ဖြူဖွေးတောက်ပတဲ့သွားတန်းလေးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အိမ်သုံး/ မီးဖိုချောင်သုံးပစ္စည်းလေးတွေနဲ့ ဖန်တီးယူလို့ ရပါတယ်။

သန့်ရှင်းဖြူဖွေးတဲ့သွားတွေက တစ်ကိုယ်ရည်သန့်ရှင်းမှုကောင်းမွန်ခြင်းကို ဖော်ထုတ်ပြသနိုင်တဲ့ အချင်းအရာတစ်မျိုးပဲဖြစ်ပါတယ်။ ဖြူဖွေးတောက်ပတဲ့သွားတန်းလေးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အိမ်သုံး/ မီးဖိုချောင်သုံးပစ္စည်းလေးတွေနဲ့ ဖန်တီးယူလို့ ရပါတယ်။

သင်စိတ်ဝင်စားနိုင်တဲ့အကြောင်းအရာ (သွားတွေ ဘာကြောင့်ဝါရသလဲ)

 

၁။ စတော်ဘယ်ရီသီးအနှစ်

1.-Strawberry-Pulp.jpg 

ထူးဆန်းတယ်လို့ခံစားရပါသလား။ တကယ်တော့ စတော်ဘယ်ရီသီးအနှစ်က သွားတွေ အရောင်ဝါထိန်ခြင်းကို လျှော့ချပေးရာမှာ အာနိသင်အလွန်ထိရောက်ပါတယ်။ မုန့်ဖုတ်ဆိုဒါမှုန့်နည်းနည်းကို စတော်ဘယ်ရီသီးအနှစ်ထဲမှာ ထည့်လိုက်ပါ။ ပြီးရင် သမအောင်ရောမွှေပေးလိုက်ပါ။ သွားတိုက်တံအဟောင်းတစ်ချောင်းကိုယူပြီး အဲဒီအနှစ်ကို သွားပေါ်မှာသွားတိုက်ဆေးလို သုတ်လိမ်းပေးလိုက်ပါ။ အဲဒီအတိုင်း (၅) မိနစ် လောက်ထားပေးလိုက်ပြီးမှ ရေနဲ့ပြန်ဆေးပေးလိုက်ပါ။ ပြီးရင်တော့ သွားတိုက်ဆေးနဲ့ပဲ ပြန်တိုက်ပေးလိုက်ပါ။

၂။ ခရမ်းချဉ်သီးအစိမ်း အနှစ်

ခရမ်းချဉ်သီးအစိမ်းတစ်လုံးကိုယူပြီး ထောင်းလိုက်ပါ။ ပြီးရင် သွားပေါ်မှာ တစ်ပတ်တစ်ကြိမ်လောက် လိမ်းပေးလိုက်ပါ။ ဒါပေမယ့် ခရမ်းချဉ်သီးအစိမ်းမှာ အက်ဆစ်ဓာတ်များတာကြောင့် လိုအပ်တာထက် ပိုမလုပ်မိဖို့တော့ လိုအပ်ပါတယ်။

၃။ လက်ဖက်ပင်အဆီ

25-Uses-for-Tea-Tree-Oil-Keeper-of-the-Home-feat.jpg 

လက်ဖက်ပင်အဆီကတော့ သွားတွေကို သိသိသာသာဖြူဖွေးစေတဲ့ ပါဝင်ပစ္စည်းတစ်မျိုးပါပဲ။ လက်ဖက်ပင်အဆီကို သုံးဖို့အတွက် အရင်ဆုံး သွားတိုက်လိုက်ပါ။ ပြီးရင် လက်ဖက်ပင်အဆီ အစက်နည်းနည်းကို ဆေးကြောပြီးသား သွားတိုက်တံတစ်ချောင်းပေါ်မှာ တင်ပြီး သွားကိုညင်သာစွာ ဖိပေးလိုက်ပါ။ ပြီးရင်တော့ ပါးစပ်ကိုရေနဲ့ပြန်ဆေးကြောပေးလိုက်ပါ။ ခံတွင်းထဲမှာ လန်းဆန်းသွားတယ်လို့ ခံစားရပြီး ပြောင်းလဲမှုတွေကိုလည်း ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ တွေ့မြင်ရမှာပါ။

၄။ လိမ္မော်သီးအခွံ/ သံပုရာသီးအခွံ

(Citrus) ရှောက်၊ သံပုရာမျိုးဝင်အသီးတွေရဲ့အတွင်းဘက် အဖြူရောင်အခွံတွေမှာ သွားကိုဖြူဖွေးစေတဲ့ အာနိသင်ရှိပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေကဆိုထားတာကတော့ အသီးရဲ့ အက်ဆစ်ပါဝင်မှုက ဘေးထွက်ဆိုးကျိူးလည်းရှိနိုင်ပါတယ်တဲ့။ ဒါကြောင့် အသုံးမပြုခင် ပါးစပ်ကိုအရင်ဆေးကြောပြီးမှ အသုံးပြုသင့်ပါတယ်။

၅။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်

CIMG3523.jpg 

မုန့်ဖုတ်ဆိုဒါအနည်းငယ် (ဇွန်းအသေးတစ်ချောင်းနဲ့ တစ်ဇွန်းစာခန့်) နဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ပျော်ရည် အနည်းငယ်ကို ရောလိုက်ပါ။ ပြီးရင် သွားတိုက်တံနဲ့ အသာလေးတို့ပြီး သွားကိုတိုက်ပေးလိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ် (၂) ကြိမ် အသုံးပြုနိုင်ပါတယ်။ အဲဒီနေရာမှာ အချိုးအစားကိုတော့ တစ်ချက်သတိထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အရမ်းပြင်းသွားရင် သွားအပေါ်ယံကြွေလွှာကို ထိခိုက်စေနိုင်လို့ပါပဲ။ နောက်တစ်ခုက ကလေးတွေမှာအသုံးပြုဖို့ မသင့်လျော်ဘဲ အသက် (၁၈) နှစ် ကျော်ပြီးမှသာ အသုံးပြုသင့်ပါတယ်။

Source: stylecraze

Share

Loading Next Article...
က္က