀) )

ကိုလမ်ဘီယာနိုင်ငံမှာ ဖွားမြင်ခဲ့တဲ့ Julio Mario Santo Domingo III ဟာ လက်ရှိအချိန်မှာ နယူးရော့ခ်မြို့မှာနေထိုင်တဲ့ DJ တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့အဘိုးဖြစ်သူဟာ Bavaria ဘီယာလုပ်ငန်းကို စတင် တည်ထောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဘီယာလုပ်ငန်းကြီး SABMiller က ကမ်းလှမ်းတဲ့ ရှယ်ယာ (၁၅) ရာခိုင်နှုန်းကိုယူပြီး ပူးပေါင်းလိုက်ပါတယ်။ သူ့အဘိုးဆုံးတော့ Julio Mario ရယ်၊ သူ့အစ်မ Tatiana Carisaghi ရယ်၊ ဦးလေးတော်သူ Alejandro နဲ့ Andres တို့ဟာ SABMiller ရဲ့ ရှယ်ယာတွေကို အသီးသီးပိုင်ဆိုင်ခဲ့ပြီး ဘီလျံနာတွေကိုယ်စီ ဖြစ်လာခဲ့ကြပါတယ်။

၃။ Robert Pera

8122693f5c0abd77ddb9479229eef2fa.jpg 

ပိုင်ဆိုင်မှု- ဒေါ်လာ (၃) ဘီလျံ (သန်း (၃၀၀၀) )

၁၉၇၈ ခုနှစ်မှာ ဖွားမြင်ခဲ့တဲ့ Robert Pera ဟာ Ubiquiti Networks ကို တည်ထောင်ခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။ အိုင်တီလောကသား တွေနဲ့ networking သမားတွေကတော့ Ubiquiti ဆိုတဲ့ ကုန်ပစ္စည်းကို ကောင်းကောင်းသိကြမှာပါ။ ဟိုတယ်တွေ၊ လေဆိပ်တွေ၊ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေမှာ နံရံပေါ်မှာကပ်ထားလို့ရတဲ့ ဝိုင်ဖိုင်လွှင့်စက်လေးတွေဟာ Ubiquiti အမှတ်တံဆိပ်နဲ့ ဖြစ်နေဖို့များပါတယ်။ Robert Pera ဟာ အမေရိကန်နိုင်ငံအခြေစိုက် Ubiquiti ဆိုတဲ့ နည်းပညာကုမ္မဏီကို စတင်တည်ထောင်ခဲ့ပြီး သူ့ရဲ့ကုမ္မဏီဟာ ကြိုးမဲ့ဝိုင်ယာလက်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချရာက နာမည်ကြီးပါတယ်။

Pera ဟာ အထက်တန်းကျောင်းသားဘဝတည်းက သူ့ရဲ့ပထမဦးဆုံး ကုမ္မဏီကို စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေအတွက် networking နဲ့ database ဝန်ဆောင်မှုတွေကို ရောင်းချခဲ့ပါတယ်။ နောက်ပိုင်းမှာ ကယ်လီဖိုးနီးယား တက္ကသိုလ်ကို တက်ရောက်ခဲ့ပြီး Electrical Engineering နဲ့ Master ဘွဲ့ရခဲ့သလို ဂျပန်ဘာသာစကားမှာလည်း ဘွဲ့တစ်ခုရခဲ့ပါတယ်။ ဘွဲ့ရပြီးတော့ Apple ကုမ္မဏီမှာ အလုပ်ဝင်လုပ်ခဲ့ပြီး Ubiquiti ကိုတော့ ၂၀၀၅ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ သူဟာ ၂၀၁၂ ခုနှစ် ကတည်းက Memphis Grizzlies ဘက်စကက်ဘော အသင်းကိုလည်း ဝယ်ယူခဲ့ပါတယ်။

