ဘယ်သူမဆို လှပတဲ့အပြုံးလေးတွေ၊ ရယ်မောခြင်းလေးတွေကို ရဲရဲဝံ့ဝံ့ထုတ်ပြချင်မှာပါ။

သွားတိုက်ဆေးကြော်ငြာတွေထဲမှာ တွေ့ဖူးမှာပေါ့။ မော်ဒယ်လှလှလေးတွေက ဖြူဝင်းတောက်ပတဲ့သွားလေးတွေနဲ့ ပြုံးပြတာမျိုးလေ။ ဘယ်သူမဆို လှပတဲ့အပြုံးလေးတွေ၊ ရယ်မောခြင်းလေးတွေကို ရဲရဲဝံ့ဝံ့ထုတ်ပြချင်မှာပါ။ မိမိရဲ့သွားတွေက မညီမညာနဲ့၊ အရောင်တွေကလည်း ဝါထိန်၊ သွားပိုးတွေလည်း စားနေမယ်ဆိုရင် ဘယ်လိုလုပ်ပြီး မိမိကိုယ်ကိုယ်ယုံကြည်မှု ရှိနိုင်ပါ့မလဲ။

 

တကယ်တော့ ဖြူစင်လှပတဲ့ သွားလေးတွေဆိုတာ ကျန်းမာရေးကောင်းခြင်းနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဖော်ထုတ်ပြသနေတဲ့ အရာတွေပဲဖြစ်ပါတယ်။ ဘယ်လိုအရာတွေက သွားအပေါ်ယံကြွေလွှာတွေကို ထိခိုက်စေပြီး အရောင်ပြောင်းလဲခြင်းတွေကို ဖြစ်စေလဲဆိုတော့....

၁။ မျိုးရီုးဗီဇ

သွားကြွေလွှာရဲ့အရောင်က အဖြူရောင်ဖြစ်ပေမယ့် သွားကြွေလွှာအောက်က dentine လို့ခေါ်တဲ့ သွားကို ဖွဲ့စည်းထားတဲ့ အရာဝတ္ထုကတော့ အဝါရောင်ဖြစ်နေတတ်ပါတယ်။ တကယ်လို့ သွားကြွေလွှာက dentine ထက်ပါးနေမယ်ဆိုရင် အထဲက အဝါရောင်က ကြွေလွှာကိုဖောက်ပြီး သွားပေါ်နေတတ်ပါတယ်။ အဲဒီမှာ သွားတွေဝါထိန်ခြင်းဆိုပြီး ဖြစ်လာရပါတော့တယ်။ နောက်ပြီး ဒါဟာ ကြီးထွားဖွံ့ဖြိုးချိန်မှာ အဆိပ်အတောက်တွေနဲ့ထိတွေ့မှုတွေ၊ အာဟာရမပြည့်ဝမှုတွေနဲ့လည်း သက်ဆိုင်နေနိုင်ပါတယ်။

၂။ အစားအသောက်

2.-Food.jpg 

တချို့အစားအသောက်တွေက သွားကြွေလွှာပေါ်မှာ အရောင်ပြောင်းလဲခြင်းတွေကို ဖြစ်စေပါတယ်။ အဲဒီထဲမှာ လက်ဖက်ရည်၊ ကော်ဖီ၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ၊ ဝိုင်ဖြူ၊ ဝိုင်နီ၊ ဆိုဒါပါတဲ့ အချိုရည်တွေနဲ့ သကြားလုံးတွေပါဝင်နေပါတယ်။ သွားကြွှေလွှာမထိခိုက်စေချင်ရင် ဒီအစားအသောက်တွေစားပြီးတိုင်း သွားသေချာပြန်တိုက်ပေးသင့်ပါတယ်။

၃။ အတွင်းလှိုက်စားခြင်း

ခံတွင်းထဲမှာ ပိုးဝင်ခြင်း (သို့) သွားရောဂါတချို့ကလည်း သွားကြွေလွှာအရောင်ပြောင်းခြင်းနဲ့ သွားဝါခြင်းတွေကို ဖြစ်စေပါတယ်။ နောက်ပြီး တချို့ ဓာတုကုထုံးတွေက ဓာတ်ရောင်ခြည်သင့်ခြင်း၊ ပိုးသတ်ဆေးတွေ၊ အချိုရည်တွေ၊ ဓာတ်မတည့်ရောဂါပျောက်ဆေးနဲ့ အချို့ဆေးဝါးတွေကလည်း သွားအရောင်ပြောင်းစေတဲ့ အကြောင်းရင်းတချို့ပဲဖြစ်ပါတယ်။

၄။ အဖျော်ယမကာတွေ

4.-Drinks-And-Beverages.jpg 

တချို့အပူ၊ အအေး အဖျော်ယမကာတွေနဲ့ အရောင်ပါတဲ့ သောက်စရာတွေ (ဥပမာ... cocktail) တွေကလည်း သွားကြွေလွှာကို အရောင်ပြောင်းလဲစေနိုင်ပါတယ်။ နောက်ပြီး တချို့ဝိုင်တွေကို ပမာဏ အတိုင်းအတာတစ်ခုထိ သောက်မယ်ဆိုရင်လည်း သွားကိုအရောင်ပြောင်းစေနိုင်ပါတယ်။

၅။ ဆေးလိပ်သောက်ခြင်း

5.-Bad-Habits.jpg 

ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးငုံခြင်းတွေကလည်း သွားကျန်းမာရေးကို ထိခိုက်စေတဲ့ အချက်တချို့ပါပဲ။ နစ်ကိုတင်းနဲ့ tar လိုမျိုးအရာဝတ္ထုတွေ ပါဝင်တဲ့ ဆေးလိပ်၊ စီးကရက်နဲ့ ဆေးရွက်ကြီးတို့ဟာ သွားကို ထိခိုက်ပျက်ဆီးစေရုံတစ်ခုတည်းမဟုတ်ပါဘူး။ ခံတွင်းကင်ဆာကိုလည်း ဖြစ်စေနိုင်ပါတယ်။

၆။ ကွမ်းစားခြင်း

DSC6831.jpg 

သူကလည်း ဆေးလိပ်သောက်ခြင်းလိုပါပဲ။ ကွမ်းရွက်၊ ထုံး၊ ကွမ်းသီးနဲ့ ဗမာဆေးတို့ကို ပေါင်းစပ်ထားတဲ့ကွမ်းယာကို ပုံမှန်ဝါးခြင်းဟာ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေရုံသာမက ခံတွင်းကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ အထူးသဖြင့် သွားကြွေလွှာကို နီရဲခြင်း၊ ညိုမဲခြင်းဖြစ်စေနိုင်လို့ အထူးရှောင်ကြဉ်သင့်ပါတယ်။

၇။ သွားကျန်းမာရေးဂရုမစိုက်ခြင်း

7.-Brush-Your-Teeth.jpg 

သွားပုံမှန်မတိုက်ခြင်း၊ flossing (သွားခြစ်ခြင်း) ကို ပုံမှန်မလုပ်ပေးခြင်းဟာလည်း ခံတွင်းကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါတင်မက သွားကြွေလွှာတွေရဲ့ ဖြူစင်မှုကိုလည်း အနှောင့်အယှက် ပေးနိုင်ပါတယ်။ ဒါကြောင့် သွားပုံုမှန်တိုက်ပေးသင့်သလို အပြင်သွားရင်လည်း Mouthwash (ခံတွင်းသန့်စင်ဆေး) ဘူးလေး ဆောင်ထားသင့်ပါတယ်။

Source: Stylecraze

Share

Loading Next Article...
က္က