အေးချမ်းတည်ငြိမ်တဲ့အလှက ဘာနဲ့မှ ယှဉ်လို့မရပါဘူး။

ကိုယ့်လူမျိုး၊ ရိုးရာဝတ်စုံတွေကို လူတိုင်းပဲ နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ ဒါက ရိုးရာယဉ်ကျေးမှုကို လက်ဆင့်ကမ်းထိန်းသိမ်းရာလည်း ရောက်တယ်လေ။ မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့တော့ မြန်မာဝတ်စုံလေးတွေ ဝတ်ရတာ သဘောကျကြမှာပါ။ အမြဲတမ်း ရင်ဖုံးနဲ့လုံချည် ဝတ်နေလို့ အဆင်မပြေချိန်တွေလည်းရှိတယ်။ ပူအိုက်လွန်းတဲ့ ရာသီတွေမှာဆိုရင်ပေါ့လေ။ ဒါပေမဲ့ မြန်မာဝတ်စုံလေး ဝတ်ထားတိုင်းမှာတော့ မိန်းကလေးတိုင်းဟာ လှနေကြတာပါပဲ။

ပထမဆုံးအနေနဲ့ ခံစားမိတာက ကိုယ့်စိတ်ထဲမှာ ကျေနပ်နှစ်သက်မှု ရလာတာပဲ ဖြစ်ပါတယ်။ မြန်မာဝတ်စုံလေး ဝတ်ထားတယ်၊ သပ်သပ်ရပ်ရပ်လေး ဖြစ်နေတယ်ဆိုရင် ကိုယ့်စိတ်ခံစားချက်ကိုက ကောင်းမွန်နေတာ။ တခြားဝတ်စုံတွေ ဝတ်ထားတာနဲ့မတူဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရလာတယ်လေ။ "မြန်မာဝတ်စုံဝတ်ထားတဲ့အခါမှာ ကိုယ့်ရဲ့ စိတ်ကိုကနည်းနည်းယဉ်သွားတယ်လို့ ပြောရမယ်။ မြန်မာမိန်းကလေးတစ်ယောက်ရဲ့စိတ်ကိုလည်း ခံစားမိတယ်" လို့လည်း အသက် ၂၅ နှစ်အရွယ် မိန်းကလေးတစ်ယောက်က သူမရဲ့ခံစားချက်ကို ပြောပြတယ်။

 

ဒါကြောင့်မို့လို့လည်း လူကြီးတွေ၊ အထက်အရာရှိတွေနဲ့ တွေ့ဖို့ဆိုရင် သပ်သပ်ရပ်ရပ် ချုပ်လုပ်ထားတဲ့ မြန်မာဝတ်စုံလေးကို ရွေးဝတ်ကြတယ်မဟုတ်လား။ ယောက္ခမလောင်းတွေနဲ့ တွေ့ရမယ်ဆို ပထမဆုံးအကြိမ်မှာတော့ မြန်မာဝတ်စုံလေးဝတ်ပြီး အမှတ်ယူလို့ရတယ်။

မြန်မာဝတ်စုံလေးတွေကို ဝတ်မယ်ဆိုရင် ကိုယ့်ရဲ့ကိုယ်တိုင်းလေးနဲ့ ချုပ်ဝတ်တာကမှ အဆင်ပြေတယ်။ ဒီတော့ ခန္ဓာကိုယ်အလှလေးလည်း ပေါ်လွင်တယ်လေ။ လှချင်ရင် မြန်မာဝတ်စုံလေးတွေ သေသေချာချာဝတ်လို့ ပြောရမယ်။ တော်ရုံမလှတဲ့လူတောင် ယဉ်ယဉ်လေးဖြစ်သွားတော့ ကျက်သရေရှိတဲ့အလှလေးဟာ ဘာနဲ့မှမတူပါဘူး။

 

နောက်တစ်ခုကတော့ အမြဲတမ်း မြန်မာဝတ်စုံဝတ်နေသူတွေဟာ ကိုယ့်ခန္ဓာကိုယ်ကိုလည်း သတိထားဖြစ်တယ်။ ဒါကတော့ အိမ်ထောင်မကျမီ အပျိုလေးတွေ၊ အပျိုကြီးတွေဆို ပိုသိမှာပါ။ ဗိုက်ခေါက်ထွက်လာရင်၊ လက်ပြင်က အဆီတွေထွက်လာရင် မြန်မာဝတ်စုံဝတ်တော့ ပိုသိသာတယ်။ ကိုယ်ကလည်း မြန်မာဝတ်စုံကြိုက်တော့ ခန္ဓာကိုယ်မှာ အဆီပိုတွေမတက်အောင် သတိထားဖြစ်သွားရောလေ။ မဒီပရိသတ်ကြီးရော.... မြန်မာဝတ်စုံလေးတွေ ဝတ်ဖြစ်ရဲ့လား?


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က