မျက်လုံးအိမ်လေး ကျယ်ချင်ရင် အရောင်လင်းတဲ့ အဖြူ/အပြာရောင်ကို ခြယ်ရတယ်ဟုတ်။

မိတ်ကပ်အကြောင်း ရေးထားတဲ့ ဝက်ဘ်ဆိုက်တွေမှာဆို မျက်လုံးလေး ပိုကြီးသွားအောင် ဘယ်လိုလိမ်းမလဲဆိုတာတွေပဲ ဖတ်နေရတယ်။ မျက်လုံးပြူးပြုးလေး ဖြစ်နေလို့ ကျဉ်းသွားအောင် ဘယ်လိုလိမ်းရမလဲလို့ လာလာမေးကြတဲ့ မဒီလေးတွေအတွက် ဒါလေးကို ရေးပေးလိုက်တာပါနော်။

၁။ မျက်ခုံးမွေး

groom-your-brows-to-eyes-look-smaller.jpg 

မျက်ခုံးမွေးကို ဂရုစိုက်ပါ။ ပုံသွင်းပေးဖို့လိုပါတယ်။ နှုတ်တာ၊ ရိတ်တာ၊ ညှပ်တာ ကြိုက်တဲ့နည်းကိုသုံးပြီး ပုံသွင်းထားပါ။ မျက်ခုံးမွေးလေးလည်း ထင်ပေါ်နေအောင်ဆွဲပေးရမယ်။ ဒီလိုဆို မျက်လုံးပြူးတာထက် မျက်ခုံးလှတာကိုပဲ ကြည့်တဲ့သူက စိတ်စွဲမြင်ယောင်လာမှာလေ။

၂။ မျက်လုံးကျဉ်းအောင်

Tightline-your-eyes-to-look-smaller.jpg 

တကယ့်အသက်... အရေးအကြီးဆုံးအပိုင်းကတော့ လိုင်နာ၊ ကာဂျယ်ပဲ။ မျက်လုံးအိမ်လေး ကျယ်ချင်ရင် အရောင်လင်းတဲ့ အဖြူ/အပြာရောင်ကို ခြယ်ရတယ်ဟုတ်။ ပြောင်းပြန်အနေနဲ့တော့ မျက်လုံးကျဉ်းအောင်ဆိုရင် အတွင်းပိုင်းကို အနက်ရောင်ခြယ်ပေးလိုက်ပါ။

၃။ အိုင်းရှဲဒိုး

darker-eyeshadow-to-eyes-look-smaller.jpg 

အိုင်းရှဲဒိုးကိုလည်း အရောင်ရင့်တာ၊ မှိုင်းတာ သုံးပေးရပါတယ်။ အညိုရင့်ရင့်အိုင်းရှဲဒိုးကိုတော့ မျက်ခွံအပြင်ထောင့်စွန်းကို ခြယ်ပေးပါ။ အတွင်းဘက်အရောင်နဲ့ blend လုပ်ပေးရပါမယ်။ အလင်းပြန်တာနည်းတဲ့ အိုင်းရှဲဒိုးမျိုးကို ဆိုးခြင်းက မျက်ခွံပိုကြီးသွားသလို ထင်ရစေပါတယ်။

၄။ Cat Eye

cat-eye-makeup-to-eyes-look-smaller.jpg 

မျက်လုံးထောင့်စွန်းမှာ အိုင်းလိုင်နာလေးနဲ့ အစွယ်လေးထုတ်လိုက်ပါ။ ကိုယ့်ရဲ့မျက်လုံးက အယ်လ်မွန်စေ့လို ရှည်ရှည်လေးဖြစ်သွားမယ့် အစွယ်လေးတော့ ဖြစ်ပါစေ။ ညဘက်လိမ်းမယ်ဆိုရင်တော့ အိုင်းလိုင်နာကို ထူထူဆွဲပစ်လိုက်ပါနော်။

၅။ အောက်မျက်တောင်

applying-mascara-on-lower-lashes-to-eyes-look-smaller.jpg 

မျက်တောင်ကော့ဆေးသုံးရင် အပေါ်မျက်တောင်ကိုသာမက အောက်ကမျက်တောင်တွေကိုလည်း ဆိုးပေးပါ။ မျက်လုံးပြူးတာကို သေးသလိုဖြစ်အောင် ညှိပေးလိုက်ရာရောက်သွားပါတယ်။

Source : Beautiful

Share

Loading Next Article...
က္က