ဆယ်လ်မွန်ငါးကလည်း အသားအရေလှပစေတယ်။

နုပျိုခြင်းဆိုတာ လူတိုင်းမက်မောတဲ့အရာပါပဲနော်။ အသက်လေး ၃၀ ကျော်လာပြီဆို မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်လာလို့ စိတ်ညစ်ရတာနဲ့၊ အသားအရေခြောက်သွေ့လာတာနဲ့ စလာပြီ။ ကမ္ဘာကျော်ဆယ်လီအမျိုးသမီးတွေထဲမှာ အသက် ၃၀ ကျော် ၊ ၄၀ ဝန်းကျင်ရောက်တာတောင် နုပျိုနေသူတွေလည်း ရှိတာပေါ့။ သူတို့ရဲ့ အသားအရေနုပျိုစေမယ့် လျှို့ဝှက်ချက်တွေကိုရော မသိချင်ဘူးလား။

၁။ ကိတ်မစ်ဒယ်လ်တန်

072917-anti-aging_kate_middleton.jpg 

ဗြိတိန်တော်ဝင်မင်းသား ဝီလျံရဲ့ ကြင်ယာတော် ကိတ်မစ်ဒယ်လ်တန်ဟာ တည်ငြိမ်တဲ့အလှပိုင်ရှင်ဖြစ်ပါတယ်။ ကလေးနှစ်ဦးရသည့်တိုင်အောင် သူမရဲ့အသားအရေ၊ အသွင်အပြင်က ပေါ့ပါးနုပျိုနေဆဲပါ။ သူမရဲ့ နုပျိုခြင်းလျှို့ဝှက်ချက်ကတော့ ရေနွေးဝတ်လေးနဲ့ မျက်နှာကို exfoliate လုပ်ပေးတာ ဖြစ်ပါတယ်။

၂။ ဆယ်လ်မာ ဟေးယဲ့ (Salma Hayek)

072917-anti-aging_salma_hayek.jpg 

သူမရဲ့မျက်နှာလေး ကြည်လင်နေရတာကတော့ DIY မျက်နှာကြေးချွတ်ပေါင်းတင်ဆေးကြောင့်လို့ဆိုတယ်။ အိမ်တွင်းမှာ ကိုယ်တိုင်လုပ် သဘာဝပေါင်းတင်နည်းလေးတွေကိုသုံးလေ့ရှိသူပါ။ ပြီးတော့ နေရောင်ကာလူးဆေးကိုလည်း အမြဲလူးပါတယ်။

၃။ ဗစ်တိုးရီးယားဘက်ခမ်း

072917-anti-aging_victoria_beckham.jpg 

ဗစ်တိုးရီးယားရဲ့ ပင်ကိုယ်အသားအရေက ပြဿနာပေါင်းစုံရှိတဲ့ အသားအရေမျိုးပါ။ လော့စ်အန်ဂျလိစ်အခြေစိုက် အရေပြားနဲ့အလှအပရေးရာဆရာဝန် ဒေါက်တာ ဟာရိုး လန်ဆာနဲ့ သွားရောက်ပြသတဲ့အခါ ဟာရိုးက သူမကို ဆယ်လ်မွန်ငါး နေ့တိုင်းစားဖို့ တိုက်တွန်းခဲ့ပါတယ်။ အကျိုးရလဒ်ကတော့ ဗစ်တိုးရီးယားရဲ့ အသားအရေ ကောင်းမွန်လာပြီး အစက်အပျောက်မရှိ၊ တင်းရင်းလာတာပါပဲ။

Share

Loading Next Article...
က္က