၂။ Bobby Murphy

large_76765086-7bf5-4540-acee-a363bdfe530f.jpg 

ပိုင်ဆိုင်မှု- ဒေါ်လာ (၄) ဘီလျံ (သန်း (၄၀၀၀) )

Snapchat သုံးဖူးပါသလား။ သုံးဖူးရင်တော့ Snapchat ရဲ့ ပူးတွဲတည်ထောင်သူ Bobby Murphy ကိုလည်း သိမှာပါ။ သူဟာ Evan Spiegel, Reggie Brown တို့နဲ့ ပူးပေါင်းပြီး စတန်းဖို့ထ်တက္ကသိုလ် ကျောင်းသားဘဝကတည်းက Snapchat ကို စတင် တည်ထောင်ခဲ့ပါတယ်။ Snapchat တည်ထောင်ခဲ့တာ ၂၀၁၁ ခုနှစ်တုံးကပါ။

အခုချိန်မှာ အသက် (၂၉) နှစ်ရှိပြီဖြစ်တဲ့ ဖိလစ်ပိုင်-အမေရိကန်ကပြားလေး Murphy ဟာ လက်ရှိအချိန်မှာ ကယ်လီဖိုးနီးယား ပြည်နယ်၊ Venice က ဒေါ်လာ (၂.၁) သန်းတန် အိမ်ကြီးမှာ နေထိုင်နေပါတယ်။ Murphy ဟာ လူသိရှင်ကြားသိပ်မနေတတ်ဘဲ low profile နေတတ်တဲ့အတွက် သူ့ရဲ့ပုဂ္ဂိုလ်ရေးဘဝအကြောင်းကိုတော့ သိပ်မသိရပါဘူး။

၁။ Travis Kalanick

577126e252bcd023008cbed8-2400.jpg 

ပိုင်ဆိုင်မှု- ဒေါ်လာ (၆.၃) ဘီလျံ (သန်း (၆၃၀၀) )

Travis Kalanick ကတော့ ဒီစာရင်းထဲမှာ အသက်အကြီးဆုံး ဘီလျံနာဖြစ်ပြီး ထိပ်ဆုံးနေရာကိုရောက်လာခဲ့တာကတော့ ချောမောခန့်ညားတဲ့ရုပ်ရည်နဲ့ အကြီးမားဆုံး ဘဏ်စာရင်းကို ပိုင်ဆိုင်ထားလို့ပါပဲ။ Travis Kalanick ဟာ ၁၉၇၆ ခုနှစ်က Los Angeles မှာ ဖွားမြင်ခဲ့ပေမယ့် ကယ်လီဖိုးနီးယားပြည်နယ် Northridge မှာ ကြီးပြင်းခဲ့ပါတယ်။

သူဟာ ကယ်လီဖိုးနီးယား တက္ကသိုလ်မှာ ကွန်ပျူတာ အင်ဂျင်နီယာ ပညာရပ်ကိုတက်ရောက်သင်ကြားခဲ့ပေမယ့် နောက်ပိုင်းမှာ ကျောင်းထွက်ပြီး အွန်လိုင်း file sharing ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Scour ကိုလည်း အာရုံစိုက်လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်တုံးကတော့ သူဟာ မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ ဒေါ်လာ သန်း (၂၅၀) လျော်ကြေးပေးရမှာစိုးပြီး ဒေဝါလီခံဖို့ ဆုံးဖြတ်ခဲ့ပါသေးတယ်။

အခုချိန်မှာတော့ သူ့ကို Uber (ကမ္ဘာကျော် တက်စီဝန်ဆောင်မှု ကုမ္မဏီ) ရဲ့ ပူးတွဲတည်ထောင်သူအဖြစ် သိထားကြပါတယ်။ ဒါပေမယ့် ၂၀၁၇ ခုနှစ် ဇွန်လတုံးက ကုမ္မဏီတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် တွေကြောင့် သူဟာ CEO နေရာကနေ ဆင်းပေးခဲ့ရပါတယ်။

Source: careeraddict

Share

Loading Next Article...
က္က